ဘရာဇီးလ်အသင်းကို,ကိုင်တွယ်ဖို့ အန်ဆယ်လော့တီ သဘောတူညီမှုရရှိ

ရီးယဲလ်အသင်း ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီဟာ တောင်အမေရိက

ထိပ်သီးဘရာဇီးလ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ သဘောတူညီမှု
ရသွားပြီဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

အသက်(၆၃)နှစ်အရွယ်ရှိပြီဖြစ်သူ အီတလီနာမည်ကျော်နည်းပြ
အန်ဆယ်လော့တီဟာ ရီးယဲလ်နဲ့လမ်းခွဲမယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး
အသင်းက,ကစားသမားတချို့ကို အသိပေးခဲ့တယ်လို့ ဂျာနယ်လစ်တစ်ဦး
ဖြစ်သူ ဘရူနိုဗီကာရီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အန်ဆယ်လော့တီအနေနဲ့ ဒီရာသီကုန်ကျရင် ဘရာဇီးလ်အသင်း
နည်းပြသစ် အဖြစ် စတင်ဆောင်ရွက်သွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်း
ထွက်ပေါ်နေပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်

နွေရာသီမှာ အန်ဆယ်လော့တီကို (၃)နှစ်စာချုပ်,ချုပ်ဆိုသွားမှာဖြစ်ပြီး
၂၀၂၆ ကမ္ဘာ့ဖလားအထိ တာဝန်ပေးသွားမှာဖြစ်သလို နှစ်ဦးနှစ်ဖက်
ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ESPN က သုံးသပ်ခဲ့ပါတယ်။

နည်းပြဘဝတစ်လျှောက် ချန်ပီယံလိဂ်(၄)ကြိမ်အပါအဝင် စီးရီးအေ၊
လာလီဂါ၊ ပရီးမီးယားလိဂ်စတဲ့ အဓိကဆုဖလားတွေအများကြီး ပိုင်ဆိုင်ခဲ့သူ
အန်ဆယ်လော့တီဟာ လက်ရွေးစင်အသင်းကို တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးဘဲ
အီတလီအသင်းလက်ထောက်နည်းပြအဖြစ် ၁၉၉၂ ကနေ ၁၉၉၅ ခုနှစ်အထိ

ဆောင်ရွက်ခဲ့တာပဲရှိခဲ့ပါတယ်။

အဲဒါကြောင့် သတင်းထွက်နေသလို အမှန်တကယ်ဖြစ်လာမယ်ဆိုရင်

ဘရာဇီးလ်အသင်းဟာ အန်ဆယ်လော့တီရဲ့ နည်းပြဘဝတစ်လျှောက်
ပထမဆုံးကိုင်တွယ်မယ့် လက်ရွေးစင်အသင်းဖြစ်လာမှာပါ။

[Zawgyi]

ရီးယဲလ္အသင္း ဝါရင့္နည္းျပႀကီး အန္ဆယ္ေလာ့တီဟာ ေတာင္အေမရိက
ထိပ္သီးဘရာဇီးလ္အသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ဖို႔ သေဘာတူညီမႈ
ရသြားၿပီဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။

အသက္(၆၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီတလီနာမည္ေက်ာ္နည္းျပ
အန္ဆယ္ေလာ့တီဟာ ရီးယဲလ္နဲ႔လမ္းခြဲမယ္ဆိုတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး
အသင္းက,ကစားသမားတခ်ိဳ႕ကို အသိေပးခဲ့တယ္လို႔ ဂ်ာနယ္လစ္တစ္ဦး
ျဖစ္သူ ဘ႐ူႏိုဗီကာရီက သတင္းထုတ္ျပန္ခဲ့ပါတယ္။

အန္ဆယ္ေလာ့တီအေနနဲ႔ ဒီရာသီကုန္က်ရင္ ဘရာဇီးလ္အသင္း
နည္းျပသစ္ အျဖစ္ စတင္ေဆာင္႐ြက္သြားဖို႔ရွိတယ္ဆိုတဲ့ သတင္းေတြလည္း

ထြက္ေပၚေနပါတယ္။ ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လာမယ့္
ေႏြရာသီမွာ အန္ဆယ္ေလာ့တီကို (၃)ႏွစ္စာခ်ဳပ္,ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး
၂၀၂၆ ကမာၻ႔ဖလားအထိ တာဝန္ေပးသြားမွာျဖစ္သလို ႏွစ္ဦးႏွစ္ဖက္
ပုဂၢိဳလ္ေရးသေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီလို႔ ESPN က သုံးသပ္ခဲ့ပါတယ္။

နည္းျပဘဝတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္(၄)ႀကိမ္အပါအဝင္ စီးရီးေအ၊
လာလီဂါ၊ ပရီးမီးယားလိဂ္စတဲ့ အဓိကဆုဖလားေတြအမ်ားႀကီး ပိုင္ဆိုင္ခဲ့သူ
အန္ဆယ္ေလာ့တီဟာ လက္ေ႐ြးစင္အသင္းကို တစ္ခါမွ မကိုင္တြယ္ခဲ့ဖူးဘဲ

အီတလီအသင္းလက္ေထာက္နည္းျပအျဖစ္ ၁၉၉၂ ကေန ၁၉၉၅ ခုႏွစ္အထိ
ေဆာင္႐ြက္ခဲ့တာပဲရွိခဲ့ပါတယ္။

အဲဒါေၾကာင့္ သတင္းထြက္ေနသလို အမွန္တကယ္ျဖစ္လာမယ္ဆိုရင္
ဘရာဇီးလ္အသင္းဟာ အန္ဆယ္ေလာ့တီရဲ႕ နည္းျပဘဝတစ္ေလွ်ာက္
ပထမဆုံးကိုင္တြယ္မယ့္ လက္ေ႐ြးစင္အသင္းျဖစ္လာမွာပါ။