ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်းဒရစ်ကို PSG ၊ ဘာစီလိုနာ၊ ချယ်လ်ဆီးတို့ထက် လက်ဦးမှုယူပြီး ရီးယဲလ်ခေါ်ယူ

ရီးယဲလ်အသင်းဟာ ဥရောပထိပ်သီးကလပ်တွေ အပြိုင်ပစ်မှတ်ထားနေကြတဲ့

ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူစာချုပ်နိုင်ပြီလို့ တရားဝင်
သတင်းထုတ်ပြန်ခဲ့ပြီး အန်ဒရစ်ဟာ ၂၀၂၄၊ ဇူလိုင်လကျရင် ရီးယဲလ်ဆီ ပြောင်းရွှေ့ဖို့
ရှိပါတယ်။

အသက်(၁၆)နှစ်သာရှိသေးတဲ့ ပါလ်မီးရပ်စ်အသင်း လူငယ်တိုက်စစ်ကစားသမား
အန်းဒရစ်ကို ဘာစီလိုနာ၊ PSG ၊ ချယ်လ်ဆီးတို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပေမယ့်
ရီးယဲလ်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီး အန်းဒရစ်အတွက် ပြောင်းရွှေ့ကြေး
အဖြစ် ပေါင်(၆၂)သန်းအထိ အသုံးပြုရဖို့ရှိတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က

ဖော်ပြခဲ့ပါတယ်။

ရီးယဲလ်အသင်းအနေနဲ့ အန်းဒရစ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပေမယ့်

အန်းဒရစ်ဟာ ရီးယဲလ်ကို ပြောင်းရွှေ့ဦးမှာ မဟုတ်သေးဘဲ အခုလောလောဆယ်
ပါလ်မီးရပ်စ်မှာပဲ ဆက်ကစားမှာဖြစ်ပြီး (၁၈)လအကြာမှ ရီးယဲလ်အသင်းဆီ
တရားဝင်ရောက်ရှိလာမှာပါ။

အန်းဒရစ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးယဲလ်အသင်းက ‘အန်းဒရစ်ကို ခေါ်ယူဖို့
ပါလ်မီးရပ်စ်တာဝန်ရှိသူတွေ၊ ကစားသမားအပါအဝင် သူ့ရဲ့ မိသားစုတွေနဲ့
သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်မယ့် ၂၀၂၄၊ ဇူလိုင်လကျရင်
ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကာလအတွင်း

အန်းဒရစ်ဟာ ပါလ်မီးရပ်စ်အသင်းမှာပဲ ဆက်ကစားနေဦးမှာပါ။

အန်းဒရစ်ဟာ လာမယ့်ရက်ပိုင်းအတွင်း မက်ဒရစ်မြို့ကို လာပြီး ရီးယဲလ်အသင်းဆီ

လာရောက် လည်ပတ်မှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လက်ရှိ
သတ်မှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းအရ ဥရောပကလပ်အသင်းတစ်သင်းအနေနဲ့
ပြည်ပက လူငယ်ကစားသမားတစ်ဦးကို အသက်(၁၈)နှစ်ပြည့်မှ ခေါ်ယူနိုင်ခွင့်ရှိတာကြောင့်
အန်းဒရစ်ဟာ ရီးယဲလ်အသင်းကို ၂၀၂၄ မှ ရောက်ရှိလာမှာဖြစ်ပါတယ်။

အသက်(၁၁)နှစ်အရွယ်မှာ ပါလ်မီးရပ်စ်လူငယ်အသင်းကို ရောက်ရှိခဲ့တဲ့ အန်းဒရစ်ဟာ
(၅)နှစ်အတွင်း အံ့အားသင့်စရာကောင်းအောင် ပါလ်မီးရပ်စ်လူငယ်အသင်းအတွက်
(၁၆၉)ပွဲကစား၊ (၁၆၅)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ အန်းဒရစ်က ပါလ်မီးရပ်စ်လူငယ်

ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတွေအများကြီး ယူရခဲ့သလို စီနီယာ
အသင်းနဲ့လည်း ၂၀၂၂ ဘရာဇီးလ်စီးရီးအေ အမှတ်ပေးဖလားရယူနိုင်ခဲ့ပါတယ်။

[Zawgyi]

ရီးယဲလ္အသင္းဟာ ဥေရာပထိပ္သီးကလပ္ေတြ အၿပိဳင္ပစ္မွတ္ထားေနၾကတဲ့
ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ အန္းဒရစ္ကို ေခၚယူစာခ်ဳပ္ႏိုင္ၿပီလို႔ တရားဝင္
သတင္းထုတ္ျပန္ခဲ့ၿပီး အန္ဒရစ္ဟာ ၂၀၂၄၊ ဇူလိုင္လက်ရင္ ရီးယဲလ္ဆီ ေျပာင္းေ႐ႊ႕ဖို႔
ရွိပါတယ္။

အသက္(၁၆)ႏွစ္သာရွိေသးတဲ့ ပါလ္မီးရပ္စ္အသင္း လူငယ္တိုက္စစ္ကစားသမား
အန္းဒရစ္ကို ဘာစီလိုနာ၊ PSG ၊ ခ်ယ္လ္ဆီးတို႔ကလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနၾကေပမယ့္
ရီးယဲလ္အသင္းက လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ၿပီး အန္းဒရစ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး

အျဖစ္ ေပါင္(၆၂)သန္းအထိ အသုံးျပဳရဖို႔ရွိတယ္လို႔ ၿဗိတိန္သတင္းစာ Daily Mail က
ေဖာ္ျပခဲ့ပါတယ္။

ရီးယဲလ္အသင္းအေနနဲ႔ အန္းဒရစ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အတည္ျပဳခဲ့ေပမယ့္
အန္းဒရစ္ဟာ ရီးယဲလ္ကို ေျပာင္းေ႐ႊ႕ဦးမွာ မဟုတ္ေသးဘဲ အခုေလာေလာဆယ္
ပါလ္မီးရပ္စ္မွာပဲ ဆက္ကစားမွာျဖစ္ၿပီး (၁၈)လအၾကာမွ ရီးယဲလ္အသင္းဆီ
တရားဝင္ေရာက္ရွိလာမွာပါ။

အန္းဒရစ္ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ရီးယဲလ္အသင္းက ‘အန္းဒရစ္ကို ေခၚယူဖို႔
ပါလ္မီးရပ္စ္တာဝန္ရွိသူေတြ၊ ကစားသမားအပါအဝင္ သူ႔ရဲ႕ မိသားစုေတြနဲ႔
သေဘာတူညီမႈရခဲ့ၿပီျဖစ္ၿပီး အသက္(၁၈)ႏွစ္ျပည့္မယ့္ ၂၀၂၄၊ ဇူလိုင္လက်ရင္

ရီးယဲလ္အသင္းဆီ ေျပာင္းေ႐ႊ႕မွာျဖစ္ပါတယ္။ အဲဒီမတိုင္ခင္ကာလအတြင္း
အန္းဒရစ္ဟာ ပါလ္မီးရပ္စ္အသင္းမွာပဲ ဆက္ကစားေနဦးမွာပါ။

အန္းဒရစ္ဟာ လာမယ့္ရက္ပိုင္းအတြင္း မက္ဒရစ္ၿမိဳ႕ကို လာၿပီး ရီးယဲလ္အသင္းဆီ
လာေရာက္ လည္ပတ္မွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လက္ရွိ
သတ္မွတ္ထားတဲ့ အေျပာင္းအေ႐ႊ႕စည္းမ်ဥ္းအရ ဥေရာပကလပ္အသင္းတစ္သင္းအေနနဲ႔
ျပည္ပက လူငယ္ကစားသမားတစ္ဦးကို အသက္(၁၈)ႏွစ္ျပည့္မွ ေခၚယူႏိုင္ခြင့္ရွိတာေၾကာင့္
အန္းဒရစ္ဟာ ရီးယဲလ္အသင္းကို ၂၀၂၄ မွ ေရာက္ရွိလာမွာျဖစ္ပါတယ္။

အသက္(၁၁)ႏွစ္အ႐ြယ္မွာ ပါလ္မီးရပ္စ္လူငယ္အသင္းကို ေရာက္ရွိခဲ့တဲ့ အန္းဒရစ္ဟာ
(၅)ႏွစ္အတြင္း အံ့အားသင့္စရာေကာင္းေအာင္ ပါလ္မီးရပ္စ္လူငယ္အသင္းအတြက္

(၁၆၉)ပြဲကစား၊ (၁၆၅)ဂိုးအထိ သြင္းယူခဲ့ပါတယ္။ အန္းဒရစ္က ပါလ္မီးရပ္စ္လူငယ္
ကစားသမားဘဝမွာ ဆုဖလားေအာင္ျမင္မႈေတြအမ်ားႀကီး ယူရခဲ့သလို စီနီယာ
အသင္းနဲ႔လည္း ၂၀၂၂ ဘရာဇီးလ္စီးရီးေအ အမွတ္ေပးဖလားရယူႏိုင္ခဲ့ပါတယ္။