ဘရာဇီးလ်နည်းပြသစ်အဖြစ် မော်ရင်ဟိုကို မထင်မှတ်ပဲ မြင်တွေ့ရတော့မှာလား . .

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ လက်ရွေးစင်အသင်းနည်းပြ

ရာထူးအတွက် အန်ဆယ်လော့တီကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့တာကြောင့်
အခု ရိုးမားအသင်းနာမည်ကျော်နည်းပြဖြစ်သူ မော်ရင်ဟိုနဲ့ စတင်ဆွေးနွေးနေပြီလို့
သတင်းထွက်နေပါတယ်။

ကမ္ဘာ့ဖလား(၅)ကြိမ်ချန်ပီယံ ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို
ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီးတဲ့နောက် နည်းပြထိထီက
သူ့ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

နိုင်ငံတကာဘောလုံးလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံးအသင်းဖြစ်တဲ့
ဘရာဇီးလ်အသင်းဟာ အခုလောလောဆယ် နည်းပြလက်မဲ့ဖြစ်နေပြီး High Profile

နည်းပြဖြစ်သူ မော်ရင်ဟိုကို ချိတ်ဆက်နေပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီကို

ချိတ်ဆက်ခဲ့ပေမယ့် အန်ဆယ်လော့တီက ရီးယဲလ်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း
ကျန်နေသလို သူကိုယ်တိုင်ကလည်း ရာထူးကအထုတ်ခံရမှ ရီးယဲလ်နဲ့လမ်းခွဲဖို့
ရှိတာကြောင့် အဆင်မပြေခဲ့ပါဘူး။

အခု အီတလီသတင်းစာ La Repubblica က ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်
တာဝန်ရှိသူတွေဟာ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် သူ့အေးဂျင့်
ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နဲ့ စကားပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မော်ရင်ဟိုကိုယ်တိုင်ကလည်း မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်
ဆောင်ရွက်နေချိန်၊ ၂၀၁၇ ခုနှစ်တုန်းက အနာဂတ်မှာ ဘရာဇီးလ်အသင်းနည်းပြ
အဖြစ် ကိုင်တွယ်သွားဖို့ ဆန္ဒရှိတယ်ဆိုပြီး ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ မော်ရင်ဟိုကို

ဘရာဇီးလ်အပြင် မိခင်နိုင်ငံဖြစ်တဲ့ ပေါ်တူဂီအသင်းကလည်း လစ်လပ်နေတဲ့
နည်းပြရာထူးအတွက် ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။

[Zawgyi]

ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လစ္လပ္ေနတဲ့ လက္ေ႐ြးစင္အသင္းနည္းျပ
ရာထူးအတြက္ အန္ဆယ္ေလာ့တီကို ကမ္းလွမ္းခဲ့ေပမယ့္ ျငင္းဆန္ခဲ့တာေၾကာင့္
အခု ႐ိုးမားအသင္းနာမည္ေက်ာ္နည္းျပျဖစ္သူ ေမာ္ရင္ဟိုနဲ႔ စတင္ေဆြးေႏြးေနၿပီလို႔
သတင္းထြက္ေနပါတယ္။

ကမာၻ႔ဖလား(၅)ႀကိမ္ခ်န္ပီယံ ဘရာဇီးလ္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
ဗိုလ္စြဲဖို႔ ေရပန္းစားခဲ့ေပမယ့္လည္း ကြာတားဖိုင္နယ္မွာ ခ႐ိုေအးရွားအသင္းကို
ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီးတဲ့ေနာက္ နည္းျပထိထီက

သူ႔ရာထူးကေန ႏုတ္ထြက္ခဲ့ပါတယ္။

ႏိုင္ငံတကာေဘာလုံးေလာကမွာ ဂုဏ္သိကၡာအႀကီးမားဆုံးအသင္းျဖစ္တဲ့

ဘရာဇီးလ္အသင္းဟာ အခုေလာေလာဆယ္ နည္းျပလက္မဲ့ျဖစ္ေနၿပီး High Profile
နည္းျပျဖစ္သူ ေမာ္ရင္ဟိုကို ခ်ိတ္ဆက္ေနပါတယ္။

ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြဟာ ဝါရင့္နည္းျပႀကီး အန္ဆယ္ေလာ့တီကို
ခ်ိတ္ဆက္ခဲ့ေပမယ့္ အန္ဆယ္ေလာ့တီက ရီးယဲလ္နဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း
က်န္ေနသလို သူကိုယ္တိုင္ကလည္း ရာထူးကအထုတ္ခံရမွ ရီးယဲလ္နဲ႔လမ္းခြဲဖို႔
ရွိတာေၾကာင့္ အဆင္မေျပခဲ့ပါဘူး။

အခု အီတလီသတင္းစာ La Repubblica က ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္
တာဝန္ရွိသူေတြဟာ ေမာ္ရင္ဟိုကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔အတြက္ သူ႔ေအးဂ်င့္
ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္နဲ႔ စကားေျပာဆိုခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ေမာ္ရင္ဟိုကိုယ္တိုင္ကလည္း မန္ခ်က္စတာယူႏိုက္တက္နည္းျပအျဖစ္
ေဆာင္႐ြက္ေနခ်ိန္၊ ၂၀၁၇ ခုႏွစ္တုန္းက အနာဂတ္မွာ ဘရာဇီးလ္အသင္းနည္းျပ

အျဖစ္ ကိုင္တြယ္သြားဖို႔ ဆႏၵရွိတယ္ဆိုၿပီး ဝန္ခံေျပာဆိုခဲ့ဖူးပါတယ္။ ေမာ္ရင္ဟိုကို
ဘရာဇီးလ္အျပင္ မိခင္ႏိုင္ငံျဖစ္တဲ့ ေပၚတူဂီအသင္းကလည္း လစ္လပ္ေနတဲ့
နည္းျပရာထူးအတြက္ ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေနပါတယ္။