ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ဘာပေ

ပြင်သစ်နာမည်ကျော်တိုက်စစ်မှူးဘာပေရဲ့ ဂိုးသွင်းနှုန်းက မယုံနိုင်လောက်အောင်

ဖြစ်နေပြီး အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၉)ဂိုးအထိသွင်းယူနိုင်ပြီဖြစ်ပါတယ်။

ပိုလန်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ

ဘာပေဟာ ပြင်သစ်အသင်းအတွက် ဒုတိယဂိုးကို (၇၄)မိနစ်မှာ ပြင်းထန်အားပါတဲ့
ကန်ချက်နဲ့ သွင်းယူခဲ့သလို ပွဲပြီးခါနီးမှာလည်း လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့
သွင်းယူခဲ့ပါတယ်။

အခုဆိုရင် ဘာပေရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်က (၉)ဂိုးအထိရှိလာပြီး
ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုထက် (၁)ဂိုး ပိုများသွားသလို
အာဂျင်တီးနား ထိပ်သီး မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်ကို
အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား
ဆင်နွှဲခွင့်ရခဲ့သူ ဘာပေဟာ ပြိုင်ပွဲတစ်လျှောက်မှာ (၇)ပွဲကစား၊ (၄)ဂိုးသွင်းခဲ့သလို

အခု ၂၀၂၂ ပြိုင်ပွဲမှာ (၄)ပွဲကစားပြီးချိန်မှာပဲ (၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ကြိမ်ဆက်ကစားပြီးမှ (၈)ဂိုးသာ

သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မက်ဆီဟာလည်း ကမ္ဘာ့ဖလား(၅)ကြိမ်အတွင်း (၂၃)ပွဲကစား၊
(၉)ဂိုးသွင်းခဲ့တာပါ။ အခု ဘာပေက ကမ္ဘာ့ဖလား(၁၁)ပွဲကစားအပြီးမှာပဲ (၉)ဂိုး
သွင်းယူနိုင်ပြီး အခုဆိုရင် ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးမှတ်တမ်းကို
ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား(၃)ကြိမ်အထိရယူနိုင်ခဲ့သူ ပီလီဟာ အသက်(၂၄)နှစ်
မပြည့်ခင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၇)ဂိုးသွင်းယူခဲ့ပြီး ဘာပေက အသက်(၂၃)နှစ်အရွယ်မှာပဲ
ကမ္ဘာ့ဖလားသွင်းဂိုး (၉)ဂိုးအထိ သွင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘာပေဟာ အသက်(၂၃)နှစ်၊ (၃၄၉)ရက်နဲ့ ပီလီ(၁၇ နှစ်၊ ၂၄၉ ရက် – ၁၉၅၈)
နောက်ပိုင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်တွေမှာ (၅)ဂိုးအထိသွင်းနိုင်တဲ့ ဒုတိယမြောက်

အသက်အငယ်ဆုံးကစားသမားဖြစ်လာပါပြီ။

[Zawgyi]

ျပင္သစ္နာမည္ေက်ာ္တိုက္စစ္မႉးဘာေပရဲ႕ ဂိုးသြင္းႏႈန္းက မယုံႏိုင္ေလာက္ေအာင္

ျဖစ္ေနၿပီး အခုဆိုရင္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၉)ဂိုးအထိသြင္းယူႏိုင္ၿပီျဖစ္ပါတယ္။

ပိုလန္ကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ

ဘာေပဟာ ျပင္သစ္အသင္းအတြက္ ဒုတိယဂိုးကို (၇၄)မိနစ္မွာ ျပင္းထန္အားပါတဲ့
ကန္ခ်က္နဲ႔ သြင္းယူခဲ့သလို ပြဲၿပီးခါနီးမွာလည္း လွပတဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔
သြင္းယူခဲ့ပါတယ္။

အခုဆိုရင္ ဘာေပရဲ႕ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္က (၉)ဂိုးအထိရွိလာၿပီး
ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုထက္ (၁)ဂိုး ပိုမ်ားသြားသလို
အာဂ်င္တီးနား ထိပ္သီး မက္ဆီရဲ႕ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္ကို
အမီလိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔အတူ ပထမဆုံးအႀကိမ္ ကမာၻ႔ဖလား
ဆင္ႏႊဲခြင့္ရခဲ့သူ ဘာေပဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ (၇)ပြဲကစား၊ (၄)ဂိုးသြင္းခဲ့သလို

အခု ၂၀၂၂ ၿပိဳင္ပြဲမွာ (၄)ပြဲကစားၿပီးခ်ိန္မွာပဲ (၅)ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ (၅)ႀကိမ္ဆက္ကစားၿပီးမွ (၈)ဂိုးသာ

သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး မက္ဆီဟာလည္း ကမာၻ႔ဖလား(၅)ႀကိမ္အတြင္း (၂၃)ပြဲကစား၊
(၉)ဂိုးသြင္းခဲ့တာပါ။ အခု ဘာေပက ကမာၻ႔ဖလား(၁၁)ပြဲကစားအၿပီးမွာပဲ (၉)ဂိုး
သြင္းယူႏိုင္ၿပီး အခုဆိုရင္ ဘရာဇီးလ္ဂႏၴဝင္ ပီလီရဲ႕ ကမာၻ႔ဖလားသြင္းဂိုးမွတ္တမ္းကို
ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ဘရာဇီးလ္အသင္းနဲ႔အတူ ကမာၻ႔ဖလား(၃)ႀကိမ္အထိရယူႏိုင္ခဲ့သူ ပီလီဟာ အသက္(၂၄)ႏွစ္
မျပည့္ခင္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၇)ဂိုးသြင္းယူခဲ့ၿပီး ဘာေပက အသက္(၂၃)ႏွစ္အ႐ြယ္မွာပဲ
ကမာၻ႔ဖလားသြင္းဂိုး (၉)ဂိုးအထိ သြင္းခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဘာေပဟာ အသက္(၂၃)ႏွစ္၊ (၃၄၉)ရက္နဲ႔ ပီလီ(၁၇ ႏွစ္၊ ၂၄၉ ရက္ – ၁၉၅၈)
ေနာက္ပိုင္း ကမာၻ႔ဖလားရႈံးထြက္အဆင့္ေတြမွာ (၅)ဂိုးအထိသြင္းႏိုင္တဲ့ ဒုတိယေျမာက္

အသက္အငယ္ဆုံးကစားသမားျဖစ္လာပါၿပီ။