ဘရာဇီးလ်ဂန္ထဝင်ရိုနယ်ဒိုလို ကိုရင်သီယံမှာ လာကစားပါလား ခရစ္စတီယာနိုရော်နယ်ဒို

မန်ယူတိုက်စစ်မှူးရော်နယ်ဒိုကို ခေါ်ယူချင်တဲ့ အသင်းတစ်သင်းထွက်ပေါ်လာပါတယ်။ ဘရာဇီးလ်ကလပ် ကိုရင်သီယံပါ။ အားလုံးသိတဲ့အတိုင်း ချန်ပီယံလိဂ်ကစားချင်နေတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ

ဆုပ်လည်းစူး စားလည်းရူးမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ကို အသင်းတိုင်းလိုချင်ပေမယ့် ပေးရမယ့်လစာနဲ့ အဝတ်လဲခန်းပြဿနာတွေကြောင့် ဥရောပထိပ်တန်းကလပ်တွေ လက်ရှောင်နေကြတာပါ။

ဒါပေမဲ့ ကိုရင်သီယံအသင်းဥက္ကဌ ဒူလီယိုမွန်တိုင်ရိုအဲလ်ဗက်စ်ကတော့ “ ရော်နယ်ဒိုကို ကျွန်တော်တို့ တကယ် စိတ်ဝင်စားပါတယ်။ ဒါအမှန်ပါ။ ကျွန်တော်တို့ဟာ ကြီးမားတဲ့အိပ်မက်တွေ

မက်လေ့ရှိတဲ့အသင်းပါ။ ရော်နယ်ဒိုကိုခေါ်ယူရေးဟာ ဖြစ်နိုင်မလားဆိုတာ ကျွန်တော်တို့ အသေအချာ မသိနိုင်သေးပါဘူး။ စုံစမ်းမေးမြန်းတာတွေလည်း ကျွန်တော်တို့ မလုပ်ရသေးပါဘူး။

အခြေအနေကိုတော့ စောင့်ကြည့်နေပါတယ်။ သူသာ ဘရာဇီးလ်မှာ ကစားချင်စိတ် ရုတ်တရက်ပေါ်လာရင်တော့ ဘာဖြစ်လာနိုင်တယ်ဆိုတာ မှန်းကြည့်လိုက်လေ ” လို့ ဆိုပါတယ်။

ဆော်ပေါ်လိုအခြေစိုက် ကိုရင်သီယံဆိုတာက ဘရာဇီးစီးရီးအေမှာ အောင်မြင်မှုအရှိဆုံးအသင်းတစ်သင်းပါ။ Forbes မဂ္ဂဇင်းရဲ့ ၂၀၁၇ ထုတ်ပြန်ချက်အရ တောင်အမေရိကမှာ

အချမ်းသာဆုံးကလပ်ဖြစ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ဘရာဇီးလ်ဂန္ထတိုက်စစ်မှူးရိုနယ်ဒို နောက်ဆုံးကစားသွားတဲ့အသင်းပါ။ ရိုနယ်ဒိုဟာ ကိုရင်သီယံမှာ ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ်အထိကစားခဲ့ပြီး ဘောလုံးသမားဘဝက အနားယူသွားခဲ့ပါတယ်။

(zawgyi)

မန္ယူတိုက္စစ္မႉးေရာ္နယ္ဒိုကို ေခၚယူခ်င္တဲ့ အသင္းတစ္သင္းထြက္ေပၚလာပါတယ္။ ဘရာဇီးလ္ကလပ္ ကိုရင္သီယံပါ။ အားလုံးသိတဲ့အတိုင္း ခ်န္ပီယံလိဂ္ကစားခ်င္ေနတဲ့ ေပၚတူဂီတိုက္စစ္မႉးဟာ

ဆုပ္လည္းစူး စားလည္း႐ူးမယ့္အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ သူ႔ကို အသင္းတိုင္းလိုခ်င္ေပမယ့္ ေပးရမယ့္လစာနဲ႔ အဝတ္လဲခန္းျပႆနာေတြေၾကာင့္ ဥေရာပထိပ္တန္းကလပ္ေတြ လက္ေရွာင္ေနၾကတာပါ။

ဒါေပမဲ့ ကိုရင္သီယံအသင္းဥကၠဌ ဒူလီယိုမြန္တိုင္႐ိုအဲလ္ဗက္စ္ကေတာ့ “ ေရာ္နယ္ဒိုကို ကြၽန္ေတာ္တို႔ တကယ္ စိတ္ဝင္စားပါတယ္။ ဒါအမွန္ပါ။ ကြၽန္ေတာ္တို႔ဟာ ႀကီးမားတဲ့အိပ္မက္ေတြ မက္ေလ့ရွိတဲ့အသင္းပါ။

ေရာ္နယ္ဒိုကိုေခၚယူေရးဟာ ျဖစ္ႏိုင္မလားဆိုတာ ကြၽန္ေတာ္တို႔ အေသအခ်ာ မသိႏိုင္ေသးပါဘူး။ စုံစမ္းေမးျမန္းတာေတြလည္း ကြၽန္ေတာ္တို႔ မလုပ္ရေသးပါဘူး။ အေျခအေနကိုေတာ့ ေစာင့္ၾကည့္ေနပါတယ္။

သူသာ ဘရာဇီးလ္မွာ ကစားခ်င္စိတ္ ႐ုတ္တရက္ေပၚလာရင္ေတာ့ ဘာျဖစ္လာႏိုင္တယ္ဆိုတာ မွန္းၾကည့္လိုက္ေလ ” လို႔ ဆိုပါတယ္။ ေဆာ္ေပၚလိုအေျခစိုက္ ကိုရင္သီယံဆိုတာက

ဘရာဇီးစီးရီးေအမွာ ေအာင္ျမင္မႈအရွိဆုံးအသင္းတစ္သင္းပါ။ Forbes မဂၢဇင္းရဲ႕ ၂၀၁၇ ထုတ္ျပန္ခ်က္အရ ေတာင္အေမရိကမွာ အခ်မ္းသာဆုံးကလပ္ျဖစ္ခဲ့ဖူးပါတယ္။ အထူးသျဖင့္

ဘရာဇီးလ္ဂႏၴတိုက္စစ္မႉး႐ိုနယ္ဒို ေနာက္ဆုံးကစားသြားတဲ့အသင္းပါ။ ႐ိုနယ္ဒိုဟာ ကိုရင္သီယံမွာ ၂၀၀၉ ကေန ၂၀၁၁ ခုႏွစ္အထိကစားခဲ့ၿပီး ေဘာလုံးသမားဘဝက အနားယူသြားခဲ့ပါတယ္။