ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ရော်နယ်ဒိုရဲ့ပုံစံကြောင့် မန်ယူကနေ အမြန်ဆုံးလစ်တော့မယ်လို့ ခန့်မှန်းနေကြ

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗွီဒီယိုကလစ်တစ်ခုကြောင့် မန်ယူကနေ ရော်နယ်ဒို အမြန်ဆုံးထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ အကြောင်းကတော့ ဘရန့်ဖို့ဒ်ကို အရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်အပြီးမှာ

ရော်နယ်ဒိုဟာ ဘယ်သူကိုမှနှုတ်မဆက်ဘဲ ကွင်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့လို့ပါ။ သူ့ရဲ့လမ်းလျှောက်ပုံက အားမရှိသလိုချိနဲ့နေပြီး မျက်နှာမှာလည်း ဒေါသနဲ့ယူကျူံးမရမှုတွေရော ထွေးနေပါတယ်။

လက်ထောက်နည်းပြမက္ကလာရင်က အဝေးကွင်းမှာလိုက်ပါအားပေးတဲ့ မန်ယူပရိသတ်တွေကို နှုတ်ဆက်ဖို့ပြောတာကို လျစ်လျူရှုသွားခဲ့သလို နည်းပြတန်းဟတ်ကိုလည်း အရေးမစိုက်ဘဲ ဥမင်ထဲဝင်သွားခဲ့တာပါ။

ချန်ပီယံလိဂ်ကစားချင်လို့ သူက အသင်းကနေထွက်ခွာခွင့်တောင်းခဲ့တယ်။ မန်ယူက မလိုက်လျောဘဲ စာချုပ်သစ်ချုပ်ဖို့သာ ကြိုးစားခဲ့တယ်။ အခုတော့ မပျော်တဲ့အသင်းမှာ နည်းပြနဲ့လည်း အဆင်မပြေတာကြောင့်

ရော်နယ်ဒို ဆက်ရှိနေဖို့ဆိုတာ ဖြစ်နိုင်ချေ အတော်လေးနည်းသွားပြီလို့ သုံးသပ်နေကြပါတယ်။ အဆိုးဆုံးကတော့ ပေါ်တူဂီသားနဲ့ ပရိသတ်တွေရဲ့ ဆက်ဆံရေးပါ ယိုယွင်းလာခဲ့တာပါပဲ။

ဘရိုက်တန်နဲ့အဖွင့်ပွဲစဉ်တုန်းက သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မန်ယူကစားသမားတွေ ကွင်းထဲဝင်လာချိန်မှာ ပရိသတ်တစ်ချို့က ရော်နယ်ဒိုကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါကြောင့်

သရဲနီတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကို ပေါ်တူဂီသားစိတ်ပျက်နေပြီး အမြန်ဆုံးထွက်ခွာနိုင်အောင် ကြိုးစားလိမ့်မယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

(zawgyi)

ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗြီဒီယိုကလစ္တစ္ခုေၾကာင့္ မန္ယူကေန ေရာ္နယ္ဒို အျမန္ဆုံးထြက္ခြာေတာ့မယ္ဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။ အေၾကာင္းကေတာ့

ဘရန႔္ဖို႔ဒ္ကို အရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္အၿပီးမွာ ေရာ္နယ္ဒိုဟာ ဘယ္သူကိုမွႏႈတ္မဆက္ဘဲ ကြင္းထဲကေန စိတ္ပ်က္လက္ပ်က္ ထြက္ခြာသြားခဲ့လို႔ပါ။ သူ႔ရဲ႕လမ္းေလွ်ာက္ပုံက အားမရွိသလိုခ်ိနဲ႔ေနၿပီး

မ်က္ႏွာမွာလည္း ေဒါသနဲ႔ယူက်ဴံးမရမႈေတြေရာ ေထြးေနပါတယ္။ လက္ေထာက္နည္းျပမကၠလာရင္က အေဝးကြင္းမွာလိုက္ပါအားေပးတဲ့ မန္ယူပရိသတ္ေတြကို ႏႈတ္ဆက္ဖို႔ေျပာတာကို

လ်စ္လ်ဴရႈသြားခဲ့သလို နည္းျပတန္းဟတ္ကိုလည္း အေရးမစိုက္ဘဲ ဥမင္ထဲဝင္သြားခဲ့တာပါ။ ခ်န္ပီယံလိဂ္ကစားခ်င္လို႔ သူက အသင္းကေနထြက္ခြာခြင့္ေတာင္းခဲ့တယ္။ မန္ယူက မလိုက္ေလ်ာဘဲ

စာခ်ဳပ္သစ္ခ်ဳပ္ဖို႔သာ ႀကိဳးစားခဲ့တယ္။ အခုေတာ့ မေပ်ာ္တဲ့အသင္းမွာ နည္းျပနဲ႔လည္း အဆင္မေျပတာေၾကာင့္ ေရာ္နယ္ဒို ဆက္ရွိေနဖို႔ဆိုတာ ျဖစ္ႏိုင္ေခ် အေတာ္ေလးနည္းသြားၿပီလို႔

သုံးသပ္ေနၾကပါတယ္။ အဆိုးဆုံးကေတာ့ ေပၚတူဂီသားနဲ႔ ပရိသတ္ေတြရဲ႕ ဆက္ဆံေရးပါ ယိုယြင္းလာခဲ့တာပါပဲ။ ဘ႐ိုက္တန္နဲ႔အဖြင့္ပြဲစဥ္တုန္းက ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ မန္ယူကစားသမားေတြ ကြင္းထဲဝင္လာခ်ိန္မွာ

ပရိသတ္တစ္ခ်ိဳ႕က ေရာ္နယ္ဒိုကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ သရဲနီေတြရဲ႕ပတ္ဝန္းက်င္တစ္ခုလုံးကို ေပၚတူဂီသားစိတ္ပ်က္ေနၿပီး အျမန္ဆုံးထြက္ခြာႏိုင္ေအာင္ ႀကိဳးစားလိမ့္မယ္ဆိုတဲ့သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနတာပါ။