ဘယ်သူမှ လိုက်လို့ မမီနိုင်လောက်အောင် စံချိန်မှတ်တမ်းကောင်းတွေ ရေးထိုးခဲ့တဲ့ မက်ဆီ

ခရိုအေးရှားအသင်းကို (၃-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမှာ

အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီဟာ စံချိန်မှတ်တမ်းကောင်းတွေ
အများကြီးပိုင်ဆိုင်ခဲ့ပါတယ်။ အခုပွဲမှာ မက်ဆီအတွက် (၂၅)ပွဲမြောက် ကမ္ဘာ့ဖလား
ပွဲစဉ်ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ပွဲအများဆုံးကစားခဲ့တဲ့ ဂျာမနီဂန္ထဝင်နောက်ခံလူ
လိုသာမာသီးယက်စ်နဲ့ ပွဲအရေအတွက်ချင်း တူညီသွားပါပြီ။

မက်ဆီဟာ ပွဲချိန်(၃၄)မိနစ်မှာ အယ်လ်ဗာရက်ဇ်ကြောင့်ရတဲ့ ပယ်နယ်တီကနေ အဖွင့်ဂိုး
သွင်းယူခဲ့ပြီး အသင်းအတွက် တတိယမြောက်ဂိုးကိုလည်း အယ်လ်ဗာရက်ဇ်
သွင်းယူနိုင်အောင် တစ်ကိုယ်တော်အစွမ်းနဲ့ ဖန်တီးပေးခဲ့ပါတယ်။

အခုဆိုရင် မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်က (၁၁)ဂိုးအထိရှိလာပြီး
အာဂျင်တီးနား,နာမည်ကျော်တိုက်စစ်မှူးဟောင်း ဘာတစ္စတူတာကို (၁)ဂိုးအသာနဲ့

ကျော်ဖြတ်ပြီးတော့ အာဂျင်တီးနားကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားသွင်းဂိုး
အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ရှုံးထွက်(၁၆)သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်ပွဲတွေမှာ
ဆက်တိုက်ဂိုးသွင်းနိုင်တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့် စတင်ဖန်တီးခဲ့တဲ့ ၁၉၈၆
ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လက်ရှိပြိုင်ပွဲအထိ အဲဒီပွဲစဉ်(၃)ပွဲဆက် ဂိုးသွင်းယူခဲ့တဲ့

(၆)ဦးမြောက်ကစားသမားဖြစ်လာပြီး မက်ဆီမတိုင်ခင်က ဆနိုက်ဒါ (၂၀၁၀)၊ ဒေဗာဆူကာ
(၁၉၉၈)၊ စတွိုက်ကော့ဗ် (၁၉၉၄)၊ ရော်ဘတ်တိုဘက်ဂီယို (၁၉၉၄)၊ ဆချီလာချီ
(၁၉၉၀)တို့ဟာလည်း အဲဒီမှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ မက်ဆီ ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးမှုလုပ်နိုင်တာက (၄)ပွဲ
(၂၀၂၂ – ခရိုအေးရှား၊ နယ်သာလန်၊ မက္ကဆီကို၊ ၂၀၀၆ – ဆားဘီးယား)အထိရှိလာပြီ
ဖြစ်တာကြောင့် ၁၉၆၆ ကနေ လက်ရှိပြိုင်ပွဲအထိ တစ်ပွဲတည်း ဂိုးသွင်း၊ ဂိုးဖန်တီးမှု

လုပ်နိုင်တဲ့ ပွဲအရေအတွက်အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မက်ဆီရဲ့ မှတ်တမ်းကောင်းတွေက ဒီလောက်နဲ့တင် မရပ်တန့်သေးဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲ

တစ်လျှောက် အသင်းအတွက် သွင်းဂိုးပါဝင်ပတ်သက်မှုက (၁၉)ဂိုး (၁၁ဂိုးသွင်း၊ ဂိုးဖန်တီးမှု
၈ ကြိမ်)အထိရှိလာပြီး ဂျာမန်ဂန္ထဝင်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂတ်မူလာ၊ ကလိုဆေး၊
ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုတို့ရဲ့ စွမ်းဆောင်ရည်နဲ့ တူညီသွားပြီဖြစ်ပါတယ်။

[Zawgyi]

ခ႐ိုေအးရွားအသင္းကို (၃-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားဆီမီးဖိုင္နယ္ပြဲမွာ
အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမားမက္ဆီဟာ စံခ်ိန္မွတ္တမ္းေကာင္းေတြ
အမ်ားႀကီးပိုင္ဆိုင္ခဲ့ပါတယ္။ အခုပြဲမွာ မက္ဆီအတြက္ (၂၅)ပြဲေျမာက္ ကမာၻ႔ဖလား
ပြဲစဥ္ျဖစ္ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ ပြဲအမ်ားဆုံးကစားခဲ့တဲ့ ဂ်ာမနီဂႏၴဝင္ေနာက္ခံလူ

လိုသာမာသီးယက္စ္နဲ႔ ပြဲအေရအတြက္ခ်င္း တူညီသြားပါၿပီ။

မက္ဆီဟာ ပြဲခ်ိန္(၃၄)မိနစ္မွာ အယ္လ္ဗာရက္ဇ္ေၾကာင့္ရတဲ့ ပယ္နယ္တီကေန အဖြင့္ဂိုး

သြင္းယူခဲ့ၿပီး အသင္းအတြက္ တတိယေျမာက္ဂိုးကိုလည္း အယ္လ္ဗာရက္ဇ္
သြင္းယူႏိုင္ေအာင္ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဖန္တီးေပးခဲ့ပါတယ္။

အခုဆိုရင္ မက္ဆီရဲ႕ ကမာၻ႔ဖလားသြင္းဂိုးအေရအတြက္က (၁၁)ဂိုးအထိရွိလာၿပီး
အာဂ်င္တီးနား,နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဘာတစၥတူတာကို (၁)ဂိုးအသာနဲ႔
ေက်ာ္ျဖတ္ၿပီးေတာ့ အာဂ်င္တီးနားကစားသမားေတြထဲမွာ ကမာၻ႔ဖလားသြင္းဂိုး
အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

မက္ဆီဟာ ရႈံးထြက္(၁၆)သင္းအဆင့္၊ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ပြဲေတြမွာ
ဆက္တိုက္ဂိုးသြင္းႏိုင္တာေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္ စတင္ဖန္တီးခဲ့တဲ့ ၁၉၈၆
ကမာၻ႔ဖလားၿပိဳင္ပြဲကေန လက္ရွိၿပိဳင္ပြဲအထိ အဲဒီပြဲစဥ္(၃)ပြဲဆက္ ဂိုးသြင္းယူခဲ့တဲ့

(၆)ဦးေျမာက္ကစားသမားျဖစ္လာၿပီး မက္ဆီမတိုင္ခင္က ဆႏိုက္ဒါ (၂၀၁၀)၊ ေဒဗာဆူကာ
(၁၉၉၈)၊ စတြိဳက္ေကာ့ဗ္ (၁၉၉၄)၊ ေရာ္ဘတ္တိုဘက္ဂီယို (၁၉၉၄)၊ ဆခ်ီလာခ်ီ

(၁၉၉၀)တို႔ဟာလည္း အဲဒီမွတ္တမ္းေကာင္းပိုင္ဆိုင္ခဲ့ၾကပါတယ္။

ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ မက္ဆီ ကိုယ္တိုင္ဂိုးသြင္း၊ ဂိုးဖန္တီးမႈလုပ္ႏိုင္တာက (၄)ပြဲ

(၂၀၂၂ – ခ႐ိုေအးရွား၊ နယ္သာလန္၊ မကၠဆီကို၊ ၂၀၀၆ – ဆားဘီးယား)အထိရွိလာၿပီ
ျဖစ္တာေၾကာင့္ ၁၉၆၆ ကေန လက္ရွိၿပိဳင္ပြဲအထိ တစ္ပြဲတည္း ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
လုပ္ႏိုင္တဲ့ ပြဲအေရအတြက္အမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

မက္ဆီရဲ႕ မွတ္တမ္းေကာင္းေတြက ဒီေလာက္နဲ႔တင္ မရပ္တန႔္ေသးဘဲ ကမာၻ႔ဖလားၿပိဳင္ပြဲ
တစ္ေလွ်ာက္ အသင္းအတြက္ သြင္းဂိုးပါဝင္ပတ္သက္မႈက (၁၉)ဂိုး (၁၁ဂိုးသြင္း၊ ဂိုးဖန္တီးမႈ
၈ ႀကိမ္)အထိရွိလာၿပီး ဂ်ာမန္ဂႏၴဝင္တိုက္စစ္မႉးေတြျဖစ္တဲ့ ဂတ္မူလာ၊ ကလိုေဆး၊
ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႉးႀကီး ေရာ္နယ္လ္ဒိုတို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ တူညီသြားၿပီျဖစ္ပါတယ္။