ဘယ်သူမှမထင်ထားတဲ့ ဒီရာသီပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမား

ဒီရာသီပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားက ချဲလ်ဆီးနောက်ခံလူရူဒီဂါလို့

ဘယ်သူက ထင်မှာတဲ့လဲ။ အဲဒီချဲလ်ဆီးဗဟိုနောက်ခံကစားသမားဟာ

အခုရာသီပရီးမီးယားလိဂ်မှာ မိုဆာလာနဲ့ အဒါမာထရာအိုရီတို့ထက်တောင်

ပိုမြန်နေတာ ဖြစ်ပါတယ်။ အဲဒီဂျာမန်သားဟာ ဒီရာသီပရီးမီးယားလိဂ်

၂၈ ပွဲမှာ ၂၆ ပွဲ ပွဲထွက်ပါဝင်ခဲ့ပြီး ၁၂ ပွဲပေးဂိုးမရှိကစားနိုင်ခဲ့တာပါ။

ဒါ့အပြင် ရူဒီဂါဟာ အခုရာသီအမှတ်ပေးမှာ ၂ ဂိုးသွင်းထားသလို

၂ ဂိုးဖန်တီးမှုလည်း လုပ်ထားပါတယ်။ ဒါကြောင့် သူ့ရဲ့ခံစစ်ပိုင်း

အရည်အသွေးကို ဘယ်သူမှ သံသယရှိကြမှာ မဟုတ်ပေမယ့်

ပြေးနှုန်းနဲ့ပတ်သက်လို့ သူဟာ မထင်ရှားတဲ့ကစားသမားတစ်ယောက်ပါ။

ဒါပေမဲ့ နောက်ဆုံးလေ့လာဆန်းစစ်မှုတွေအရ ရူဒီဂါဟာ ဒီရာသီ

ပရီးမီးယားလိဂ်မှာ အမြန်ဆုံးကစားသမားဖြစ်နေပါတယ်။

ဘရိုတ်တန်နဲ့ပွဲက သူ့ရဲ့ပြေးနှုန်းဟာ တစ်နာရီ ကီလိုမီတာနှုန်း ၃၆.၇ ရှိနေတာပါ။

ဒါဟာ ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားတွေလို့ လူအများသိထားကြတဲ့

မိုဆာလာနဲ့ အဒါမာထရာအိုရီတို့ထက်တောင် ပိုမြန်နေပါတယ်။

မိုဆာလာနဲ့ ဘာစီလိုနာကိုပြောင်းသွားတဲ့ ဝုဗ်ကြယ်ပွင့်ဟောင်း

ထရာအိုရီတို့ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ တစ်နာရီ ကီလီမီတာနှုန်း

၃၆.၆ ရှိခဲ့ကြတာပါ။ သူတို့နောက်မှာတော့ လီဗာပူးနောက်ခံလူကိုနာတီရှိနေပြီး

တစ်နာရီကီလိုမီတာနှုန်း ၃၆.၂ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့

ဗီလာတိုက်စစ်မှုးဝက်ကင်နဲ့ လက်စတာတိုက်စစ်မှုးဒါကာတို့က

တစ်နာရီ ၃၆.၁ ကီလိုမီတာနှုန်းနဲ့ ပူးတွဲရပ်တည်နေကြပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးကစားသမားများ(တစ်နာရီ ကီလိုမီတာနှုန်း)

၃၆.၇ – ရူဒီဂါ(ချဲလ်ဆီး)

၃၆.၆ – မိုဆာလာ(လီဗာပူး)

၃၆.၆ – ထရာအိုရီ(ဝုဗ်-ယခု ဘာစီလိုနာ)

၃၆.၂ – ကိုနာတီ(လီဗာပူး)

၃၆.၁ – ဝက်ကင်(ဗီလာ)

၃၆.၁ – ဒါကာ(လက်စတာ)

zawgyi

ဘယ္သူမွမထင္ထားတဲ့ ဒီရာသီပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမား

ဒီရာသီပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားက ခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါလို႔

ဘယ္သူက ထင္မွာတဲ့လဲ။ အဲဒီခ်ဲလ္ဆီးဗဟိုေနာက္ခံကစားသမားဟာ

အခုရာသီပရီးမီးယားလိဂ္မွာ မိုဆာလာနဲ႔ အဒါမာထရာအိုရီတို႔ထက္ေတာင္

ပိုျမန္ေနတာ ျဖစ္ပါတယ္။ အဲဒီဂ်ာမန္သားဟာ ဒီရာသီပရီးမီးယားလိဂ္

၂၈ ပြဲမွာ ၂၆ ပြဲ ပြဲထြက္ပါဝင္ခဲ့ၿပီး ၁၂ ပြဲေပးဂိုးမရွိကစားႏိုင္ခဲ့တာပါ။

ဒါ့အျပင္ ႐ူဒီဂါဟာ အခုရာသီအမွတ္ေပးမွာ ၂ ဂိုးသြင္းထားသလို

၂ ဂိုးဖန္တီးမႈလည္း လုပ္ထားပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ခံစစ္ပိုင္း

အရည္အေသြးကို ဘယ္သူမွ သံသယရွိၾကမွာ မဟုတ္ေပမယ့္

ေျပးႏႈန္းနဲ႔ပတ္သက္လို႔ သူဟာ မထင္ရွားတဲ့ကစားသမားတစ္ေယာက္ပါ။

ဒါေပမဲ့ ေနာက္ဆုံးေလ့လာဆန္းစစ္မႈေတြအရ ႐ူဒီဂါဟာ ဒီရာသီ

ပရီးမီးယားလိဂ္မွာ အျမန္ဆုံးကစားသမားျဖစ္ေနပါတယ္။

ဘ႐ိုတ္တန္နဲ႔ပြဲက သူ႔ရဲ႕ေျပးႏႈန္းဟာ တစ္နာရီ ကီလိုမီတာႏႈန္း ၃၆.၇ ရွိေနတာပါ။

ဒါဟာ ပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားေတြလို႔ လူအမ်ားသိထားၾကတဲ့

မိုဆာလာနဲ႔ အဒါမာထရာအိုရီတို႔ထက္ေတာင္ ပိုျမန္ေနပါတယ္။

မိုဆာလာနဲ႔ ဘာစီလိုနာကိုေျပာင္းသြားတဲ့ ဝုဗ္ၾကယ္ပြင့္ေဟာင္း

ထရာအိုရီတို႔ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ တစ္နာရီ ကီလီမီတာႏႈန္း

၃၆.၆ ရွိခဲ့ၾကတာပါ။ သူတို႔ေနာက္မွာေတာ့ လီဗာပူးေနာက္ခံလူကိုနာတီရွိေနၿပီး

တစ္နာရီကီလိုမီတာႏႈန္း ၃၆.၂ ရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့

ဗီလာတိုက္စစ္မႈးဝက္ကင္နဲ႔ လက္စတာတိုက္စစ္မႈးဒါကာတို႔က

တစ္နာရီ ၃၆.၁ ကီလိုမီတာႏႈန္းနဲ႔ ပူးတြဲရပ္တည္ေနၾကပါတယ္။

ဒီရာသီပရီးမီးယားလိဂ္ရဲ႕အျမန္ဆုံးကစားသမားမ်ား(တစ္နာရီ ကီလိုမီတာႏႈန္း)

၃၆.၇ – ႐ူဒီဂါ(ခ်ဲလ္ဆီး)

၃၆.၆ – မိုဆာလာ(လီဗာပူး)

၃၆.၆ – ထရာအိုရီ(ဝုဗ္-ယခု ဘာစီလိုနာ)

၃၆.၂ – ကိုနာတီ(လီဗာပူး)

၃၆.၁ – ဝက္ကင္(ဗီလာ)

၃၆.၁ – ဒါကာ(လက္စတာ)

Be the first to comment

Leave a Reply

Your email address will not be published.


*