” ဘယ်သူဂိုးသွင်းသွင်း ပွဲစဉ်တိုင်းကို အနိုင်ရဖို့က အရေးအကြီးဆုံးပါပဲ ” ဘရူနို

မနေ့တုန်းက ပေါ်တူဂီအသင်းက မြောက်မက်ဆီဒိုးနီးယားကို ၂ဂိုးပြတ်နဲ့

အနိုင်ရခဲ့တဲ့နောက် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို

၅ကြိမ်ဆက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားပါပြီ။ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုး

၂ဂိုးနဲ့အတူ အနိုင်ရခဲ့တဲ့ပေါ်တူဂီအသင်းဟာ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းကျင်းပတဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။

အရေးကြီးတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို

သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က အသင်းအနိုင်ရဖို့အတွက်ကသာ

အရေးအကြီးဆုံးဖြစ်ပြီး ဘယ်သူက ဂိုးသွင်းတယ်ဆိုတာက အရေးကြီးတဲ့အချက်

မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ လက်ရွေးစင်ကစားသမားဘ၀

သွင်းဂိုးစုစုပေါင်းက ၈ ဂိုးအထိ ရှိလာပြီဖြစ်ပါတယ်။

ဖာနန်ဒက်စ်က “အရေးအကြီးဆုံးအရာက ပေါ်တူဂီအနိုင်ရဖို့ပါပဲ။

လူတိုင်းမှာ ရည်မှန်းချက်ရှိပါတယ်။

ရော်နယ်ဒိုနဲ့ ကျွန်တော့် မှာပဲ ရှိနေတာမဟုတ်ပါဘူး။

ပုံမှန်ဆိုရင် ကျွန်တော်က ဖန်တီးပေးတယ်။

သူက ဂိုးသွင်းတယ်။ ဒါပေမယ့် ဒီနေ့တော့ အဲဒါက ပြောင်းပြန်ဖြစ်သွားတယ်။

ကျွန်တော့်အတွက် အရေးအကြီးဆုံးက အသင်းကို ကူညီပေးနိုင်ဖို့ပါ”

“ဖြစ်နိုင်ရင်တော့ သွင်းဂိုးတွေနဲ့ ကူညီပေးချင်တာပေါ့၊

ကျွန်တော်တို့က ပွဲတိုင်းမှာ ဂိုးသွင်းချင်တဲ့သူတွေချည်းပါပဲ။

ပွဲက အရမ်းပဲအရေးကြီးကြီး၊ အရေးမပါတဲ့ပွဲပဲဖြစ်ဖြစ်ပေါ့။

ကျွန်တော့် နည်းပြတွေရဲ့ အတွေးအခေါ်၊ အယူအဆတွေကို စိတ်ထဲမှာ

အမြဲတမ်းအမှတ်ရနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော် အခုလို

၂ ဂိုးသွင်းနိုင်ခဲ့တာဖြစ်နိုင်တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

zawgyi

” ဘယ္သူဂိုးသြင္းသြင္း ပြဲစဥ္တိုင္းကို အႏိုင္ရဖို႔က အေရးအႀကီးဆုံးပါပဲ ” ဘ႐ူႏို

မေန႔တုန္းက ေပၚတူဂီအသင္းက ေျမာက္မက္ဆီဒိုးနီးယားကို ၂ဂိုးျပတ္နဲ႔

အႏိုင္ရခဲ့တဲ့ေနာက္ ေရာ္နယ္ဒိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို

၅ႀကိမ္ဆက္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရသြားပါၿပီ။ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕သြင္းဂိုး

၂ဂိုးနဲ႔အတူ အႏိုင္ရခဲ့တဲ့ေပၚတူဂီအသင္းဟာ ၂၀၀၀ျပည့္ႏွစ္ေနာက္ပိုင္းက်င္းပတဲ့

ကမာၻ႔ဖလားၿပိဳင္ပြဲတိုင္းကို ယွဥ္ၿပိဳင္ခြင့္ရရွိထားတာျဖစ္ပါတယ္။

အေရးႀကီးတဲ့ ကမာၻ႔ဖလားပြဲစဥ္မွာ ေပၚတူဂီအတြက္ အႏိုင္ဂိုးႏွစ္ဂိုးစလုံးကို

သြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္က အသင္းအႏိုင္ရဖို႔အတြက္ကသာ

အေရးအႀကီးဆုံးျဖစ္ၿပီး ဘယ္သူက ဂိုးသြင္းတယ္ဆိုတာက အေရးႀကီးတဲ့အခ်က္

မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀

သြင္းဂိုးစုစုေပါင္းက ၈ ဂိုးအထိ ရွိလာၿပီျဖစ္ပါတယ္။

ဖာနန္ဒက္စ္က “အေရးအႀကီးဆုံးအရာက ေပၚတူဂီအႏိုင္ရဖို႔ပါပဲ။

လူတိုင္းမွာ ရည္မွန္းခ်က္ရွိပါတယ္။

ေရာ္နယ္ဒိုနဲ႔ ကြၽန္ေတာ့္ မွာပဲ ရွိေနတာမဟုတ္ပါဘူး။

ပုံမွန္ဆိုရင္ ကြၽန္ေတာ္က ဖန္တီးေပးတယ္။

သူက ဂိုးသြင္းတယ္။ ဒါေပမယ့္ ဒီေန႔ေတာ့ အဲဒါက ေျပာင္းျပန္ျဖစ္သြားတယ္။

ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံးက အသင္းကို ကူညီေပးႏိုင္ဖို႔ပါ”

“ျဖစ္ႏိုင္ရင္ေတာ့ သြင္းဂိုးေတြနဲ႔ ကူညီေပးခ်င္တာေပါ့၊

ကြၽန္ေတာ္တို႔က ပြဲတိုင္းမွာ ဂိုးသြင္းခ်င္တဲ့သူေတြခ်ည္းပါပဲ။

ပြဲက အရမ္းပဲအေရးႀကီးႀကီး၊ အေရးမပါတဲ့ပြဲပဲျဖစ္ျဖစ္ေပါ့။

ကြၽန္ေတာ့္ နည္းျပေတြရဲ႕ အေတြးအေခၚ၊ အယူအဆေတြကို စိတ္ထဲမွာ

အၿမဲတမ္းအမွတ္ရေနပါတယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ္ အခုလို

၂ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ႏိုင္တယ္။” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*