
ပြီးခဲ့တဲ့ ရက်သတ္တပတ် တစ်ပတ်ခန့်ကပဲ လက်ရှိ အသင်းပိုင်ရှင်
ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို ဗြိတိန် အစိုးရမှ စီးပွားရေး အရ
ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက် လုပ်လိုက်တဲ့ အတွက် ၎င်းရဲ့ ပိုင်ဆိုင်မှု
တစ်စိတ်တစ်ဒေသ အဖြစ်နဲ့ ချဲလ်ဆီးဟာလည်း ကွင်းပြင်ပမှာ ပြစ်ဒဏ်
အမျိုးမျိုး ကျခံနေရပါတယ်။ ဒါပေမယ့် ဗြိတိန် အစိုးရဖက်မှ ဘယ်လောက်ပဲ
sanctions တွေ ချမှတ်ထားပါစေ ၊ ခြင်္သေ့ပြာတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့
ကွင်းတွင်း စွမ်းဆောင်ရည်ကိုတော့ ဘယ်လိုမှ ပိတ်ဆို့ တားမြစ်ထားလို့
မရဘူးဆိုတာ နိုင်ပွဲဆက်နေတာက သက်သေထူနေပါတယ်။
မနေ့က ပွဲမှာ ဦးဆောင်ဂိုးရခဲ့တာကတော့ လိုင်လီဖြစ်ခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့
လက်ထိဘောကတစ်ဆင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ယီလ်မက်ဇ်က
အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ဂျော်ဂျင်ဟို လက်နဲ့သိသိသာသာ တားဆီးဖို့
ကြိုးစားခဲ့တာဖြစ်ပြီး VAR အဆုံးအဖြတ်နဲ့ ပင်နယ်တီသတ်မှတ်ပေးခဲ့တာပါ။
ဒါပေမယ့် ချဲလ်ဆီးတို့ ပထမပိုင်းမပြီးခင်မှာတင် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး
ဂျော်ဂျင်ဟိုကပဲ ပူလီဆစ်ရဲ့ ပြေးလမ်းကြောင်းထဲကို အကွက်မြင်မြင်နဲ့
ခင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီဘောလုံးကိုတော့ ပူလီဆစ်က ဂိုးသမားရဲ့
အဝေးထောင့်ထဲကို ကန်သွင်းပြီး ပထမပိုင်းမှာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လိုင်လီက ဇီခါရဲ့ အပိုင်ခေါင်းတိုက်ချက်တစ်ကြိမ်
တိုင်ထိထွက်ခဲ့တာကလည်း လိုင်လီအတွက် တော်တော်လေး နစ်နာစေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး မေဆင်မောင့်ရဲ့
ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ချဲလ်ဆီးတို့ ၁-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲကိုအနိုင်ရရှိခဲ့ပြီး
နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။
zawgyi
ဘယ္ေလာက္ပဲ ျပစ္ဒဏ္အမ်ိဳးမ်ိဳးနဲ႔ပိတ္ဆို႔ေနပါေစ ျခေသၤ့ျပာတို႔ရဲ႕ ေျခစြမ္းကိုေတာ့ ပိတ္ဆို႔လို႔မရဘူး
ၿပီးခဲ့တဲ့ ရက္သတၱပတ္ တစ္ပတ္ခန႔္ကပဲ လက္ရွိ အသင္းပိုင္ရွင္
႐ုရွား ဘီလ်ံနာ ႐ိုမန္ ေအဘရာမိုဗစ္ခ္်ကို ၿဗိတိန္ အစိုးရမွ စီးပြားေရး အရ
ပိတ္ဆို႔ အေရးယူမႈေတြ ဆက္တိုက္ လုပ္လိုက္တဲ့ အတြက္ ၎ရဲ႕ ပိုင္ဆိုင္မႈ
တစ္စိတ္တစ္ေဒသ အျဖစ္နဲ႔ ခ်ဲလ္ဆီးဟာလည္း ကြင္းျပင္ပမွာ ျပစ္ဒဏ္
အမ်ိဳးမ်ိဳး က်ခံေနရပါတယ္။ ဒါေပမယ့္ ၿဗိတိန္ အစိုးရဖက္မွ ဘယ္ေလာက္ပဲ
sanctions ေတြ ခ်မွတ္ထားပါေစ ၊ ျခေသၤ့ျပာတို႔ရဲ႕ တိုက္ပြဲဝင္ စိတ္ဓာတ္နဲ႔
ကြင္းတြင္း စြမ္းေဆာင္ရည္ကိုေတာ့ ဘယ္လိုမွ ပိတ္ဆို႔ တားျမစ္ထားလို႔
မရဘူးဆိုတာ ႏိုင္ပြဲဆက္ေနတာက သက္ေသထူေနပါတယ္။
မေန႔က ပြဲမွာ ဦးေဆာင္ဂိုးရခဲ့တာကေတာ့ လိုင္လီျဖစ္ခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုရဲ႕
လက္ထိေဘာကတစ္ဆင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ယီလ္မက္ဇ္က
အပိုင္ကန္သြင္းယူခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟို လက္နဲ႔သိသိသာသာ တားဆီးဖို႔
ႀကိဳးစားခဲ့တာျဖစ္ၿပီး VAR အဆုံးအျဖတ္နဲ႔ ပင္နယ္တီသတ္မွတ္ေပးခဲ့တာပါ။
ဒါေပမယ့္ ခ်ဲလ္ဆီးတို႔ ပထမပိုင္းမၿပီးခင္မွာတင္ ေခ်ပဂိုးျပန္လည္ရရွိခဲ့ၿပီး
ေဂ်ာ္ဂ်င္ဟိုကပဲ ပူလီဆစ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို အကြက္ျမင္ျမင္နဲ႔
ခင္းေပးခဲ့တာျဖစ္ပါတယ္။ ဒီေဘာလုံးကိုေတာ့ ပူလီဆစ္က ဂိုးသမားရဲ႕
အေဝးေထာင့္ထဲကို ကန္သြင္းၿပီး ပထမပိုင္းမွာ တစ္ဂိုးစီသေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။
ဒုတိယပိုင္းမွာ လိုင္လီက ဇီခါရဲ႕ အပိုင္ေခါင္းတိုက္ခ်က္တစ္ႀကိမ္
တိုင္ထိထြက္ခဲ့တာကလည္း လိုင္လီအတြက္ ေတာ္ေတာ္ေလး နစ္နာေစခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုးရခဲ့ၿပီး ေမဆင္ေမာင့္ရဲ႕
ျဖတ္တင္ေဘာကို အသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက ေျပးဝင္ပိတ္သြင္းခဲ့ပါတယ္။
ေနာက္ဆုံးမွာေတာ့ ခ်ဲလ္ဆီးတို႔ ၁-၂ ဂိုးဆိုတဲ့ ရလဒ္နဲ႔ပဲ ပြဲကိုအႏိုင္ရရွိခဲ့ၿပီး
ႏွစ္ေက်ာ့ေပါင္းရလဒ္ ၄-၁ ဂိုးနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ခဲ့ပါတယ္။
Leave a Reply