ဘယ်လာပေ့ါချ်ကို ကျော်ဖြတ်ပြီး လူမှုကွန်ရက်မှာ Like အများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ မက်ဆီ

ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့အတူ အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီ

အောင်ပွဲခံနေတဲ့ Instagram Post ဟာ လူမှုကွန်ရက်သမိုင်းမှာ Like အများဆုံး
အဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မက်ဆီရဲ့ Post ဟာ ၂၀၂၀ တုန်းက TikTok မှာ Like အများဆုံးအဖြစ်စံချိန်တင်ခဲ့တဲ့
ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသူ မိန်းကလေးအဆိုတော်ဖြစ်သူ ဘယ်လာပေါ့ချ်ရဲ့
စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းဟာ လက်ရှိချန်ပီယံပြင်သစ်ကို
ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး (၃၆)နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလား
ချန်ပီယံဆု ဆွတ်ခူးခဲ့သလို မက်ဆီက ချန်ပီယံဆုနဲ့အောင်ပွဲခံနေတဲ့ ဓာတ်ပုံ(၁၀)ပုံကို
Instagram မှာ Post တင်ခဲ့ပါတယ်။

Intagram မှာ မက်ဆီ Post တင်ပြီးတဲ့နောက် အဲဒီပုံကို Like လုပ်တဲ့သူက (၆၈)သန်းကျော်
အထိရှိနေပြီး သူ့ရဲ့ Instagram မှာ Followers အရေအတွက်ကလည်း (၄၀၄)သန်းအထိ

ရှိလာပါတယ်။

၂၀၂၀၊ သြဂုတ်လတုန်းက ဘယ်လာပေ့ါချ်ဟာ ဗြိတိန် rapper မိုင်လီဘီ( Millie B)ရဲ့

‘ ‘M to the B’ သီချင်းနဲ့ သရုပ်ဆောင်ထားတဲ့ ရုပ်သံကို Tick Tok မှာ Post တင်ခဲ့ပြီး
Like လုပ်သူ (၆၀.၃)သန်းကျော်နဲ့ လူမှုကွန်ရက်မှာ Like အများဆုံးအဖြစ် စံချိန်တင်ခဲ့တာ
ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မက်ဆီက အဲဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို Instagram
သမိုင်းတစ်လျှောက် Like အများဆုံးဖြစ်တဲ့ World Record Egg ရဲ့ ကြက်ဥပုံကို
(၅၇)သန်းကျော် Like လုပ်ခဲ့တာထက် ပိုများခဲ့ပါတယ်။

[Zawgyi]

ကမာၻ႔ဖလားခ်န္ပီယံဆုနဲ႔အတူ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီ
ေအာင္ပြဲခံေနတဲ့ Instagram Post ဟာ လူမႈကြန္ရက္သမိုင္းမွာ Like အမ်ားဆုံး
အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မက္ဆီရဲ႕ Post ဟာ ၂၀၂၀ တုန္းက TikTok မွာ Like အမ်ားဆုံးအျဖစ္စံခ်ိန္တင္ခဲ့တဲ့
ဖိလစ္ပိုင္ဖြား အေမရိကန္ႏိုင္ငံသူ မိန္းကေလးအဆိုေတာ္ျဖစ္သူ ဘယ္လာေပါ့ခ်္ရဲ႕

စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားအသင္းဟာ လက္ရွိခ်န္ပီယံျပင္သစ္ကို

ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရၿပီး (၃၆)ႏွစ္ၾကာေဝးကြာေနတဲ့ ကမာၻ႔ဖလား
ခ်န္ပီယံဆု ဆြတ္ခူးခဲ့သလို မက္ဆီက ခ်န္ပီယံဆုနဲ႔ေအာင္ပြဲခံေနတဲ့ ဓာတ္ပုံ(၁၀)ပုံကို
Instagram မွာ Post တင္ခဲ့ပါတယ္။

Intagram မွာ မက္ဆီ Post တင္ၿပီးတဲ့ေနာက္ အဲဒီပုံကို Like လုပ္တဲ့သူက (၆၈)သန္းေက်ာ္
အထိရွိေနၿပီး သူ႔ရဲ႕ Instagram မွာ Followers အေရအတြက္ကလည္း (၄၀၄)သန္းအထိ
ရွိလာပါတယ္။

၂၀၂၀၊ ၾသဂုတ္လတုန္းက ဘယ္လာေပ့ါခ်္ဟာ ၿဗိတိန္ rapper မိုင္လီဘီ( Millie B)ရဲ႕
‘ ‘M to the B’ သီခ်င္းနဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္သံကို Tick Tok မွာ Post တင္ခဲ့ၿပီး
Like လုပ္သူ (၆၀.၃)သန္းေက်ာ္နဲ႔ လူမႈကြန္ရက္မွာ Like အမ်ားဆုံးအျဖစ္ စံခ်ိန္တင္ခဲ့တာ

ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ မက္ဆီက အဲဒီစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့သလို Instagram

သမိုင္းတစ္ေလွ်ာက္ Like အမ်ားဆုံးျဖစ္တဲ့ World Record Egg ရဲ႕ ၾကက္ဥပုံကို
(၅၇)သန္းေက်ာ္ Like လုပ္ခဲ့တာထက္ ပိုမ်ားခဲ့ပါတယ္။