ဘယ်တုန်းကမှ ကြီးကျယ်ခမ်းနားတဲ့ကစားသမား မဖြစ်ခဲ့တဲ့ ကက်စ်မီရိုကို မန်ယူခေါ်လိုက်တာ မှားပြီလို့ ဆောင်းနက်စ် ဝေဖန်

ကက်စ်မီရိုကို မန်ယူခေါ်လိုက်တာဟာ အမှားတစ်ခုလုပ်လိုက်ခြင်းသာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်လူဟာ ဘယ်တုန်းကမှ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက် မဖြစ်ခဲ့ဘူးလို့ Sky Sports ရုပ်သံ ဘောလုံးပွဲသုံးသပ်သူ

ဂရေမီဆောင်းနက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ကက်စ်မီရိုဟာ အပိုဆုကြေးအပါအဝင် ပေါင် သန်း ၇၀ ဆိုတဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ မန်ယူကိုရောက်လာတော့မှာပါ။ အသက် ၃၀ အရွယ်ကွင်းလယ်လူဟာ

ရီးရဲလ်နဲ့အတူ စပိန်မှာဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်ကို အတွေ့အကြုံကောင်းတွေ သယ်ဆောင်လာနိုင်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ဂန္ထဝင်ကတော့

ကက်စ်မီရိုရဲ့ခြေစွမ်းနဲ့ပြောင်းရွှေ့ကြေးအပေါ် ဝေဖန်ထိုးနှက်လိုက်တာပါ။ “ ကက်စ်မီရိုဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ ကစားခွင့်ရခဲ့ပေမယ့် ကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ယောက်

ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ သူ့အသက်က ၃၀ ရှိနေပါပြီ။ ပေါင် သန်း ၆၀ ဒါမှမဟုတ် သန်း ၇၀ ဆိုတာ များလွန်းတဲ့ငွေပမာဏပါ။ သူက မန်ယူကို ပိုကောင်းလာစေမယ်လို့ ကျွန်တော် မမြင်ပါဘူး ” လို့

ဂရေမီဆောင်းနက်စ်က talkSPORT ကနေ ပြောသွားခဲ့ပါတယ်။ ကက်စ်မီရိုကို မန်ယူခေါ်လိုက်တာနဲ့ပတ်သက်ပြီး ဆောင်းနက်စ်တစ်ဦးတည်း ဝေဖန်နေတာတော့ မဟုတ်ပါဘူး။ သရဲနီနောက်ခံလူဟောင်း

ရီယိုဖာဒီနန်ကလည်း အသက် ၃၀ အရွယ်ကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေး၊ အပိုဆုကြေးနဲ့ လစာတွေအပါအဝင် ပေါင် သန်း ၁၀၀ လောက်သုံးမှာဟာ စီးပွားရေးရှုထောင့်ကကြည့်ရင် ရှုံးဖို့သာရှိတယ်လို့ ဝေဖန်ထားပါတယ်။

(zawgyi)

ကက္စ္မီ႐ိုကို မန္ယူေခၚလိုက္တာဟာ အမွားတစ္ခုလုပ္လိုက္ျခင္းသာျဖစ္ၿပီး ဘရာဇီးလ္ကြင္းလယ္လူဟာ ဘယ္တုန္းကမွ ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားတစ္ေယာက္ မျဖစ္ခဲ့ဘူးလို႔ Sky Sports ႐ုပ္သံ ေဘာလုံးပြဲသုံးသပ္သူ

ဂေရမီေဆာင္းနက္စ္က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ ကက္စ္မီ႐ိုဟာ အပိုဆုေၾကးအပါအဝင္ ေပါင္ သန္း ၇၀ ဆိုတဲ့ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မန္ယူကိုေရာက္လာေတာ့မွာပါ။

အသက္ ၃၀ အ႐ြယ္ကြင္းလယ္လူဟာ ရီးရဲလ္နဲ႔အတူ စပိန္မွာဆုဖလားေတြ ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ကို အေတြ႕အႀကဳံေကာင္းေတြ သယ္ေဆာင္လာႏိုင္မယ္လို႔ ပရိသတ္ေတြက

ယုံၾကည္ေနၾကပါတယ္။ ဒါေပမဲ့ လီဗာပူးလ္ဂႏၴဝင္ကေတာ့ ကက္စ္မီ႐ိုရဲ႕ေျခစြမ္းနဲ႔ေျပာင္းေ႐ႊ႕ေၾကးအေပၚ ေဝဖန္ထိုးႏွက္လိုက္တာပါ။ “ ကက္စ္မီ႐ိုဟာ ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားေတြနဲ႔

ကစားခြင့္ရခဲ့ေပမယ့္ ႀကီးက်ယ္ခမ္းနားတဲ့ကစားသမားတစ္ေယာက္ ဘယ္တုန္းကမွ မျဖစ္ခဲ့ပါဘူး။ သူ႔အသက္က ၃၀ ရွိေနပါၿပီ။ ေပါင္ သန္း ၆၀ ဒါမွမဟုတ္ သန္း ၇၀ ဆိုတာ မ်ားလြန္းတဲ့ေငြပမာဏပါ။

သူက မန္ယူကို ပိုေကာင္းလာေစမယ္လို႔ ကြၽန္ေတာ္ မျမင္ပါဘူး ” လို႔ ဂေရမီေဆာင္းနက္စ္က talkSPORT ကေန ေျပာသြားခဲ့ပါတယ္။ ကက္စ္မီ႐ိုကို မန္ယူေခၚလိုက္တာနဲ႔ပတ္သက္ၿပီး ေဆာင္းနက္စ္တစ္ဦးတည္း ေဝဖန္ေနတာေတာ့ မဟုတ္ပါဘူး။

သရဲနီေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ကလည္း အသက္ ၃၀ အ႐ြယ္ကစားသမားတစ္ေယာက္ကို ေျပာင္းေ႐ႊ႕ေၾကး၊ အပိုဆုေၾကးနဲ႔ လစာေတြအပါအဝင္ ေပါင္ သန္း ၁၀၀ ေလာက္သုံးမွာဟာ စီးပြားေရးရႈေထာင့္ကၾကည့္ရင္ ရႈံးဖို႔သာရွိတယ္လို႔ ေဝဖန္ထားပါတယ္။