ဘန်လေနဲ့လိဂ်ဖလားပွဲကို လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်းတို့ လွဲချော်ဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ(၂၁)ရက်ကျရင် လိဂ်ဖလားစတုတ္ထ

အဆင့်ပွဲအဖြစ် ဘန်လေနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး
အဲဒီပွဲကို အဓိကနောက်ခံလူနှစ်ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့
လွဲချော်ဖို့ သေချာသလောက်ရှိနေပါပြီ။

၂၀၂၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အပြီးမှာ သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေနဲ့အတူ
ပါဝင်ကစားခဲ့ကြတဲ့ ဘရူနိုဖာနန်ဒက်စ်၊ ဒါလော့တ်၊ မက်ဂွိုင်းယား၊ ရပ်ရှ်ဖို့ဒ်၊ လုခ်ရှော၊
ကတ်စ်မဲရိုး၊ အန်တိုနီ၊ ဖရက်ဒ်၊ မာလာစီယာ စတဲ့ ယူနိုက်တက်ကစားသမား(၉)ဦးဟာ

ကာတာနိုင်ငံကနေ အင်္ဂလန်ကို ပြန်လာမှာဖြစ်ပေမယ့် လီဆန်ဒရိုမာတီနက်ဇ်နဲ့
ဗာရန်းတို့ကတော့ အာဂျင်တီးနား၊ ပြင်သစ်အသင်းတို့အတွက် ဆီမီးဖိုင်နယ်ပွဲစဉ်
ဆက်လက်ကစားရဦးမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲကို ဒီဇင်ဘာ(၁၇)၊ (၁၈)ရက်တွေမှာ
ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဗာရန်းတို့ဟာ အနည်းဆုံး

ဒီဇင်ဘာ(၁၈)နောက်ပိုင်းမှ ကလပ်ကို ပြန်လာဖို့ရှိတာကြောင့် ပွဲပန်းမှုဒဏ်အရ
ဘန်လေနဲ့ပွဲကျရင် သူတို့နှစ်ယောက်ကို နည်းပြအဲရစ်တန်ဟက်က အနားပေးဖို့ရှိပါတယ်။

ဒီရာသီ ယူနိုက်တက်အသင်းခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဒါလော့တ်ဟာ မော်ရိုကိုနဲ့
ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဘန်လေနဲ့
ပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီဇင္ဘာ(၂၁)ရက္က်ရင္ လိဂ္ဖလားစတုတၳ
အဆင့္ပြဲအျဖစ္ ဘန္ေလနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး
အဲဒီပြဲကို အဓိကေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဗာရန္းတို႔
လြဲေခ်ာ္ဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။

၂၀၂၂ ကမာၻ႔ဖလားကြာတားဖိုင္နယ္အၿပီးမွာ သက္ဆိုင္ရာလက္ေ႐ြးစင္အသင္းေတြနဲ႔အတူ
ပါဝင္ကစားခဲ့ၾကတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္၊ ဒါေလာ့တ္၊ မက္ဂြိဳင္းယား၊ ရပ္ရွ္ဖို႔ဒ္၊ လုခ္ေရွာ၊

ကတ္စ္မဲ႐ိုး၊ အန္တိုနီ၊ ဖရက္ဒ္၊ မာလာစီယာ စတဲ့ ယူႏိုက္တက္ကစားသမား(၉)ဦးဟာ

ကာတာႏိုင္ငံကေန အဂၤလန္ကို ျပန္လာမွာျဖစ္ေပမယ့္ လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔

ဗာရန္းတို႔ကေတာ့ အာဂ်င္တီးနား၊ ျပင္သစ္အသင္းတို႔အတြက္ ဆီမီးဖိုင္နယ္ပြဲစဥ္
ဆက္လက္ကစားရဦးမွာျဖစ္ပါတယ္။

ကမာၻ႔ဖလား တတိယေနရာလုပြဲနဲ႔ ဗိုလ္လုပြဲကို ဒီဇင္ဘာ(၁၇)၊ (၁၈)ရက္ေတြမွာ
ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ ဗာရန္းတို႔ဟာ အနည္းဆုံး
ဒီဇင္ဘာ(၁၈)ေနာက္ပိုင္းမွ ကလပ္ကို ျပန္လာဖို႔ရွိတာေၾကာင့္ ပြဲပန္းမႈဒဏ္အရ
ဘန္ေလနဲ႔ပြဲက်ရင္ သူတို႔ႏွစ္ေယာက္ကို နည္းျပအဲရစ္တန္ဟက္က အနားေပးဖို႔ရွိပါတယ္။

ဒီရာသီ ယူႏိုက္တက္အသင္းခံစစ္မွာ ေျခစြမ္းျပေနတဲ့ ဒါေလာ့တ္ဟာ ေမာ္႐ိုကိုနဲ႔
ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာေၾကာင့္ ဘန္ေလနဲ႔
ပြဲမတိုင္ခင္ ႀကံ့ခိုင္မႈျပည့္ဝႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။