“ဘန်ဇီးမား ဟာ အခုအချိန်မှာ ပြိုင်ဘက်ကင်းဖြစ်နေလို့ ရွှေဘောလုံးဆုနဲ့ ထိုက်တန်နေပြီ” ဖာဒီနန်

ဘန်ဇီးမားဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ

ဟက်ထရစ်သွင်းဂိုးထပ်မံရရှိခဲ့တဲ့နောက် ယခုနှစ်ရာသီပြိုင်ပွဲစုံ ၃၆ပွဲမှာ

သွင်းဂိုး ၃၇ဂိုးအထိသွင်းယူပေးထားနိုင်တာပါ။ အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့

မက်ဒရစ်အသင်းခေါင်းဆောင်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ

၂ပွဲဆက်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ

၇ပွဲမှာ ၁၃ဂိုးအထိတောင်သွင်းယူထားနိုင်ပါတယ်။ ယူနိုက်တက် နောက်ခံလူဟောင်း

ရီယိုဖာဒီနန် က ဘန်ဇီးမား ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး

တစ်ယောက် ဖြစ်နေပြီး ဒီရာသီမှာ ပြသ နေတဲ့ ခြေစွမ်း နဲ့ စွမ်းဆောင်ရည် တွေဟာ

လာမယ့် ရွှေဘောလုံး ဆုပေးပွဲမှာ ဆုတက်ယူဖို့ ထိုက်တန် နေပါပြီ လို့ ချီးကျူးသွားခဲ့ပါတယ်။

“ဘန်ဇီးမား ရဲ့ ဂိုးတွေက ရပ်တန့်လို့ မရသေး ပါဘူး။

ဒီရာသီမှာ သူ့ရဲ့ သွင်းဂိုးတွေက အသင်းကို ထိပ်ဆုံးကို ရောက်အောင် ကူညီ ပေးနေတာပါ။

လာလီဂါ မှာ ဆိုရင် ၁၂ မှတ်တောင် ဖြတ်ထားပါတယ်”

“သူက အခု အသင်းရဲ့ အရေးအပါဆုံး ကစားသမား ၊ အသင်းရဲ့ ခေါင်းဆောင်

တစ်ယောက် ဖြစ်နေပါပြီ။ နောက်ဆုံးမှာတော့ သူ ရိုနယ်ဒို ရဲ့ အရိပ်အောက် ကနေ

လွတ်မြောက် ခဲ့ပြီလို့ ပြောရမှာပါ။ လက်ရှိမှာတော့ ဘန်ဇီးမား က ကမ္ဘာ့အကောင်းဆုံး

တိုက်စစ်မှူး ပါပဲ။ လီဝန်ဒေါ့စကီး ၊ ဟယ်ရီကိန်း တို့ကလည်း တကယ်ကောင်းတဲ့

တိုက်စစ်မှူးတွေပါ။ ဒါပေမယ့် ဘန်ဇီးမား က တော့ အားလုံးထက် ပိုမြင့်တဲ့

အဆင့်ကို ရောက်နေပါပြီ” “တကယ်လို့ ဘန်ဇီးမား ရဲ့ အမည်သာ

ရွှေဘောလုံးဆုပေးပွဲ စင်မြင့်ထက်မှာ မကြားရဘူး ဆိုရင်တော့

ကျွန်တော် တော်တော်လေး အံ့အားသင့် မိမှာပါ။

အခုချိန်မှာတော့ ဘန်ဇီးမား က ပြိုင်ဘက် ကင်းပါပဲ ။” လို့ ဖာဒီနန် ကပြောပါတယ်။

zawgyi

“ဘန္ဇီးမား ဟာ အခုအခ်ိန္မွာ ၿပိဳင္ဘက္ကင္းျဖစ္ေနလို႔ ေ႐ႊေဘာလုံးဆုနဲ႔ ထိုက္တန္ေနၿပီ” ဖာဒီနန္

ဘန္ဇီးမားဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ

ဟက္ထရစ္သြင္းဂိုးထပ္မံရရွိခဲ့တဲ့ေနာက္ ယခုႏွစ္ရာသီၿပိဳင္ပြဲစုံ ၃၆ပြဲမွာ

သြင္းဂိုး ၃၇ဂိုးအထိသြင္းယူေပးထားႏိုင္တာပါ။ အသက္ ၃၄ႏွစ္ရွိၿပီျဖစ္တဲ့

မက္ဒရစ္အသင္းေခါင္းေဆာင္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲႀကီးမွာ

၂ပြဲဆက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ၿပိဳင္ပြဲစုံ

၇ပြဲမွာ ၁၃ဂိုးအထိေတာင္သြင္းယူထားႏိုင္ပါတယ္။ ယူႏိုက္တက္ ေနာက္ခံလူေဟာင္း

ရီယိုဖာဒီနန္ က ဘန္ဇီးမား ဟာ လက္ရွိ ကမာၻ႔ အေကာင္းဆုံး တိုက္စစ္မႉး

တစ္ေယာက္ ျဖစ္ေနၿပီး ဒီရာသီမွာ ျပသ ေနတဲ့ ေျခစြမ္း နဲ႔ စြမ္းေဆာင္ရည္ ေတြဟာ

လာမယ့္ ေ႐ႊေဘာလုံး ဆုေပးပြဲမွာ ဆုတက္ယူဖို႔ ထိုက္တန္ ေနပါၿပီ လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

“ဘန္ဇီးမား ရဲ႕ ဂိုးေတြက ရပ္တန႔္လို႔ မရေသး ပါဘူး။

ဒီရာသီမွာ သူ႔ရဲ႕ သြင္းဂိုးေတြက အသင္းကို ထိပ္ဆုံးကို ေရာက္ေအာင္ ကူညီ ေပးေနတာပါ။

လာလီဂါ မွာ ဆိုရင္ ၁၂ မွတ္ေတာင္ ျဖတ္ထားပါတယ္”

“သူက အခု အသင္းရဲ႕ အေရးအပါဆုံး ကစားသမား ၊ အသင္းရဲ႕ ေခါင္းေဆာင္

တစ္ေယာက္ ျဖစ္ေနပါၿပီ။ ေနာက္ဆုံးမွာေတာ့ သူ ႐ိုနယ္ဒို ရဲ႕ အရိပ္ေအာက္ ကေန

လြတ္ေျမာက္ ခဲ့ၿပီလို႔ ေျပာရမွာပါ။ လက္ရွိမွာေတာ့ ဘန္ဇီးမား က ကမာၻ႔အေကာင္းဆုံး

တိုက္စစ္မႉး ပါပဲ။ လီဝန္ေဒါ့စကီး ၊ ဟယ္ရီကိန္း တို႔ကလည္း တကယ္ေကာင္းတဲ့

တိုက္စစ္မႉးေတြပါ။ ဒါေပမယ့္ ဘန္ဇီးမား က ေတာ့ အားလုံးထက္ ပိုျမင့္တဲ့

အဆင့္ကို ေရာက္ေနပါၿပီ” “တကယ္လို႔ ဘန္ဇီးမား ရဲ႕ အမည္သာ

ေ႐ႊေဘာလုံးဆုေပးပြဲ စင္ျမင့္ထက္မွာ မၾကားရဘူး ဆိုရင္ေတာ့

ကြၽန္ေတာ္ ေတာ္ေတာ္ေလး အံ့အားသင့္ မိမွာပါ။

အခုခ်ိန္မွာေတာ့ ဘန္ဇီးမား က ၿပိဳင္ဘက္ ကင္းပါပဲ ။” လို႔ ဖာဒီနန္ ကေျပာပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*