” ဘန်ဇီးမားကို ရော်နယ်ဒို အမြဲတမ်း ကျေးဇူးတင်နေသင့်တယ် “

အန်တိုနီယိုကာဆာနိုက ရော်နယ်ဒိုအနေဖြင့်ရီးရဲလ်မက်ဒရစ်တွင်ရရှိခဲ့တဲ့

အောင်မြင်မှုများအတွက် ကာရမ်ဘန်ဇီးမားကိုကျေးဇူးတင်သင့်ကြောင်းပြောကြားလာပါတယ်။

ပြင်သစ်တိုက်စစ်မှူးဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်အောင်မြင်မှုတွက် အဓိကနေရာမှပါဝင်ခဲ့ပြီး

ရော်နယ်ဒိုအတွက်ဖန်တီးမှု၄၇ကြိမ်အထိပြုလုပ်ပေးခဲ့ပါတယ်။

” ဘောလုံး လောကမှာ ဆုဖလားတွေနဲ့ သွင်းဂိုးတွေကပဲ အရာရာတိုင်း မဟုတ်ပါဘူး။

ဇီဒန်း ဆိုရင် ဂိုးတွေ အများကြီး မသွင်းယူထားနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ သူဟာ ဘောလုံး အားကစား လောကရဲ့ အခမ်းနားဆုံးသော ကစားသမား တစ်ဦးပါ။

ရီကွယ်မီး လည်း အတူတူပါပဲ။ ဂိုးတွေက အသုံးဝင်ပါတယ်။ ဆုဖလားတွေကလည်း အသုံးဝင် ပါတယ်။

ဒါပေမဲ့ အဲဒါက အခြေခံတွေ မဟုတ်ပါဘူး။ ရော်နယ်ဒို အနေနဲ့ မနက် ဝတ်ပြုပြီးတိုင်း

‘ ငါနဲ့ အတူ ကစားပေးခဲ့တဲ့ အတွက် ကျေးဇူးပါ ဘန်ဇီးမားရေ ‘ လို့ ဆုတောင်းသင့်ပါတယ် ”

” ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ ရာသီနဲ့ လက်ရှိ ရာသီမှာ သွင်းဂိုး 50 ကျော် သွင်းယူထားနိုင်ခဲ့ ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ နဲ့ လက်ရှိ ရာသီ အတွင်း သူ့ရဲ့ ဂိုး ဖန်တီးမှု က အကြိမ် 30 ကျော် ရှိခဲ့ပါတယ်။

ရော်နယ်ဒို ဆိုတာ ဂိုးတွေ အမြဲ သွင်းနေမှာပါ ၊ ဒါပေမဲ့ ခြားနားတဲ့ ကစားသမားပါ ”လို့

ကာဆာနိုက ပြောဆိုခဲ့တာပါ။

zawgyi
















Be the first to comment

Leave a Reply

Your email address will not be published.


*