ဘန်ဂျာမင်အတွက် သန်းတစ်ထောင်အပြင် ဘရူနိုနဲ့ဖရက်ဒ်ကို အလိုက်ပေးမလားလို့ မန်ယူကို ဆဲလ်ဘတ် နောက်ပြောင်

လီဗာပူးလ်ကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့ ခြေစမ်းပွဲအပြီးမှာ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းက သူတို့တိုက်စစ်မှူးဘန်ဂျာမင်ဆက်ကို ကို စိတ်ဝင်စားနေတဲ့မန်ယူအသင်းကို

တွစ်တာမှာ Troll လိုက်ပါတယ်။ ဟာလန်းထက်ပိုကောင်းတယ်လို့ အသင်းဖော်တွေတင်စားနေကြတဲ့ အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးလေးဟာ ဆဲလ်ဘတ်အတွက်

တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ မန်ယူအသင်းဟာ ဆဲလ်ဘတ်အတွက် ၃၈ ပွဲမှာ ၁၂ ဂိုးသွင်းထားတဲ့ ဆလိုဗေးနီးယားသားကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ဒါကြောင့် ဆဲလ်ဘတ်က သူတို့ရဲ့တွစ်တာမှာ “ သန်း ၃၀၀ + ဘရူနိုဖာနန်ဒက်စ်ကို ငါတို့လိုချင်တယ် ” လို့ လက်မထောင်ထားတဲ့ အီမိုဂျီနဲ့အတူ စတင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘန်ဂျာမင်က လီဗာပူးလ်ဘက်ကို ဂိုးသွင်းလိုက်တဲ့နောက်မှာတော့ သြစတြီးယားကလပ်က သူတို့တိုက်စစ်မှူးအတွက် တောင်းဆိုမှုကိုတိုးမြှင့်လိုက်ပါတယ်။

“ ပြင်ဆင်ချက် .. အခုတော့ တစ်ဘီလီယံ၊ ဘရူနိုနဲ့ ဖရက်ဒ်ကို ဆက်ကိုအတွက် ကျွန်တော်တို့လိုချင်ပါတယ် ” လို့ ရေးသားလိုက်တာပါ။ မန်ယူကို Troll လိုက်တာဖြစ်ပေမယ့်

ဘန်ဂျာမင်အတွက် သူတို့ခေါ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းဆိုတာ လက်တွေ့ကျပါတယ်ဆိုတဲ့အကြောင်း သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဆဲလ်ဘတ်ဟာ ဆလိုဗေးနီးယားတိုက်စစ်မှူးလေးကို အနည်းဆုံးတော့ နောက်ထပ်တစ်ရာသီ ထိန်းသိမ်းထားဦးမယ်လို့လည်း သိရပါတယ်။

(zawgyi)

လီဗာပူးလ္ကို ၁-၀ ဂိုးနဲ႔အႏိုင္ရတဲ့ ေျခစမ္းပြဲအၿပီးမွာ ရက္ဘူးလ္ဆဲလ္ဘတ္အသင္းက သူတို႔တိုက္စစ္မႉးဘန္ဂ်ာမင္ဆက္ကို ကို စိတ္ဝင္စားေနတဲ့မန္ယူအသင္းကို

တြစ္တာမွာ Troll လိုက္ပါတယ္။ ဟာလန္းထက္ပိုေကာင္းတယ္လို႔ အသင္းေဖာ္ေတြတင္စားေနၾကတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္တိုက္စစ္မႉးေလးဟာ ဆဲလ္ဘတ္အတြက္

တစ္လုံးတည္းေသာအႏိုင္ဂိုးကို သြင္းေပးခဲ့တာပါ။ မန္ယူအသင္းဟာ ဆဲလ္ဘတ္အတြက္ ၃၈ ပြဲမွာ ၁၂ ဂိုးသြင္းထားတဲ့ ဆလိုေဗးနီးယားသားကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။

ဒါေၾကာင့္ ဆဲလ္ဘတ္က သူတို႔ရဲ႕တြစ္တာမွာ “ သန္း ၃၀၀ + ဘ႐ူႏိုဖာနန္ဒက္စ္ကို ငါတို႔လိုခ်င္တယ္ ” လို႔ လက္မေထာင္ထားတဲ့ အီမိုဂ်ီနဲ႔အတူ စတင္ခဲ့ပါတယ္။

ဒါေပမဲ့ ဘန္ဂ်ာမင္က လီဗာပူးလ္ဘက္ကို ဂိုးသြင္းလိုက္တဲ့ေနာက္မွာေတာ့ ၾသစႀတီးယားကလပ္က သူတို႔တိုက္စစ္မႉးအတြက္ ေတာင္းဆိုမႈကိုတိုးျမႇင့္လိုက္ပါတယ္။

“ ျပင္ဆင္ခ်က္ .. အခုေတာ့ တစ္ဘီလီယံ၊ ဘ႐ူႏိုနဲ႔ ဖရက္ဒ္ကို ဆက္ကိုအတြက္ ကြၽန္ေတာ္တို႔လိုခ်င္ပါတယ္ ” လို႔ ေရးသားလိုက္တာပါ။ မန္ယူကို Troll လိုက္တာျဖစ္ေပမယ့္

ဘန္ဂ်ာမင္အတြက္ သူတို႔ေခၚထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၅ သန္းဆိုတာ လက္ေတြ႕က်ပါတယ္ဆိုတဲ့အေၾကာင္း သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ဆဲလ္ဘတ္ဟာ ဆလိုေဗးနီးယားတိုက္စစ္မႉးေလးကို အနည္းဆုံးေတာ့ ေနာက္ထပ္တစ္ရာသီ ထိန္းသိမ္းထားဦးမယ္လို႔လည္း သိရပါတယ္။