
ရှုံးထွက်(၁၆)သင်းအဆင့်အတွက် ပွဲစဉ်တွေ ထွက်ပေါ်လာပြီဖြစ်ပြီး
ပရီးမီးယားလိဂ်နာမည်ကျော်အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့
မန်ချက်စတာယူနိုက်တက်တို့ဟာ ခြေစွမ်းမာကျောတဲ့ပြိုင်ဘက်တွေနဲ့
ရင်ဆိုင်ရမှာဖြစ်လို့ သတိထားကစားရဖို့ရှိပါတယ်။
အုပ်စုပထမနေရာနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့တဲ့
အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်၊ ရိုးမား၊ ဆီဗီလာတို့ကို
ရှောင်လွှဲနိုင်ခဲ့ပေမယ့် ပေါ်တူဂီနာမည်ကျော် စပို့တင်းလစ္စဘွန်းနဲ့
ထိပ်တိုက်ဆုံတွေ့ရမှာဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ လန်ဒန်
မြို့ခံအသင်းပဲဖြစ်တဲ့ စပါးအသင်းနဲ့ဆုံတွေ့ခဲ့ပြီး အိမ်ကွင်းမှာ (၂-ဝ)ဂိုးနဲ့အနိုင်၊
အဝေးကွင်း(၁-၁)ဂိုးကစားနိုင်ခဲ့ပေမယ့် တခြားပွဲတွေမှာ ရလဒ်မကောင်း
ခဲ့တာကြောင့် အုပ်စုတတိယနဲ့ ယူရိုပါလိဂ်ဆင်းခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ ဥရောပပြိုင်ပွဲသမိုင်းတစ်လျှောက် စပို့တင်းလစ္စဘွန်းနဲ့
(၄)ကြိမ်ဆုံတွေ့ခဲ့ပြီး (၂)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ ရှုံးပွဲမရှိဘဲ နောက်ဆုံးအကြိမ်
ရင်ဆိုင်ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီ ယူရိုပါလိဂ်အုပ်စုအတွင်းမှာ အဝေးကွင်း
(၁-ဝ)ဂိုးနဲ့နိုင်၊ အိမ်ကွင်း ဂိုးမရှိသရေကျခဲ့ပါတယ်။
လာလီဂါထိပ်သီး ဘာစီလိုနာကို အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ရှုံးထွက်
(၁၆)သင်းအဆင့် တက်ခွင့်ရခဲ့တဲ့ ယူနိုက်တက်အသင်းဟာ စပိန်ကလပ်ပဲ
ဖြစ်တဲ့ ဘက်တစ်နဲ့ ဆုံတွေ့မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ဘက်တစ်တို့ဟာ
ဥရောပပြိုင်ပွဲတွေမှာ တစ်ခါမှ မတွေ့ဖူးဘဲ အခုမှ ပထမဆုံးအကြိမ်
ရင်ဆိုင်ကြမှာပါ။
ယူနိုက်တက်အသင်းဟာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး အခုအဆင့်ကို
တက်ရောက်နိုင်ခဲ့တယ်ဆိုပေမယ့် စပိန်ကလပ်တွေနဲ့ ရှုံးထွက်အဆင့်တွေမှာ
ဆုံတွေ့ရင် မှတ်တမ်းသိပ်မကောင်းတာကြောင့် ဘက်တစ်ကို အထင်သေးလို့
မရပါဘူး။
ယူရိုပါလိဂ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း
ယူနိုက်တက်တို့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်တွေမှာ
စပိန်ကလပ်တွေကို ရှုံးနိမ့်ပြီးတော့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
၂၀၁၇-၁၈ ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းမှာ ဆီဗီလာ၊ ၂၀၁၈-၁၉
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာ၊ ၂၀၁၉-၂၀ ယူရိုပါလိဂ်
ဆီမီးဖိုင်နယ်မှာ ဆီဗီလာ၊ ၂၀၂၀-၂၁ ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက
ဗီလာရီးယဲလ်၊ ၂၀၂၁-၂၂ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ
အက်သလက်တီကိုအသင်းတွေကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
တခြားပွဲစဉ်တွေမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အောင်မြင်မှုအများဆုံး
ဖြစ်တဲ့ ဆီဗီလာအသင်းဟာ တူရကီထိပ်သီး ဖီနာဘာချီ၊ စီးရီးအေ
နာမည်ကျော် ဂျူဗင်တပ်စ်အသင်းက ဖရိုင်းဘတ်၊ လေဗာကူဆင်နဲ့
ဖရန့်ဗာရို့စ်၊ နည်းပြကြီးမော်ရင်ဟိုရဲ့ ရိုးမားအသင်းက ဆိုစီဒက်နဲ့
ဆုံတွေ့နေပြီး ယူနီယန်ဘာလင်နဲ့ Union Saint-Gilloise ၊
ရှက်တာဒိုးနက်နဲ့ ဖီယင်နုတို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
[Zawgyi]
ရႈံးထြက္(၁၆)သင္းအဆင့္အတြက္ ပြဲစဥ္ေတြ ထြက္ေပၚလာၿပီျဖစ္ၿပီး
ပရီးမီးယားလိဂ္နာမည္ေက်ာ္အသင္းႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔
မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ေျခစြမ္းမာေက်ာတဲ့ၿပိဳင္ဘက္ေတြနဲ႔
ရင္ဆိုင္ရမွာျဖစ္လို႔ သတိထားကစားရဖို႔ရွိပါတယ္။
အုပ္စုပထမေနရာနဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့တဲ့
အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္စ္၊ ႐ိုးမား၊ ဆီဗီလာတို႔ကို
ေရွာင္လႊဲႏိုင္ခဲ့ေပမယ့္ ေပၚတူဂီနာမည္ေက်ာ္ စပို႔တင္းလစၥဘြန္းနဲ႔
ထိပ္တိုက္ဆုံေတြ႕ရမွာျဖစ္ပါတယ္။
စပို႔တင္းလစၥဘြန္းအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ လန္ဒန္
ၿမိဳ႕ခံအသင္းပဲျဖစ္တဲ့ စပါးအသင္းနဲ႔ဆုံေတြ႕ခဲ့ၿပီး အိမ္ကြင္းမွာ (၂-ဝ)ဂိုးနဲ႔အႏိုင္၊
အေဝးကြင္း(၁-၁)ဂိုးကစားႏိုင္ခဲ့ေပမယ့္ တျခားပြဲေတြမွာ ရလဒ္မေကာင္း
ခဲ့တာေၾကာင့္ အုပ္စုတတိယနဲ႔ ယူ႐ိုပါလိဂ္ဆင္းခဲ့ရတာပါ။
အာဆင္နယ္အသင္းဟာ ဥေရာပၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ စပို႔တင္းလစၥဘြန္းနဲ႔
(၄)ႀကိမ္ဆုံေတြ႕ခဲ့ၿပီး (၂)ပြဲႏိုင္၊ (၂)ပြဲသေရနဲ႔ ရႈံးပြဲမရွိဘဲ ေနာက္ဆုံးအႀကိမ္
ရင္ဆိုင္ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီ ယူ႐ိုပါလိဂ္အုပ္စုအတြင္းမွာ အေဝးကြင္း
(၁-ဝ)ဂိုးနဲ႔ႏိုင္၊ အိမ္ကြင္း ဂိုးမရွိသေရက်ခဲ့ပါတယ္။
လာလီဂါထိပ္သီး ဘာစီလိုနာကို အိမ္ကြင္းမွာ (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ရႈံးထြက္
(၁၆)သင္းအဆင့္ တက္ခြင့္ရခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ စပိန္ကလပ္ပဲ
ျဖစ္တဲ့ ဘက္တစ္နဲ႔ ဆုံေတြ႕မွာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ ဘက္တစ္တို႔ဟာ
ဥေရာပၿပိဳင္ပြဲေတြမွာ တစ္ခါမွ မေတြ႕ဖူးဘဲ အခုမွ ပထမဆုံးအႀကိမ္
ရင္ဆိုင္ၾကမွာပါ။
ယူႏိုက္တက္အသင္းဟာ ဘာစီလိုနာကို ေက်ာ္ျဖတ္ၿပီး အခုအဆင့္ကို
တက္ေရာက္ႏိုင္ခဲ့တယ္ဆိုေပမယ့္ စပိန္ကလပ္ေတြနဲ႔ ရႈံးထြက္အဆင့္ေတြမွာ
ဆုံေတြ႕ရင္ မွတ္တမ္းသိပ္မေကာင္းတာေၾကာင့္ ဘက္တစ္ကို အထင္ေသးလို႔
မရပါဘူး။
ယူ႐ိုပါလိဂ္မွာ ေနာက္ဆုံးဗိုလ္စြဲခဲ့တဲ့ ၂၀၁၆-၁၇ ရာသီေနာက္ပိုင္း
ယူႏိုက္တက္တို႔ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ၊ ရႈံးထြက္အဆင့္ေတြမွာ
စပိန္ကလပ္ေတြကို ရႈံးနိမ့္ၿပီးေတာ့ ၿပိဳင္ပြဲက ထြက္ခဲ့ရပါတယ္။
၂၀၁၇-၁၈ ခ်န္ပီယံလိဂ္ ရႈံးထြက္(၁၆)သင္းမွာ ဆီဗီလာ၊ ၂၀၁၈-၁၉
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ဘာစီလိုနာ၊ ၂၀၁၉-၂၀ ယူ႐ိုပါလိဂ္
ဆီမီးဖိုင္နယ္မွာ ဆီဗီလာ၊ ၂၀၂၀-၂၁ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတုန္းက
ဗီလာရီးယဲလ္၊ ၂၀၂၁-၂၂ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ
အက္သလက္တီကိုအသင္းေတြကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
တျခားပြဲစဥ္ေတြမွာေတာ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ေအာင္ျမင္မႈအမ်ားဆုံး
ျဖစ္တဲ့ ဆီဗီလာအသင္းဟာ တူရကီထိပ္သီး ဖီနာဘာခ်ီ၊ စီးရီးေအ
နာမည္ေက်ာ္ ဂ်ဴဗင္တပ္စ္အသင္းက ဖ႐ိုင္းဘတ္၊ ေလဗာကူဆင္နဲ႔
ဖရန႔္ဗာ႐ို႕စ္၊ နည္းျပႀကီးေမာ္ရင္ဟိုရဲ႕ ႐ိုးမားအသင္းက ဆိုစီဒက္နဲ႔
ဆုံေတြ႕ေနၿပီး ယူနီယန္ဘာလင္နဲ႔ Union Saint-Gilloise ၊
ရွက္တာဒိုးနက္နဲ႔ ဖီယင္ႏုတို႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။