
အဲရစ်တန်ဟက်က လီဗာပူးလ်ကို စံချိန်တင်(၇-ဝ)ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ပွဲက
ပွဲထွက်(၁၁)ယောက်ကို အပြောင်းအလဲမလုပ်ပဲ ဒီလူအတိုင်း
အသုံးပြုခဲ့ပေမယ့် လူမှန်နေရာမှန်ထားပြီး ရပ်ရှ်ဖို့ဒ်က ဘယ်ခြမ်း၊
ဗက်ဟော့တ်က ပုံမှန်အတိုင်းအထောင်တိုက်စစ်နဲ့ ဘရူနိုဖာနန်ဒက်စ်
ကတော့ No 10 Role ကစားခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားတွေ နိုင်လိုစိတ်ပြင်းပြင်းနဲ့ကစားသွားသလို
ဘက်တစ်အသင်းရဲ့ ခြေစွမ်းကလည်း သာမန်အောက်သာရှိတာကြောင့်
အခုလောက်အထိ ဂိုးပြတ်သွားတာပါ။ ယူနိုက်တက်အသင်းရဲ့ Low Passing
ကစားဟန်က ထိရောက်မှုရှိခဲ့ပြီး ရပ်ရှ်ဖို့ဒ်၊ အန်တိုနီတို့ရဲ့ တောင်ပံတိုက်စစ်
ရုန်းအားကိုလည်း ဘက်တစ်နောက်ခံလူတွေ မထိန်းနိုင်ခဲ့ဘူး။
ပွဲအစ(၆)မိနစ်မှာပဲ ရပ်ရှ်ဖို့ဒ်က ပယ်နယ်တီဧရိယာအတွင်း ညာခြေကန်ချက်
ပြင်းပြင်းနဲ့ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံမှာ သူ့အတွက် (၂၆)ဂိုးမြောက်
သွင်းဂိုးပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ (၃၂)မိနစ်မှာ ဘက်တစ် ချေပဂိုးရခဲ့သလို ဝါရင့်ကစားသမား ဟွမ်မီရဲ့
အကွက်မြင်မြင်ပေးပို့မှုကနေ နယူးကာဆယ်ကစားသမားဟောင်း
အယိုဇေပီရက်ဇ်က အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း (၅၂)မိနစ်မှာတော့ အန်တိုနီက သူ့ပုံစံအတိုင်းပဲ ညာခြမ်းကနေ
အထဲကို Cut Inside လုပ်ပြီးတော့ ဘယ်ခြေနဲ့ လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး
အန်တိုနီလည်း အဲဒီတစ်ပေါက်သာ လုပ်တတ်ပေမယ့် တစ်ခါတစ်ခါကျရင်တော့
အသုံးတည့်လေ့ရှိပါတယ်။
(၂-၁)ဂိုးဖြစ်သွားပေမယ့် ဒုတိယအကျော့ပွဲအတွက် ပြတ်သားတဲ့အဖြေတစ်ခုရဖို့
လိုနေတာကြောင့် ယူနိုက်တက်ကစားသမားတွေ တိုက်စစ်ကို အရှိန်မြှင့်ကစားခဲ့တဲ့
အတွက် နောက်ထပ်ဂိုးတွေရရှိခဲ့တယ်။
(၅၈)မိနစ်မှာ လုခ်ရှောရဲ့ ထောင့်ကန်ဘောကနေ ဘရူနိုဖာနန်ဒက်စ်က ခေါင်းတိုက်
သွင်းခဲ့ပြီး သူ့ရဲ့ခြေစွမ်းအပေါ် ဝေဖန်သံတွေကို တိတ်ဆိတ်အောင် စွမ်းဆောင်ပြ
နိုင်ခဲ့ပါပြီ။
စတုတ္ထဂိုးကိုတော့ တစ်ပွဲလုံးအလွဲလွဲအချော်ချော်ဖြစ်နေတဲ့ ဗက်ဟော့တ်က
သွင်းယူခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့
အဝေးကွင်းပွဲအတွက် ဖိအားလျော့သွားသလို ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေ
ကောင်းသွားပါတယ်။
[Zawgyi]
အဲရစ္တန္ဟက္က လီဗာပူးလ္ကို စံခ်ိန္တင္(၇-ဝ)ဂိုးျပတ္နဲ႔ရႈံးခဲ့တဲ့ပြဲက
ပြဲထြက္(၁၁)ေယာက္ကို အေျပာင္းအလဲမလုပ္ပဲ ဒီလူအတိုင္း
အသုံးျပဳခဲ့ေပမယ့္ လူမွန္ေနရာမွန္ထားၿပီး ရပ္ရွ္ဖို႔ဒ္က ဘယ္ျခမ္း၊
ဗက္ေဟာ့တ္က ပုံမွန္အတိုင္းအေထာင္တိုက္စစ္နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္
ကေတာ့ No 10 Role ကစားခဲ့ပါတယ္။
ယူႏိုက္တက္ကစားသမားေတြ ႏိုင္လိုစိတ္ျပင္းျပင္းနဲ႔ကစားသြားသလို
ဘက္တစ္အသင္းရဲ႕ ေျခစြမ္းကလည္း သာမန္ေအာက္သာရွိတာေၾကာင့္
အခုေလာက္အထိ ဂိုးျပတ္သြားတာပါ။ ယူႏိုက္တက္အသင္းရဲ႕ Low Passing
ကစားဟန္က ထိေရာက္မႈရွိခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္၊ အန္တိုနီတို႔ရဲ႕ ေတာင္ပံတိုက္စစ္
႐ုန္းအားကိုလည္း ဘက္တစ္ေနာက္ခံလူေတြ မထိန္းႏိုင္ခဲ့ဘူး။
ပြဲအစ(၆)မိနစ္မွာပဲ ရပ္ရွ္ဖို႔ဒ္က ပယ္နယ္တီဧရိယာအတြင္း ညာေျခကန္ခ်က္
ျပင္းျပင္းနဲ႔ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ဒီရာသီၿပိဳင္ပြဲစုံမွာ သူ႔အတြက္ (၂၆)ဂိုးေျမာက္
သြင္းဂိုးပိုင္ဆိုင္ခဲ့ပါတယ္။
ဒါေပမဲ့ (၃၂)မိနစ္မွာ ဘက္တစ္ ေခ်ပဂိုးရခဲ့သလို ဝါရင့္ကစားသမား ဟြမ္မီရဲ႕
အကြက္ျမင္ျမင္ေပးပို႔မႈကေန နယူးကာဆယ္ကစားသမားေဟာင္း
အယိုေဇပီရက္ဇ္က အပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္း (၅၂)မိနစ္မွာေတာ့ အန္တိုနီက သူ႔ပုံစံအတိုင္းပဲ ညာျခမ္းကေန
အထဲကို Cut Inside လုပ္ၿပီးေတာ့ ဘယ္ေျခနဲ႔ လွလွပပကန္သြင္းခဲ့တာျဖစ္ၿပီး
အန္တိုနီလည္း အဲဒီတစ္ေပါက္သာ လုပ္တတ္ေပမယ့္ တစ္ခါတစ္ခါက်ရင္ေတာ့
အသုံးတည့္ေလ့ရွိပါတယ္။
(၂-၁)ဂိုးျဖစ္သြားေပမယ့္ ဒုတိယအေက်ာ့ပြဲအတြက္ ျပတ္သားတဲ့အေျဖတစ္ခုရဖို႔
လိုေနတာေၾကာင့္ ယူႏိုက္တက္ကစားသမားေတြ တိုက္စစ္ကို အရွိန္ျမႇင့္ကစားခဲ့တဲ့
အတြက္ ေနာက္ထပ္ဂိုးေတြရရွိခဲ့တယ္။
(၅၈)မိနစ္မွာ လုခ္ေရွာရဲ႕ ေထာင့္ကန္ေဘာကေန ဘ႐ူႏိုဖာနန္ဒက္စ္က ေခါင္းတိုက္
သြင္းခဲ့ၿပီး သူ႔ရဲ႕ေျခစြမ္းအေပၚ ေဝဖန္သံေတြကို တိတ္ဆိတ္ေအာင္ စြမ္းေဆာင္ျပ
ႏိုင္ခဲ့ပါၿပီ။
စတုတၳဂိုးကိုေတာ့ တစ္ပြဲလုံးအလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနတဲ့ ဗက္ေဟာ့တ္က
သြင္းယူခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ (၄-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဒုတိယအေက်ာ့
အေဝးကြင္းပြဲအတြက္ ဖိအားေလ်ာ့သြားသလို ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေန
ေကာင္းသြားပါတယ္။