ဘက်ကင်ဟမ်နန်းတော်မှာ လက်ဖက်ရည်ဝိုင်းနဲ့ ဘုရင်မကြီး ဧည့်ခံတာ အာဆင်နယ်တစ်သင်းပဲရှိခဲ့တယ်

ဗြိတိန်ရဲ့ နည်းသက်အရှည်ကြာဆုံး ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်ဟာ နတ်ရွာစံကံတော်ကုန်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဘုရင်မကြီးနဲ့ ပတ်သက်တဲ့ တော်ဝင်သမိုင်း မှတ်တမ်းတွေဟာ စက်တင်ဘာ ၉ ရက် နံနက် ပိုင်းကစပြီး

အင်တာနက်စာမျက်နှာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ် မှာ နေရာယူထားခဲ့ပါတယ်။ အဲဒီအထဲမှာ ဘောလုံးသမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ တော်ဝင်အခမ်းအနား မှတ်တမ်းတွေလည်း ပါတာပေါ့။ ထူးခြားတာ တစ်ခုကတော့

ဗြိတိန်ဘုရင်မကြီးနဲ့အတူ တစ်နေရာတည်းမှာ လက်ဖက်ရည်သုံးဆောင်ခွင့်ရခဲ့တဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ် တစ်သင်းတည်းပဲ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းအရ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ ဟိုက်ဘူရီကွင်းဟောင်းကနေ

အီးမရီတ်စ်ကွင်းသစ်ကြီးကို စတင်ပြောင်းရွှေ့ကစားမယ့် အာဆင်နယ်အသင်းဟာ ကွင်းသစ်ကြီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးဖို့အတွက် ဘုရင်မကြီးကို ဖိတ်ကြားခဲ့ပါတယ်။ အဲဒီ ဖိတ်ကြားမှုကို ဘုရင်မကြီးကလည်း လက်ခံခဲ့ပြီး ပွဲတက်မယ်လို့

အကြောင်း ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကျင်းပခါနီးကျမှ ဘုရင်မကြီးဟာ ကျောအောင့်တဲ့ ဝေဒနာ ခံစားရတာကြောင့် ဘုရင်မကြီးကိုယ်စား တော်ဝင်မင်းသား ဖိလစ်ကပဲ အခမ်းအနားတက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

လန်ဒန်မှာ အခြေတည်တဲ့ အာဆင်နယ်ရဲ့ ကွင်းသစ်ဖွင့်ပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့လို့ ဘုရင်မကြီးကိုယ်တိုင်လည်း စိတ်ပျက်ပြီး အားတုံ့အားနာ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီ ပျက်ကွက်မှုကို လေးစားသမှုနဲ့ တုံ့ ပြန်ပေးတဲ့အနေနဲ့

ညနေခင်းလက်ဖက်ရည်ဝိုင်းကို အာဆင်နယ်အသင်း တက်ရောက်ဖို့အတွက် ဖိတ်ကြားခဲ့တာပါ။ ဒါကြောင့် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာတော့ နည်းပြအာစင်ဝင်းဂါးနဲ့အတူ အာဆင်နယ်အသင်းသား အကုန်လုံးဟာ ဘက်ကင်ဟမ်နန်းတော်ကို

သွားရောက်ခွင့်ရခဲ့ပြီး ဘုရင်မကြီးနဲ့အတူ လက်ဖက်ရည်အတူသုံးဆောင်ခွင့် ရခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ အာဆင်နယ် အသင်းခေါင်းဆောင် သီယာရီဟင်နရီက သူ့ရဲ့ အသင်းသားတွေအကုန်လုံးကို ဘုရင်မကြီးနဲ့

လိုက်လံမိတ်ဆက်ပေးခဲ့ပါတယ်။ ဘုရင်မကြီး ကွယ်လွန်အနိစ္စရောက်ရှိသွားတဲ့အတွက် အလွန်တရာ ဝမ်းနည်းကြေကွဲရ ကြောင်းကိုလည်း အာဆင်နယ်အသင်းက သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က နေတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

(zawgyi)

ၿဗိတိန္ရဲ႕ နည္းသက္အရွည္ၾကာဆုံး ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိဇဘက္ဟာ နတ္႐ြာစံကံေတာ္ကုန္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဘုရင္မႀကီးနဲ႔ ပတ္သက္တဲ့ ေတာ္ဝင္သမိုင္း မွတ္တမ္းေတြဟာ စက္တင္ဘာ ၉ ရက္ နံနက္ ပိုင္းကစၿပီး

အင္တာနက္စာမ်က္ႏွာေတြနဲ႔ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚ မွာ ေနရာယူထားခဲ့ပါတယ္။ အဲဒီအထဲမွာ ေဘာလုံးသမိုင္းေၾကာင္းနဲ႔ ပတ္သက္တဲ့ ေတာ္ဝင္အခမ္းအနား မွတ္တမ္းေတြလည္း ပါတာေပါ့။ ထူးျခားတာ တစ္ခုကေတာ့

ၿဗိတိန္ဘုရင္မႀကီးနဲ႔အတူ တစ္ေနရာတည္းမွာ လက္ဖက္ရည္သုံးေဆာင္ခြင့္ရခဲ့တဲ့အသင္းဟာ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ တစ္သင္းတည္းပဲ ရွိခဲ့တယ္လို႔ သမိုင္းမွတ္တမ္းအရ သိရပါတယ္။ လြန္ခဲ့တဲ့ ၂၀၀၆ ခုႏွစ္မွာ ဟိုက္ဘူရီကြင္းေဟာင္းကေန

အီးမရီတ္စ္ကြင္းသစ္ႀကီးကို စတင္ေျပာင္းေ႐ႊ႕ကစားမယ့္ အာဆင္နယ္အသင္းဟာ ကြင္းသစ္ႀကီးကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးဖို႔အတြက္ ဘုရင္မႀကီးကို ဖိတ္ၾကားခဲ့ပါတယ္။ အဲဒီ ဖိတ္ၾကားမႈကို ဘုရင္မႀကီးကလည္း လက္ခံခဲ့ၿပီး

ပြဲတက္မယ္လို႔ အေၾကာင္း ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ ပြဲက်င္းပခါနီးက်မွ ဘုရင္မႀကီးဟာ ေက်ာေအာင့္တဲ့ ေဝဒနာ ခံစားရတာေၾကာင့္ ဘုရင္မႀကီးကိုယ္စား ေတာ္ဝင္မင္းသား ဖိလစ္ကပဲ အခမ္းအနားတက္ေရာက္ၿပီး ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ပါတယ္။

လန္ဒန္မွာ အေျခတည္တဲ့ အာဆင္နယ္ရဲ႕ ကြင္းသစ္ဖြင့္ပြဲအခမ္းအနားကို မတက္ေရာက္ႏိုင္ခဲ့လို႔ ဘုရင္မႀကီးကိုယ္တိုင္လည္း စိတ္ပ်က္ၿပီး အားတုံ႔အားနာ ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အဲဒီ ပ်က္ကြက္မႈကို ေလးစားသမႈနဲ႔ တုံ႔ ျပန္ေပးတဲ့အေနနဲ႔

ညေနခင္းလက္ဖက္ရည္ဝိုင္းကို အာဆင္နယ္အသင္း တက္ေရာက္ဖို႔အတြက္ ဖိတ္ၾကားခဲ့တာပါ။ ဒါေၾကာင့္ ၂၀၀၇ ခုႏွစ္ ေဖေဖာ္ဝါရီလမွာေတာ့ နည္းျပအာစင္ဝင္းဂါးနဲ႔အတူ အာဆင္နယ္အသင္းသား အကုန္လုံးဟာ

ဘက္ကင္ဟမ္နန္းေတာ္ကို သြားေရာက္ခြင့္ရခဲ့ၿပီး ဘုရင္မႀကီးနဲ႔အတူ လက္ဖက္ရည္အတူသုံးေဆာင္ခြင့္ ရခဲ့ၾကပါတယ္။ အဲဒီအခမ္းအနားမွာ အာဆင္နယ္ အသင္းေခါင္းေဆာင္ သီယာရီဟင္နရီက သူ႔ရဲ႕ အသင္းသားေတြအကုန္လုံးကို ဘုရင္မႀကီးနဲ႔

လိုက္လံမိတ္ဆက္ေပးခဲ့ပါတယ္။ ဘုရင္မႀကီး ကြယ္လြန္အနိစၥေရာက္ရွိသြားတဲ့အတြက္ အလြန္တရာ ဝမ္းနည္းေၾကကြဲရ ေၾကာင္းကိုလည္း အာဆင္နယ္အသင္းက သူတို႔ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္က ေနတစ္ဆင့္ ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။