ဗွီဒီယိုဂိမ်းထဲမှာတောင် ပါဝင်ခွင့်မရတော့တဲ့ ရုရှားလက်ရွေးစင်အသင်းနဲ့ ကလပ်တွေ

ကမ္ဘာကျော် ဘောလုံးဗွီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ EA Sports က လာမယ့် ဂိမ်းခွေသစ် FIFA 23 မှာ ရုရှားလက်ရွေးစင်အသင်းနဲ့ ရုရှားကလပ်တွေကို

ထည့်သွင်းမှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ လူပေါင်းများစွာသေကြေပျက်စီးနေရတဲ့ ရုရှားရဲ့ယူကရိန်းအပေါ်ကျူးကျော်စစ်ကို တုံ့ပြန်လိုက်တာပါ။

ဖေဖေါ်ဝါရီမှာ ဒီကျူးကျော်စစ်စတင်ခဲ့တဲ့နောက် EA Sports ဟာ FIFA 22 က ရုရှားအသင်းတွေကိုလည်း ထုတ်ပယ်ခဲ့ပါသေးတယ်။ ရုရှားရဲ့ကျူးကျော်စစ်က

အခုထိအဆုံးမသတ်သေးသလို သူတို့ရဲ့အရေးယူမှုကိုလည်း တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် “EA Sports သည် ယူကရိန်းပြည်သူများနှင့်အတူ စုစည်းစွာရပ်တည်နေပြီး

ကမ္ဘာတစ်ဝှမ်းလုံးမှ များစွာသောအသံများနည်းတူ ငြိမ်းချမ်းရေးနှင့် ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ရေးအား တောင်းဆိုပါသည် ” လို့လည်း

EA Sports ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ EA Sports ဟာ အခုလိုအရေးယူမှုအပြင် ရုရှားနဲ့ သူတို့ရဲ့မဟာမိတ်ဘီလာရုစ်မှာ

ဂိမ်းတွေနဲ့အကြောင်းအရာတွေ ရောင်းချခွင့်ကိုလည်း ရပ်တန့်ခဲ့ပါတယ်။ ဂိမ်းထုတ်လုပ်သူကလည်း esports လိဂ်တွေက ရုရှားနဲ့ဘီလာရုစ်အသင်းတွေကိုပါ

ထုတ်ပယ်ခဲ့တာပါ။ ရုရှားလက်ရွေးစင်အသင်းနဲ့ ကလပ်တွေဟာ ဖီဖာနဲ့ ယူအီးအက်ဖ်အေလက်အောက်မှာ ကျင်းပနေတဲ့ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ခွင့်လည်း ပိတ်ပင်ခံထားရတာပါ။

(zawgyi)

ကမာၻေက်ာ္ ေဘာလုံးဗြီဒီယိုဂိမ္းကုမၸဏီတစ္ခုျဖစ္တဲ့ EA Sports က လာမယ့္ ဂိမ္းေခြသစ္ FIFA 23 မွာ ႐ုရွားလက္ေ႐ြးစင္အသင္းနဲ႔ ႐ုရွားကလပ္ေတြကို ထည့္သြင္းမွာမဟုတ္ဘူးလို႔

ေၾကညာလိုက္ပါတယ္။ လူေပါင္းမ်ားစြာေသေၾကပ်က္စီးေနရတဲ့ ႐ုရွားရဲ႕ယူကရိန္းအေပၚက်ဴးေက်ာ္စစ္ကို တုံ႔ျပန္လိုက္တာပါ။ ေဖေဖၚဝါရီမွာ ဒီက်ဴးေက်ာ္စစ္စတင္ခဲ့တဲ့ေနာက္

EA Sports ဟာ FIFA 22 က ႐ုရွားအသင္းေတြကိုလည္း ထုတ္ပယ္ခဲ့ပါေသးတယ္။ ႐ုရွားရဲ႕က်ဴးေက်ာ္စစ္က အခုထိအဆုံးမသတ္ေသးသလို သူတို႔ရဲ႕အေရးယူမႈကိုလည္း

တိုးျမႇင့္လိုက္တာျဖစ္ပါတယ္။ ဒါ့အျပင္ “EA Sports သည္ ယူကရိန္းျပည္သူမ်ားႏွင့္အတူ စုစည္းစြာရပ္တည္ေနၿပီး ကမာၻတစ္ဝွမ္းလုံးမွ မ်ားစြာေသာအသံမ်ားနည္းတူ ၿငိမ္းခ်မ္းေရးႏွင့္

ယူကရိန္းက်ဴးေက်ာ္စစ္ကို အဆုံးသတ္ေရးအား ေတာင္းဆိုပါသည္ ” လို႔လည္း EA Sports ရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ EA Sports ဟာ အခုလိုအေရးယူမႈအျပင္ ႐ုရွားနဲ႔

သူတို႔ရဲ႕မဟာမိတ္ဘီလာ႐ုစ္မွာ ဂိမ္းေတြနဲ႔အေၾကာင္းအရာေတြ ေရာင္းခ်ခြင့္ကိုလည္း ရပ္တန႔္ခဲ့ပါတယ္။ ဂိမ္းထုတ္လုပ္သူကလည္း esports လိဂ္ေတြက ႐ုရွားနဲ႔ဘီလာ႐ုစ္အသင္းေတြကိုပါ

ထုတ္ပယ္ခဲ့တာပါ။ ႐ုရွားလက္ေ႐ြးစင္အသင္းနဲ႔ ကလပ္ေတြဟာ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအလက္ေအာက္မွာ က်င္းပေနတဲ့ၿပိဳင္ပြဲေတြ ပါဝင္ယွဥ္ၿပိဳင္ခြင့္လည္း ပိတ္ပင္ခံထားရတာပါ။