ဗြိတိန်ဝန်ကြီးချုပ်သစ် လစ်ဇ်ထရက်စ်က သူတို့အသင်းကိုအားပေးမယ်ဆိုလို့ နောဝှစ်ချ်ပရိသတ်တွေ ပေါက်ကွဲ
မကြာခင်မှာ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် လစ်ဇ်ထရက်စ်က သူမဟာ နောဝှစ်ချ်ပရိသတ်ပါလို့ ဖွင့်ဟလိုက်တာကြောင့် ကာရိုးရုဒ်အမာခံပရိသတ်တွေ ပေါက်ကွဲနေကြပါတယ်။
လစ်ဇ်ထရက်စ်ဟာ အာဏာရကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် မနေ့က တင်မြှောက်ခံလိုက်ရသူပါ။ ဒါကြောင့် လက်ရှိနိုင်ငံခြားရေးဝန်ကြီးရာထူးကနေ ဘောရစ်ဂျွန်ဆင်ရဲ့ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို
ဒီနေ့မှာ လွှဲပြောင်းရယူတော့မှာဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့နောက်  ပြောကြားတဲ့လူထုမိန့်ခွန်းမှာ လစ်ဇ်ထရက်စ်က သူမဟာ နောဝှစ်ချ်ပရိသတ်တစ်ဦးဖြစ်တယ်လို့
ဖွင့်ဟသွားခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့လူနေမှုဘဝနဲ့ ရည်ရွယ်ချက်တစ်ချို့ကြောင့် နောဝှစ်ချ်ပရိသတ်တွေကတော့ ဒါဟာ စစ်မှန်တဲ့အားပေးမှုမျိုး မဟုတ်ဘူးဆိုပြီး  ဝေဖန်နေကြတာဖြစ်ပါတယ်။
ထရက်စ်ဟာ ငယ်ရွယ်စဉ်တုန်းက လိဒ်မှာနေခဲ့သူဖြစ်ပြီး အခုမှ ယော့ရှိုင်းယားကနေ နောဝှစ်ချ်ဆီ သစ္စာခံလာတဲ့ပုံပေါက်နေပါတယ်။ “ ယော့ရှိုင်းယားမှာနေကတည်းက နော်ဖော့ခ်ကို ကျွန်မပြောင်းရွှေ့နေခဲ့တာပါ။
ဒါဟာ အီလန်ရုဒ်ဆိုတာကိုပြောဖို့ ကျွန်မကြောက်ရွံ့ခဲ့ပါတယ်။ အခုတော့ ကျွန်မဟာ နောဝှစ်ချ်ပရိသတ်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒီအသင်းဟာ ကောင်းမွန်တဲ့မိသားစုတစ်ခုလိုပါပဲ။
ကျွန်မ ဘာပြောနိုင်မလဲဆိုတာ သိလား။  ဒေလီယာ( နောဝှစ်ချ်အသင်းပိုင်ရှင် )ဟာ ထူးခြားတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာပါပဲ ” လို့ ထရက်စ်က ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ကွန်ဆာဗေးတစ်ပါတီအနေနဲ့
လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ပြိုင်ဘက် လေဘာပါတီခေါင်းဆောင်ဆာကီရာစတားမားကို အနိုင်ရရေးအတွက် လိဒ်ဂန္ထဝင်ဒွန်ရီဗီးရဲ့စိတ်ဓာတ်မျိုး မွေးမြူဖို့လိုအပ်တယ်လို့ ဆက်လက်ပြောဆိုသွားခဲ့တာပါ။
(zawgyi)
မကြာခင်မှာ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် လစ်ဇ်ထရက်စ်က သူမဟာ နောဝှစ်ခ်ျပရိသတ်ပါလို့ ဖွင့်ဟလိုက်တာကြောင့် ကာရိုးရုဒ်အမာခံပရိသတ်တွေ ပေါက်ကွဲနေကြပါတယ်။
ဖွင့်ဟသွားခဲ့တာပါ။ ဒါပေမဲ့ သူမရဲ့လူနေမှုဘဝနဲ့ ရည်ရွယ်ချက်တစ်ချို့ကြောင့် နောဝှစ်ခ်ျပရိသတ်တွေကတော့ ဒါဟာ စစ်မှန်တဲ့အားပေးမှုမျိုး မဟုတ်ဘူးဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။