ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် နတ်ရွာစံသွားတဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ စဉ်းစားနေကြပြီ

ဗြိတိန်ရဲ့ ထီးနန်းသက်အရှည်ကြာဆုံး ဘုရင်မကြီး အဲလိဇဘက်-၂ နတ်ရွာစံ ကံတော်ကုန်သွားတဲ့အတွက် အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယား လိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ စဉ်းစားနေပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ

အကြီးအကဲတွေနဲ့ ဗြိတိန်အစိုးရ တာဝန်ရှိသူ တွေအကြား ညှိနှိုင်းတိုင်ပင်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့လည်း သိရပါ တယ်။ ဘုရင်မကြီးရဲ့ ကွယ်လွန်မှုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခုတည်းကို သာမကဘဲ ဗြိတိန်တစ်ဝန်းလုံးမှာရှိတဲ့ အားကစားပြိုင်ပွဲ ပေါင်းစုံအပေါ်

သက်ရောက်မှုရှိမှာဖြစ်တယ်လို့လည်း Daily Mail သတင်းစာက ရေးသားဖော်ပြ ပါတယ်။ ဘုရင်မကြီးရဲ့ ကံတော်ကုန်မှုကြောင့် ဆွစ်ဇာလန်မြေမှာ ကစားခဲ့တဲ့ ဇူးရစ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း တစ်မိနစ်တာ ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။

BMW PGA ချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲက တော့ လက်ရှိအချိန်မှာ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအားလုံးဟာလည်း ရွှေ့ဆိုင်းရမယ့် အခြေအနေမျိုး ရှိနေတယ်လို့ Daily Mail သတင်းစာက

သုံးသပ်ရေးသားခဲ့ ပါတယ်။ သောကြာညမှာ ကစားမယ့် ပွဲစဉ်တွေအားလုံးနီးပါးဟာဆိုရင်လည်း ဖျက်သိမ်းလိုက်ပြီး ဘုရင်မကြီး နှစ်သက်မြတ်နိုးတဲ့ ပြိုင်ပွဲတွေအပါအဝင် ဂေါက်ရိုက်ပြိုင်ပွဲတွေကိုလည်း ဖျက်သိမ်းပစ်ခဲ့တယ်လို့ သိရပါတယ်။

တကယ်လို့များ ဒီတစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး ရွှေ့ဆိုင်းခဲ့ မယ်ဆိုရင်တော့ ဗြိတိန်တစ်ဝန်းလုံးမှာရှိတဲ့ ဘောလုံးပွဲစဉ်တွေအကုန်လုံး ဟာလည်း ဖျက်သိမ်းပစ်ဖို့ ရှိနေပါပြီ။ လက်ရှိအချိန်မှာ ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနား

ကျင်းပမယ့်ရက်ကိုလည်း မသတ်မှတ်ရသေးတဲ့အတွက် အား ကစားပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး သတ်မှတ်ရက်အတိအကျကို သတင်းထုတ် ပြန်နိုင်မယ့် အလားအလာမျိုးလည်း မရှိသေးပါဘူး။ ဗြိတိန်ရဲ့ အဲလိဇဘက် ဘုရင်မကြီးဟာ

၁၉၂၆ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ နတ်ရွာစံခဲ့သူ ဖြစ်ပါတယ်။ ဗြိတိန်ထီးနန်းကို ဆယ်စုနှစ် ၇ ခုတိုင်အောင် စိုးစံတော်မူခဲ့ပြီး သူမရဲ့ လက်ထက်မှာ ဓနသာဟာယနိုင်ငံတွေအပေါ် သြဇာသက်ရောက်မှု အကြီးမားဆုံး ဘုရင်မကြီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

(zawgyi)

ၿဗိတိန္ရဲ႕ ထီးနန္းသက္အရွည္ၾကာဆုံး ဘုရင္မႀကီး အဲလိဇဘက္-၂ နတ္႐ြာစံ ကံေတာ္ကုန္သြားတဲ့အတြက္ အခုတစ္ပတ္ ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယား လိဂ္ပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းဖို႔ စဥ္းစားေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ အခ်ိန္မွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ အႀကီးအကဲေတြနဲ႔ ၿဗိတိန္အစိုးရ တာဝန္ရွိသူ ေတြအၾကား ညႇိႏႈိင္းတိုင္ပင္မႈေတြ ျပဳလုပ္ေနၿပီျဖစ္တယ္လို႔လည္း သိရပါ တယ္။ ဘုရင္မႀကီးရဲ႕ ကြယ္လြန္မႈဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲတစ္ခုတည္းကို သာမကဘဲ

ၿဗိတိန္တစ္ဝန္းလုံးမွာရွိတဲ့ အားကစားၿပိဳင္ပြဲ ေပါင္းစုံအေပၚ သက္ ေရာက္မႈရွိမွာျဖစ္တယ္လို႔လည္း Daily Mail သတင္းစာက ေရးသားေဖာ္ျပ ပါတယ္။ ဘုရင္မႀကီးရဲ႕ ကံေတာ္ကုန္မႈေၾကာင့္ ဆြစ္ဇာလန္ေျမာ ကစားခဲ့တဲ့

ဇူးရစ္နဲ႔ အာဆင္နယ္တို႔ရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္မွာလည္း တစ္မိနစ္တာ ၿငိမ္ သက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။ BMW PGA ခ်န္ပီယံရွစ္ ေဂါက္သီး႐ိုက္ၿပိဳင္ပြဲက ေတာ့ လက္ရွိအခ်ိန္မွာ ေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ပတ္ ကစားမယ့္

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြအားလုံးဟာလည္း ေ႐ႊ႕ဆိုင္းရမယ့္ အေျခအေနမ်ိဳး ရွိေနတယ္လို႔ Daily Mail သတင္းစာက သုံးသပ္ေရးသားခဲ့ ပါတယ္။ ေသာၾကာညမွာ ကစားမယ့္ ပြဲစဥ္ေတြအားလုံးနီးပါးဟာဆိုရင္လည္း ဖ်က္သိမ္းလိုက္ၿပီး

ဘုရင္မႀကီး ႏွစ္သက္ျမတ္ႏိုးတဲ့ ၿပိဳင္ပြဲေတြအပါအဝင္ ေဂါက္႐ိုက္ၿပိဳင္ပြဲေတြကိုလည္း ဖ်က္သိမ္းပစ္ခဲ့တယ္လို႔ သိရပါတယ္။ တကယ္ လို႔မ်ား ဒီတစ္ပတ္ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအားလုံး ေ႐ႊ႕ဆိုင္းခဲ့ မယ္ဆိုရင္ေတာ့ ၿဗိတိန္တစ္ဝန္းလုံးမွာရွိတဲ့

ေဘာလုံးပြဲစဥ္ေတြအကုန္လုံး ဟာလည္း ဖ်က္သိမ္းပစ္ဖို႔ ရွိေနပါၿပီ။ လက္ရွိအခ်ိန္မွာ ဘုရင္မႀကီးရဲ႕ ဈာပန အခမ္းအနား က်င္းပမယ့္ရက္ကိုလည္း မသတ္မွတ္ရေသးတဲ့အတြက္ အား ကစားၿပိဳင္ပြဲေတြနဲ႔ပတ္သက္ၿပီး သတ္မွတ္ရက္အတိအက်ကို သတင္းထုတ္ ျပန္ႏိုင္မယ့္ အလားအလာမ်ိဳးလည္း မရွိေသးပါဘူး။

ၿဗိတိန္ရဲ႕ အဲလိဇဘက္ ဘုရင္မႀကီးဟာ ၁၉၂၆ ခုႏွစ္မွာ ဖြားျမင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာ နတ္႐ြာစံခဲ့သူ ျဖစ္ပါတယ္။ ၿဗိတိန္ထီးနန္းကို ဆယ္စုႏွစ္ ၇ ခုတိုင္ေအာင္ စိုးစံေတာ္မူခဲ့ၿပီး သူမရဲ႕ လက္ထက္မွာ ဓနသာဟာယႏိုင္ငံေတြအေပၚ ၾသဇာသက္ေရာက္မႈ အႀကီးမားဆုံး ဘုရင္မႀကီးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။