ဗြမ္မာ့ဦးခေါင်းဖြစ်နေတဲ့ ရော်နယ်ဒိုကို ပွဲထွက်ခွင့် ပေးမပေးဆိုတာ တန်းဟတ် အဖြေပေးပြီ

ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်မှာ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးမလားဆိုတဲ့မေးခွန်းကို မန်ယူနည်းပြတန်းဟတ်က အဖြေပေးလိုက်ပါပြီ။ ချန်ပီယံလိဂ်ကစားချင်တာကတစ်ဖက်

သံယောဇဉ်တွေနဲ့ဆွဲထားတဲ့ မန်ယူကတစ်ဖက် ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ဝေဖန်ရေးလှိုင်းတံပိုးတွေအောက်မှာ အနာဂတ်ပျောက်နေရပါတယ်။ ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးပြီး သရဲနီတွေ

မဟာအရှက်တော်ကွဲထားတာကြောင့် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ညိုမြလုပ်နေတဲ့ ပေါ်တူဂီသားကို ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပထမကစားသမားစာရင်းထဲထည့်သင့်တယ်ဆိုတဲ့ မန်ယူပရိသတ်တွေလည်း

ရှိနေပါတယ်။ နယ်သာလန်သားနည်းပြကတော့ “ လေ့ကျင့်ကွင်းထဲမှာ ကောင်းမွန်တဲ့ရက်သတ္တပတ်ကို သူ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နာရီဝက်ထက် ပိုကြာအောင် ကစားပေးနိုင်လိမ့်မယ်လို့လည်းထင်ပါတယ်။

ပွဲတစ်ဝက်ကစားခဲ့တာ ၂ ပွဲရှိသွားပါပြီ။ ပွဲထွက်ကစားသမား ၁၁ ယောက်စာရင်းကိုတော့ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော် ဆုံးဖြတ်မှာပါ ” လို့ ပြောသွားတာပါ။

မန်ယူဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ တိုက်စစ်မှူးမာရှယ်နဲ့ နောက်ခံလူလင်ဒီလော့ဖ်တို့ကိုလည်း ပွဲထွက်ခွင့်ပေးဖို့မရှိဘူးလို့ သတင်းထွက်နေပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ရာသီကြိုကာလမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လေ့ကျင့်ကွင်းမှာ ဒဏ်ရာရသွားတာကြောင့် ဘရိုက်တန်နဲ့ ပွဲလွဲခဲ့ရပါတယ်။

(zawgyi)

ဘရန႔္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္ဒုတိယပြဲစဥ္မွာ ေရာ္နယ္ဒိုကို ပြဲထြက္ခြင့္ေပးမလားဆိုတဲ့ေမးခြန္းကို မန္ယူနည္းျပတန္းဟတ္က အေျဖေပးလိုက္ပါၿပီ။ ခ်န္ပီယံလိဂ္ကစားခ်င္တာကတစ္ဖက္

သံေယာဇဥ္ေတြနဲ႔ဆြဲထားတဲ့ မန္ယူကတစ္ဖက္ ျဖစ္ေနတဲ့ ေရာ္နယ္ဒိုဟာ ေဝဖန္ေရးလႈိင္းတံပိုးေတြေအာက္မွာ အနာဂတ္ေပ်ာက္ေနရပါတယ္။ ဘ႐ိုက္တန္ကို အိမ္ကြင္းမွာရႈံးၿပီး

သရဲနီေတြ မဟာအရွက္ေတာ္ကြဲထားတာေၾကာင့္ ႀကံ့ခိုင္မႈျပည့္ဝေနၿပီျဖစ္ေၾကာင္း ညိဳျမလုပ္ေနတဲ့ ေပၚတူဂီသားကို ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ပထမကစားသမားစာရင္းထဲ

ထည့္သင့္တယ္ဆိုတဲ့ မန္ယူပရိသတ္ေတြလည္း ရွိေနပါတယ္။ နယ္သာလန္သားနည္းျပကေတာ့ “ ေလ့က်င့္ကြင္းထဲမွာ ေကာင္းမြန္တဲ့ရက္သတၱပတ္ကို သူ ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ နာရီဝက္ထက္ ပိုၾကာေအာင္

ကစားေပးႏိုင္လိမ့္မယ္လို႔လည္းထင္ပါတယ္။ ပြဲတစ္ဝက္ကစားခဲ့တာ ၂ ပြဲရွိသြားပါၿပီ။ ပြဲထြက္ကစားသမား ၁၁ ေယာက္စာရင္းကိုေတာ့ ေစာင့္ၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္ ဆုံးျဖတ္မွာပါ ”

လို႔ ေျပာသြားတာပါ။ မန္ယူဟာ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ တိုက္စစ္မႉးမာရွယ္နဲ႔ ေနာက္ခံလူလင္ဒီေလာ့ဖ္တို႔ကိုလည္း ပြဲထြက္ခြင့္ေပးဖို႔မရွိဘူးလို႔

သတင္းထြက္ေနပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ရာသီႀကိဳကာလမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေလ့က်င့္ကြင္းမွာ ဒဏ္ရာရသြားတာေၾကာင့္ ဘ႐ိုက္တန္နဲ႔ ပြဲလြဲခဲ့ရပါတယ္။