ဗီလာနဲ့ပွဲမှာ ဒါဝင်နူးနက်ဇ် Man of The Match ဆု ရခဲ့တဲ့အပေါ် ပရိသတ်တွေ အမြင်မတူဘဲ နှစ်ဖွဲ့ကွဲနေ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံး ပြန်ကစားရတဲ့ အက်စတွန်ဗီလာနဲ့

ပရီးမီးယားလိဂ် Boxing Day ပွဲမှာ လီဗာပူးလ်အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး
နာမည်ကျော်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာလည်း Man Of The Match ဆု
ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း Man Of The Match ဆုကို ဒါဝင်နူးနက်ဇ် ဆွတ်ခူးခဲ့တဲ့အပေါ်
ပရိသတ်တွေရဲ့ အမြင်ကွဲပြားနေပြီး ပရိသတ်တချို့ကတော့ အပိုင်အခွင့်အရေး
လွဲချော်ခဲ့တာတောင် ဒါဝင်နူးနက်ဇ်ကို Man Of The Match ဆုပေးခဲ့တဲ့အတွက်
လှောင်ပြောင်နေကြပါတယ်။

ဒါဝင်နူးနက်ဇ်ဟာ ပွဲချိန်အတွင်း ပြေးအား၊ ရုန်းအားကောင်းကောင်းနဲ့ကစားနိုင်ခဲ့ပေမယ့်
သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးတချို့ကို စိတ်ပျက်စရာကောင်းလောက်အောင်

လွဲချော်ခဲ့ပါတယ်။

အဲဒါကြောင့် ပွဲအပြီးမှာ ပရိသတ်တွေက ‘Amazon က ဘောလုံးပွဲသုံးသပ်သူတွေဟာ

ပွဲအစအဆုံးကြည့်ပြီး ဒါဝင်နူးနက်ဇ်ကို Man Of The Match ဆုပေးခဲ့ပါတယ် . .
တကယ့် ဟာသပါပဲ’၊ ‘ဘာတွေများကောင်းလို့ ဒါဝင်နူးနက်ဇ် Man Of The Match
ဆု ရသွားတာလဲကွာ’ဆိုပြီး အွန်လိုင်းပေါ်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ပရိသတ်တချို့ကတော့ ဒါဝင်နူးနက်ဇ် အကောင်းဆုံးဆုကို ထိုက်ထိုက်တန်တန်
ရသွားတာဖြစ်တယ်လို့ သုံးသပ်ခဲ့သလို နည်းပြယာဂန်ကလော့ပ်ကလည်း ဒါဝင်နူးနက်ဇ်ရဲ့
ခြေစွမ်းအပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

အက်စတွန်ဗီလာနဲ့ပွဲအပြီး အင်တာဗျူးမှာ ယာဂန်ကလော့ပ်က “ဒီပွဲမှာ ဒါဝင်နူးနက်ဇ်
ကစားသွားတာ တော်တော်လေး အားရဖို့ ကောင်းပါတယ်။ သူဟာ မကြာခင် ဂိုးတွေ
သွင်းနိုင်မယ်ဆိုတာ ကျွန်တော် အခိုင်အမာ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံး ျပန္ကစားရတဲ့ အက္စတြန္ဗီလာနဲ႔
ပရီးမီးယားလိဂ္ Boxing Day ပြဲမွာ လီဗာပူးလ္အသင္းက (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး

နာမည္ေက်ာ္တိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္ဟာလည္း Man Of The Match ဆု
ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း Man Of The Match ဆုကို ဒါဝင္ႏူးနက္ဇ္ ဆြတ္ခူးခဲ့တဲ့အေပၚ
ပရိသတ္ေတြရဲ႕ အျမင္ကြဲျပားေနၿပီး ပရိသတ္တခ်ိဳ႕ကေတာ့ အပိုင္အခြင့္အေရး
လြဲေခ်ာ္ခဲ့တာေတာင္ ဒါဝင္ႏူးနက္ဇ္ကို Man Of The Match ဆုေပးခဲ့တဲ့အတြက္
ေလွာင္ေျပာင္ေနၾကပါတယ္။

ဒါဝင္ႏူးနက္ဇ္ဟာ ပြဲခ်ိန္အတြင္း ေျပးအား၊ ႐ုန္းအားေကာင္းေကာင္းနဲ႔ကစားႏိုင္ခဲ့ေပမယ့္
ေသခ်ာေပါက္ ဂိုးရႏိုင္မယ့္ အခြင့္အေရးတခ်ိဳ႕ကို စိတ္ပ်က္စရာေကာင္းေလာက္ေအာင္
လြဲေခ်ာ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ပြဲအၿပီးမွာ ပရိသတ္ေတြက ‘Amazon က ေဘာလုံးပြဲသုံးသပ္သူေတြဟာ
ပြဲအစအဆုံးၾကည့္ၿပီး ဒါဝင္ႏူးနက္ဇ္ကို Man Of The Match ဆုေပးခဲ့ပါတယ္ . .

တကယ့္ ဟာသပါပဲ’၊ ‘ဘာေတြမ်ားေကာင္းလို႔ ဒါဝင္ႏူးနက္ဇ္ Man Of The Match
ဆု ရသြားတာလဲကြာ’ဆိုၿပီး အြန္လိုင္းေပၚမွာ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ပရိသတ္တခ်ိဳ႕ကေတာ့ ဒါဝင္ႏူးနက္ဇ္ အေကာင္းဆုံးဆုကို ထိုက္ထိုက္တန္တန္
ရသြားတာျဖစ္တယ္လို႔ သုံးသပ္ခဲ့သလို နည္းျပယာဂန္ကေလာ့ပ္ကလည္း ဒါဝင္ႏူးနက္ဇ္ရဲ႕
ေျခစြမ္းအေပၚ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

အက္စတြန္ဗီလာနဲ႔ပြဲအၿပီး အင္တာဗ်ဴးမွာ ယာဂန္ကေလာ့ပ္က “ဒီပြဲမွာ ဒါဝင္ႏူးနက္ဇ္
ကစားသြားတာ ေတာ္ေတာ္ေလး အားရဖို႔ ေကာင္းပါတယ္။ သူဟာ မၾကာခင္ ဂိုးေတြ
သြင္းႏိုင္မယ္ဆိုတာ ကြၽန္ေတာ္ အခိုင္အမာ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။