M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အီတလီနဲ့ ကစားခဲ့တဲ့ ဝင်ဘလေက Finalissima ဖလားပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက်
မက်ဆီဟာ အာဂျင်တီးနားအသင်းဖော်တွေနဲ့ အသင်းတာဝန်ရှိသူတွေရဲ့
ဓာတ်ပုံတွဲရိုက်ပေးဖို့ ကမ်းလှမ်းမှုအမြောက်အမြားကို ရရှိခဲ့ပါတယ်။
အဲဒီဗိုလ်လုပွဲမှာ မက်ဆီရဲ့ခြေစွမ်းပြမှုနဲ့အတူ အာဂျင်တီးနားဟာ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
အာဂျင်တီးနားရခဲ့တဲ့ ၃ ဂိုးမှာ ၂ ဂိုးက မက်ဆီဖန်တီးပေးခဲ့တာဖြစ်ပြီး
အဲဒါကြောင့်လည်း သူဟာ ပွဲအပြီးမှာ man of the match ပါ ရခဲ့ပါတယ်။
ဗိုလ်လုပွဲပြီးတော့ ဆုဖလားကိုင်ထားတဲ့ အသင်းခေါင်းဆောင်မက်ဆီနဲ့
အတူတွဲဓာတ်ပုံရိုက်ဖို့ အာဂျင်တိုင်းတစ်သင်းလုံးဟာ တန်းစီစောင့်ခဲ့တာပါ။
Copa America ပြိုင်ပွဲရဲ့ offcial Twitter အကောင့်မှာ ဓာတ်ပုံတွဲရိုက်ဖို့
တောင်းဆိုမှုအများအပြား မက်ဆီရခဲ့တဲ့ဗီဒီယိုဖိုင်ကို တင်ထားပါတယ်။
ဒိုင်ဘာလာနဲ့ အော့တာမန်ဒီတို့လို အသင်းဖော်တွေကလည်း သူတို့ရဲ့
သားစဉ်မြေးဆက်ကို ပြဖို့လား ထင်ရအောင် မက်ဆီနဲ့ဓာတ်ပုံတွဲရိုက်ချင်ခဲ့ကြတာပါ။
ဒါ့အပြင် အာဂျင်တီးနားအသင်းတာဝန်ရှိသူအချို့ဟာလည်း
အဲဒီ Ballon d’Or ၇ ထပ်ကွမ်းဆုရှင်နဲ့ ဓာတ်ပုံတွဲရိုက်ရတဲ့အခွင့်အရေးကို
လက်လွတ်မခံပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အာဂျင်တီးနားအသင်းမှာ
မက်ဆီရဲ့တန်ဖိုးထားလေးစားခံရမှုဟာ အတော်လေးကို ပေါ်လွင်စေပါတယ်။
သူဟာ လာမယ့်ကာတာကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားနဲ့အတူ
ဖလားကိုင်မြှောက်နိုင်ဖို့ အိပ်မက်ထားမှာပါ။ မက်ဆီအနေနဲ့လည်း
အာဂျင်တီးနားနဲ့အတူ ဒုတိယမြောက်နိုင်ငံတကာဆုဖလားကိုလည်း ရရှိခဲ့တာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ဗိုလ်စွဲခဲ့ပြီးနောက် မက်ဆီနဲ့အတူတွဲဓာတ်ပုံရိုက်ဖို့ တန်းစီစောင့်ခဲ့တဲ့ အာဂျင်တိုင်းတစ်သင်းလုံး
Leave a Reply