ဗဟိုခံစစ်မှူးတွေထဲမှာ ၁၂ ယောက်မြောက် လစာအများဆုံးဖြစ်လာမယ့် ဖိုဖာနာ

လက်စတာနောက်ခံလူဖိုဖာနာ ချဲလ်ဆီးကိုပြောင်းရွှေ့သွားတဲ့နောက် ကမ္ဘာ့လစာအများဆုံး ဗဟိုခံစစ်မှူး ၁၈ ဦးစာရင်းထွက်လာပါတယ်။ ဒီစာရင်းကို မကြာခင်က ကမ္ဘာ့လစာအများဆုံး ကစားသမားအယောက် ၁၀၀ စာရင်းကိုပြုစုခဲ့တဲ့

အချက်အလက်ဝက်ဘ်ဆိုက် Capology က ထုတ်ပြန်လိုက်တာပါ။ ချဲလ်ဆီးဟာ ပြင်သစ်နောက်ခံလူကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ၇ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ဖိုဖာနာဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းရဖွယ်ရှိနေပြီး သူ့ထက်လစာများတဲ့ ဗဟိုခံစစ်မှူးဆိုလို့ ကမ္ဘာပေါ်မှာ ၁၁ ယောက်သာ ရှိတော့မှာပါ။ လက်ရှိ ကမ္ဘာ့လစာအများဆုံး

ဗဟိုခံစစ်မှူးကတော့ ပီအက်စ်ဂျီနောက်ခံလူရာမို့စ်ဖြစ်ပါတယ်။ စပိန်သားဟာ ပါရီကလပ်မှာ တစ်ပတ်လစာ ပေါင် ၄၅၁၁၂၈ ရနေပါတယ်။ သူ့နောက်မှာ ရီးရဲလ်ရဲ့ဒေးဗစ်အလာဘာရှိနေပြီး

တစ်ပတ် ပေါင် ၃၇၂၂၁၈ ရနေတာပါ။ အလာဘာနဲ့သိပ်မကွာဘဲ တတိယနေရာမှာရှိနေသူကတော့ မန်ယူရဲ့ဗာရန်းဖြစ်ပြီး ပေါင် ၃၄၀၀၀၀ ဖြစ်ပါတယ်။ သူတို့ ၃ ဦးနောက်မှာ ရူဒီဂါ၊ ကင်ပမ်ဘီ၊ ကူလီဘာလီ၊

ဒီလစ်၊ ဂျွန်စတုန်း၊ မာကွင်ဟော့စ်၊ ခွန်ဒီနဲ့ ဗန်ဒိုက်တို့ရပ်တည်နေပြီး ဖိုဖာနာက ၁၂ ယောက်မြောက် ဖြစ်နေတာပါ။ တနည်းအားဖြင့် အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားဟာ ဘိုနူချီ၊ မက်ဂွိုင်းယား၊ ပီကေး၊

ခရစ်စတန်ဆင်၊ အူပါမီကာနို၊ ဟမ်းမဲလ်တို့ထက် လစာပိုများသူဖြစ်လာတော့မှာပါ။ ပြောင်းရွှေ့ကြေးနဲ့လစာဟာ ဖိုဖာနာဆီက ပြန်ရမယ့်ခြေစွမ်းနဲ့ ထိုက်တန်ရဲ့လားဆိုတာတော့ မကြာခင်မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။

(zawgyi)

လက္စတာေနာက္ခံလူဖိုဖာနာ ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕သြားတဲ့ေနာက္ ကမာၻ႔လစာအမ်ားဆုံး ဗဟိုခံစစ္မႉး ၁၈ ဦးစာရင္းထြက္လာပါတယ္။ ဒီစာရင္းကို မၾကာခင္က ကမာၻ႔လစာအမ်ားဆုံး ကစားသမားအေယာက္ ၁၀၀ စာရင္းကိုျပဳစုခဲ့တဲ့

အခ်က္အလက္ဝက္ဘ္ဆိုက္ Capology က ထုတ္ျပန္လိုက္တာပါ။ ခ်ဲလ္ဆီးဟာ ျပင္သစ္ေနာက္ခံလူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၇၀ နဲ႔ေခၚယူခဲ့တာျဖစ္ၿပီး ၇ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။

ဖိုဖာနာဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းရဖြယ္ရွိေနၿပီး သူ႔ထက္လစာမ်ားတဲ့ ဗဟိုခံစစ္မႉးဆိုလို႔ ကမာၻေပၚမွာ ၁၁ ေယာက္သာ ရွိေတာ့မွာပါ။ လက္ရွိ ကမာၻ႔လစာအမ်ားဆုံး

ဗဟိုခံစစ္မႉးကေတာ့ ပီအက္စ္ဂ်ီေနာက္ခံလူရာမို႔စ္ျဖစ္ပါတယ္။ စပိန္သားဟာ ပါရီကလပ္မွာ တစ္ပတ္လစာ ေပါင္ ၄၅၁၁၂၈ ရေနပါတယ္။ သူ႔ေနာက္မွာ ရီးရဲလ္ရဲ႕ေဒးဗစ္အလာဘာရွိေနၿပီး တစ္ပတ္ ေပါင္ ၃၇၂၂၁၈ ရေနတာပါ။

အလာဘာနဲ႔သိပ္မကြာဘဲ တတိယေနရာမွာရွိေနသူကေတာ့ မန္ယူရဲ႕ဗာရန္းျဖစ္ၿပီး ေပါင္ ၃၄၀၀၀၀ ျဖစ္ပါတယ္။ သူတို႔ ၃ ဦးေနာက္မွာ ႐ူဒီဂါ၊ ကင္ပမ္ဘီ၊ ကူလီဘာလီ၊ ဒီလစ္၊ ဂြၽန္စတုန္း၊ မာကြင္ေဟာ့စ္၊ ခြန္ဒီနဲ႔

ဗန္ဒိုက္တို႔ရပ္တည္ေနၿပီး ဖိုဖာနာက ၁၂ ေယာက္ေျမာက္ ျဖစ္ေနတာပါ။ တနည္းအားျဖင့္ အသက္ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္သားဟာ ဘိုႏူခ်ီ၊ မက္ဂြိဳင္းယား၊ ပီေကး၊ ခရစ္စတန္ဆင္၊ အူပါမီကာႏို၊ ဟမ္းမဲလ္တို႔ထက္

လစာပိုမ်ားသူျဖစ္လာေတာ့မွာပါ။ ေျပာင္းေ႐ႊ႕ေၾကးနဲ႔လစာဟာ ဖိုဖာနာဆီက ျပန္ရမယ့္ေျခစြမ္းနဲ႔ ထိုက္တန္ရဲ႕လားဆိုတာေတာ့ မၾကာခင္ျမင္ေတြ႕ၾကရေတာ့မွာျဖစ္ပါတယ္။