ဗလောင်းဗလဲပြောခဲ့တဲ့ ဟာလန်း အပြောင်းအလဲမြန်လွန်းလှချည်လားလို့ ဝေဖန်ခံနေရ

“ ကျွန်တော် သူနဲ့တွေ့ချင်တယ်။ သူ့ကိုကျေးဇူးတင်နေတဲ့ ဘောလုံးသမားတစ်ယောက်ပါဆိုတာလည်း ပြောပြချင်တယ်။ ကျွန်တော့်အတွက်တော့ သူဟာ အမြဲတမ်းစံပြတစ်ယောက်ပါပဲ ” လို့

ဆိုခဲ့ဖူးသူက အခုမန်စီးတီးရောက်လာတဲ့ ဟာလန်းပါ။ တစ်ချိန်တုန်းက FourFourTwo မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ သူ့ရဲ့အိုင်ဒေါဟာ ရော်နယ်ဒိုပါလို့ လူသိရှင်ကြားဖွင့်ချခဲ့တာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ Goal ဘောလုံးဝက်ဘ်ဆိုက်မှာလည်း “ ကျွန်တော့်မှာ စံပြဘောလုံးသမားတွေ အများကြီးရှိခဲ့ပါတယ်။ ဒီအထဲမှာ အီဘရာဟီမိုဗစ်ကတော့ အကြီးကျယ်ဆုံးပါပဲ ” လို့

ပြောခဲ့ဖူးပါတယ်။ ဒါဆိုရင်တော့ မန်စီးတီးကစားသမားအဖြစ် ပရိသတ်နဲ့မိတ်ဆက်ပွဲမှာ သူ့ရဲ့ငယ်ဘဝသူရဲကောင်းဟာ အဂွဲရိုးပါလို့ပြောခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့အကြောင်းရင်းကို

ရှင်းလင်းလောက်ပါပြီ။ သူ့အိမ်မှာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ဂျာစီတွေတောင် အများကြီးသိမ်းထားတယ်ဆိုတဲ့စကားဟာ မန်စီးတီးပရိသတ်တွေအတွက် အကြိုက်တွေ့စရာဖြစ်ခဲ့ပေမယ့်

အမှန်တရားလုံးလုံးမဖြစ်နိုင်တာလည်း ထင်ရှားနေပါတယ်။ ဟာလန်းဟာ မန်စီးတီးဂန္ထဝင်က သူ့ရဲ့အိုင်ဒေါပါလို့မပြောခင် ပရီးမီးယားလိဂ်မှာအတွေ့ချင်ဆုံးပြိုင်ဘက်က

မန်ချက်စတာယူနိုက်တက်ပါလို့ ပြောခဲ့ပါသေးတယ်။ ဒီစကားတွေက မိတ်ဆက်ပွဲရောက်လာတဲ့ ပရိသတ်တွေကို ပွဲဆူစေခဲ့ပေမယ့် နော်ဝေသား ဗလောင်းဗလဲနိုင်လွန်းတယ်ဆိုတဲ့ အသံတွေလည်းညံနေလေရဲ့။

(zawgyi)

“ ကြၽန္ေတာ္ သူနဲ႔ေတြ႕ခ်င္တယ္။ သူ႔ကိုေက်းဇူးတင္ေနတဲ့ ေဘာလုံးသမားတစ္ေယာက္ပါဆိုတာလည္း ေျပာျပခ်င္တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူဟာ အၿမဲတမ္းစံျပတစ္ေယာက္ပါပဲ ” လို႔

ဆိုခဲ့ဖူးသူက အခုမန္စီးတီးေရာက္လာတဲ့ ဟာလန္းပါ။ တစ္ခ်ိန္တုန္းက FourFourTwo မဂၢဇင္းနဲ႔အင္တာဗ်ဴးမွာ သူ႔ရဲ႕အိုင္ေဒါဟာ ေရာ္နယ္ဒိုပါလို႔ လူသိရွင္ၾကားဖြင့္ခ်ခဲ့တာျဖစ္ပါတယ္။

ဒါတင္မကေသးပါဘူး။ Goal ေဘာလုံးဝက္ဘ္ဆိုက္မွာလည္း “ ကြၽန္ေတာ့္မွာ စံျပေဘာလုံးသမားေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ဒီအထဲမွာ အီဘရာဟီမိုဗစ္ကေတာ့ အႀကီးက်ယ္ဆုံးပါပဲ ” လို႔

ေျပာခဲ့ဖူးပါတယ္။ ဒါဆိုရင္ေတာ့ မန္စီးတီးကစားသမားအျဖစ္ ပရိသတ္နဲ႔မိတ္ဆက္ပြဲမွာ သူ႔ရဲ႕ငယ္ဘဝသူရဲေကာင္းဟာ အဂြဲ႐ိုးပါလို႔ေျပာခဲ့တာေၾကာင့္ ေဝဖန္ခံေနရတဲ့အေၾကာင္းရင္းကို

ရွင္းလင္းေလာက္ပါၿပီ။ သူ႔အိမ္မွာ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ဂ်ာစီေတြေတာင္ အမ်ားႀကီးသိမ္းထားတယ္ဆိုတဲ့စကားဟာ မန္စီးတီးပရိသတ္ေတြအတြက္ အႀကိဳက္ေတြ႕စရာျဖစ္ခဲ့ေပမယ့္

အမွန္တရားလုံးလုံးမျဖစ္ႏိုင္တာလည္း ထင္ရွားေနပါတယ္။ ဟာလန္းဟာ မန္စီးတီးဂႏၴဝင္က သူ႔ရဲ႕အိုင္ေဒါပါလို႔မေျပာခင္ ပရီးမီးယားလိဂ္မွာအေတြ႕ခ်င္ဆုံးၿပိဳင္ဘက္က မန္ခ်က္စတာယူႏိုက္တက္ပါလို႔

ေျပာခဲ့ပါေသးတယ္။ ဒီစကားေတြက မိတ္ဆက္ပြဲေရာက္လာတဲ့ ပရိသတ္ေတြကို ပြဲဆူေစခဲ့ေပမယ့္ ေနာ္ေဝသား ဗေလာင္းဗလဲႏိုင္လြန္းတယ္ဆိုတဲ့ အသံေတြလည္းညံေနေလရဲ႕။