ဗယ်ဗာဒီရဲ့ ဝရဇိန်ကန်ချက်နဲ့ တစ်ကိုယ်တော်ဂိုးကို ဘရာဇီးလ်ညီနောင်ထက် ရီးရဲလ်ပရိသတ်တွေစွဲလန်းသွား

ဘာနေဗျူးမှာ မာရီကီရဲ့ဂိုးနဲ့ မာယော့ကာ အကဲစမ်းလာပေမယ့် ၄ ဂိုးပြန်သွင်းပြီး ရီးရဲလ် အမှတ်ပြည့်ယူနိုင်ခဲ့တယ်။ ဒီနိုင်ပွဲဟာ သူတို့ကို လာလီဂါအမှတ်ပေးဇယားထိပ် ပြန်ပို့တဲ့ပွဲဖြစ်သလို ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ

ရာနှုန်းပြည့်နိုင်ပွဲဆက်တဲ့ တစ်ခုတည်းသောအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဖြစ်ပေါ်စေခဲ့တယ်။ ရီးရဲလ်သွင်းသွားတဲ့ ဂိုးတွေအားလုံးကောင်းမွန်ခဲ့ပြီး မီဒီယာတွေကတော့ ဗင်နီစီးယက်စ်နဲ့ ရိုဒရိုင်ဂို ဘရာဇီးလ်ညီနောင်ကို

အမွှမ်းတင်နေကြတယ်။ မာယော့ကာခံစစ်ကြောင်းထဲ ရိုဒရိုင်ဂိုထိုးဖောက်မွှေနှောက်ပြီး ဗင်နီစီးယက်စ်ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးသွားတာ တကယ်လည်းကောင်းခဲ့ပါတယ်။ ပြီးတော့ ရိုဒရိုင်ဂိုလေးပဲ

တစ်ကိုယ်စကေးနဲ့ ပြိုင်ဘက်နောက်တန်းကို  ကျော်ဖြတ်သွင်းယူခဲ့တာလည်း လက်ဖျားခါလောက်ပါတယ်။ တိုနီခရူးစ်ရဲ့ဖရီးကစ်ကို ရူဒီဂါပိတ်သွားတဲ့ ပွဲသိမ်းဂိုးလည်း ကောင်းတာပါပဲ။ ဒါပေမဲ့ ရီးရဲလ်ပရိသတ်တွေ

ဆိုရှယ်မီဒီယာပေါ်မှာ ပြောနေကြတာက ပထမဂိုးအကြောင်းပါ။ ရီးရဲလ်ကွင်းတစ်ဝက်လောက်ကနေ ဘောလုံးဆွဲပြေးသွားပြီး မာယော့ကာရဲ့ ၁၈ ကိုက်စည်းထိပ်နားလည်းရောက်ရော ပြင်းထန်တဲ့ဝရဇိန်ကန်ချက်နဲ့

သွင်းယူခဲ့တဲ့ ဗယ်ဗာဒီရဲ့ဂိုးပါ။ ပထမပိုင်း နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဒီချေပဂိုးဟာ သိပ်ကိုအရေးပါသလို အမိုက်စားလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် “ ဗယ်ဗာဒီက တိုက်စစ်ကိုကူပေးတယ်၊ နောက်တန်းကို ကာကွယ်ပေးတယ်၊ ဂိုးလည်းသွင်းတယ်၊

သူ အားလုံးလုပ်နိုင်တယ်၊ ဒီကောင်လေးက လူသားမဟုတ်ဘူး ” ၊ “ လက်ရှိရီးရဲလ်အသင်းမှာ သူက အကောင်းဆုံးကစားသမားလို့ လူတိုင်းအတွက် ကျွန်တော်ပြောပါတယ် ” စတဲ့ မှတ်ချက်တွေ ပလူပျံနေတာပါ။

(zawgyi)

ဘာေနဗ်ဴးမွာ မာရီကီရဲ႕ဂိုးနဲ႔ မာေယာ့ကာ အကဲစမ္းလာေပမယ့္ ၄ ဂိုးျပန္သြင္းၿပီး ရီးရဲလ္ အမွတ္ျပည့္ယူႏိုင္ခဲ့တယ္။ ဒီႏိုင္ပြဲဟာ သူတို႔ကို လာလီဂါအမွတ္ေပးဇယားထိပ္ ျပန္ပို႔တဲ့ပြဲျဖစ္သလို ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ

ရာႏႈန္းျပည့္ႏိုင္ပြဲဆက္တဲ့ တစ္ခုတည္းေသာအသင္းဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း ျဖစ္ေပၚေစခဲ့တယ္။ ရီးရဲလ္သြင္းသြားတဲ့ ဂိုးေတြအားလုံးေကာင္းမြန္ခဲ့ၿပီး မီဒီယာေတြကေတာ့ ဗင္နီစီးယက္စ္နဲ႔ ႐ိုဒ႐ိုင္ဂို ဘရာဇီးလ္ညီေနာင္ကို အမႊမ္းတင္ေနၾကတယ္။

မာေယာ့ကာခံစစ္ေၾကာင္းထဲ ႐ိုဒ႐ိုင္ဂိုထိုးေဖာက္ေမႊေႏွာက္ၿပီး ဗင္နီစီးယက္စ္ဂိုးသြင္းႏိုင္ဖို႔ ဖန္တီးေပးသြားတာ တကယ္လည္းေကာင္းခဲ့ပါတယ္။ ၿပီးေတာ့ ႐ိုဒ႐ိုင္ဂိုေလးပဲ တစ္ကိုယ္စေကးနဲ႔ ၿပိဳင္ဘက္ေနာက္တန္းကို

ေက်ာ္ျဖတ္သြင္းယူခဲ့တာလည္း လက္ဖ်ားခါေလာက္ပါတယ္။ တိုနီခ႐ူးစ္ရဲ႕ဖရီးကစ္ကို ႐ူဒီဂါပိတ္သြားတဲ့ ပြဲသိမ္းဂိုးလည္း ေကာင္းတာပါပဲ။ ဒါေပမဲ့ ရီးရဲလ္ပရိသတ္ေတြ ဆိုရွယ္မီဒီယာေပၚမွာ ေျပာေနၾကတာက

ပထမဂိုးအေၾကာင္းပါ။ ရီးရဲလ္ကြင္းတစ္ဝက္ေလာက္ကေန ေဘာလုံးဆြဲေျပးသြားၿပီး မာေယာ့ကာရဲ႕ ၁၈ ကိုက္စည္းထိပ္နားလည္းေရာက္ေရာ ျပင္းထန္တဲ့ဝရဇိန္ကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့ ဗယ္ဗာဒီရဲ႕ဂိုးပါ။

ပထမပိုင္း နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ဒီေခ်ပဂိုးဟာ သိပ္ကိုအေရးပါသလို အမိုက္စားလည္းျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ “ ဗယ္ဗာဒီက တိုက္စစ္ကိုကူေပးတယ္၊ ေနာက္တန္းကို ကာကြယ္ေပးတယ္၊ ဂိုးလည္းသြင္းတယ္၊ သူ အားလုံးလုပ္ႏိုင္တယ္၊

ဒီေကာင္ေလးက လူသားမဟုတ္ဘူး ” ၊ “ လက္ရွိရီးရဲလ္အသင္းမွာ သူက အေကာင္းဆုံးကစားသမားလို႔ လူတိုင္းအတြက္ ကြၽန္ေတာ္ေျပာပါတယ္ ” စတဲ့ မွတ္ခ်က္ေတြ ပလူပ်ံေနတာပါ။