ဗန်ပါစီနဲ့အတူ လက်တွဲခွင့်ရတဲ့အပေါ် ဂါနာချိုနဲ့ ပယ်လစ်စထရီတို့ ကျေနပ်အားရနေ

မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမားတွေဖြစ်တဲ့ ဂါနာချိုနဲ့ ပယ်လစ်စထရီတို့ဟာ

အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး ဗန်ပါစီနဲ့ ကာလတို အတူလက်တွဲအလုပ်,လုပ်ခွင့်ရတဲ့အပေါ်
ကျေနပ်အားရနေကြပါတယ်။

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဗန်ပါစီဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၅
ခုနှစ်အထိကစားခဲ့ပြီး (၁၀၅)ပွဲကစား၊ (၅၈)ဂိုးသွင်းယူခဲ့သလို အသင်းနဲ့ ၂၀၁၂-၁၃ ရာသီ
ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူပြီးတဲ့နောက် ဗန်ပါစီဟာ ၂၀၂၀ ခုနှစ်ကစပြီး ဖီယင်နု
အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလောလောဆယ်
ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ကလပ်အသင်းပြိုင်ပွဲတွေ ရပ်နားထားချိန်မှာ ဗန်ပါစီက

ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာပြီး ပရော်ဖက်ရှင်နယ်အဆင့်
နည်းပြလိုင်စင်ရဖို့အတွက် အဲရစ်တန်ဟက်ဆီကနေ နည်းပြဘဝအတွေ့အကြုံတွေ
သင်ယူနေသလို ယူနိုက်တက်လူငယ်ကစားသမားတွေနဲ့လည်း လေ့ကျင့်ခန်းအတူ

ဆင်းနေတာဖြစ်ပါတယ်။

ဗန်ပါစီရဲ့ ကစားသမားဘဝအတွေ့အကြုံတွေက ဂါနာချို၊ ပယ်လစ်စထရီတို့လို လူငယ်လေးတွေ

အတွက် လေ့လာသင်ယူစရာ အများကြီးရစေတာကြောင့် သူတို့နှစ်ယောက်ဟာ ဗန်ပါစီနဲ့
ခဏတာ လက်တွဲခွင့်ရတဲ့အပေါ် ကျေနပ်အားရနေတာဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂါနာခ်ိဳနဲ႔ ပယ္လစ္စထရီတို႔ဟာ
အသင္းရဲ႕ဂႏၴဝင္တိုက္စစ္မႉး ဗန္ပါစီနဲ႔ ကာလတို အတူလက္တြဲအလုပ္,လုပ္ခြင့္ရတဲ့အေပၚ
ေက်နပ္အားရေနၾကပါတယ္။

အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗန္ပါစီဟာ ယူႏိုက္တက္အသင္းမွာ ၂၀၁၂ ကေန ၂၀၁၅
ခုႏွစ္အထိကစားခဲ့ၿပီး (၁၀၅)ပြဲကစား၊ (၅၈)ဂိုးသြင္းယူခဲ့သလို အသင္းနဲ႔ ၂၀၁၂-၁၃ ရာသီ
ပရီးမီးယားလိဂ္ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေဘာလုံးသမားဘဝကေန အနားယူၿပီးတဲ့ေနာက္ ဗန္ပါစီဟာ ၂၀၂၀ ခုႏွစ္ကစၿပီး ဖီယင္ႏု
အသင္းမွာ လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ အခုေလာေလာဆယ္
ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ ကလပ္အသင္းၿပိဳင္ပြဲေတြ ရပ္နားထားခ်ိန္မွာ ဗန္ပါစီက

ယူႏိုက္တက္ရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းကို လာၿပီး ပေရာ္ဖက္ရွင္နယ္အဆင့္
နည္းျပလိုင္စင္ရဖို႔အတြက္ အဲရစ္တန္ဟက္ဆီကေန နည္းျပဘဝအေတြ႕အႀကဳံေတြ

သင္ယူေနသလို ယူႏိုက္တက္လူငယ္ကစားသမားေတြနဲ႔လည္း ေလ့က်င့္ခန္းအတူ
ဆင္းေနတာျဖစ္ပါတယ္။

ဗန္ပါစီရဲ႕ ကစားသမားဘဝအေတြ႕အႀကဳံေတြက ဂါနာခ်ိဳ၊ ပယ္လစ္စထရီတို႔လို လူငယ္ေလးေတြ
အတြက္ ေလ့လာသင္ယူစရာ အမ်ားႀကီးရေစတာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ ဗန္ပါစီနဲ႔
ခဏတာ လက္တြဲခြင့္ရတဲ့အေပၚ ေက်နပ္အားရေနတာျဖစ္ပါတယ္။