
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ တနင်္လာနေ့ညက မန်ချက်စတာ
မြို့မှာရှိတဲ့ နာမည်ကျော် တရုတ်စားသောက်ဆိုင် Tattu မှာ ဗန်ပါစီ၊ သူတို့ရဲ့အေးဂျင့်
ဖြစ်သူ ကီးဗော့စ်တို့နဲ့အတူ ညစာစားသောက်ပြီး အပြောင်းအရွှေ့ကိစ္စအတွက်
တိုင်ပင်ခဲ့ပုံရပါတယ်။
အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်သူ ယူနိုက်တက် နာမည်ကျော်တိုက်စစ်မှူးဟောင်း
ဗန်ပါစီဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း လက်ရှိအချိန်မှာ
ဖီယင်နုအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
လိဂ်ပြိုင်ပွဲတွေ ခဏရပ်နားထားချိန်မှာ ဗန်ပါစီဟာ ယူနိုက်တက်အသင်းရဲ့ ကာရစ်တန်
လေ့ကျင့်ရေးကွင်းကို လာပြီး အဲရစ်တန်ဟက်ဆီကနေ နည်းပြအတွေ့အကြုံ
သင်ယူနေပါတယ်။
ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးနောက် လာမယ့်ဇန်နဝါရီကျရင်
တိုက်စစ်ကစားသမားတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး အဲရစ်တန်ဟက်က အဲဒီကိစ္စအတွက်
ဗန်ပါစီနဲ့အတူ ညစာစားရင်း တိုင်ပင်ခဲ့ပုံရတယ်လို့ Manchester Evening News
သတင်းစာက သုံးသပ်ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ PSV အသင်းရဲ့ နယ်သာလန်ကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူဖို့
ပစ်မှတ်ထားနေပြီး သူ့ ခြေစွမ်းနဲ့ပတ်သက်လို့ ဗန်ပါစီရဲ့ ထင်မြင်ယူချက်ကို အဲရစ်တန်ဟက်
မေးမြန်းခဲ့ပုံရပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ တနလၤာေန႔ညက မန္ခ်က္စတာ
ၿမိဳ႕မွာရွိတဲ့ နာမည္ေက်ာ္ တ႐ုတ္စားေသာက္ဆိုင္ Tattu မွာ ဗန္ပါစီ၊ သူတို႔ရဲ႕ေအးဂ်င့္
ျဖစ္သူ ကီးေဗာ့စ္တို႔နဲ႔အတူ ညစာစားေသာက္ၿပီး အေျပာင္းအေ႐ႊ႕ကိစၥအတြက္
တိုင္ပင္ခဲ့ပုံရပါတယ္။
အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ယူႏိုက္တက္ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း
ဗန္ပါစီဟာ ေဘာလုံးသမားဘဝကေန အနားယူၿပီးေနာက္ပိုင္း လက္ရွိအခ်ိန္မွာ
ဖီယင္ႏုအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။
လိဂ္ၿပိဳင္ပြဲေတြ ခဏရပ္နားထားခ်ိန္မွာ ဗန္ပါစီဟာ ယူႏိုက္တက္အသင္းရဲ႕ ကာရစ္တန္
ေလ့က်င့္ေရးကြင္းကို လာၿပီး အဲရစ္တန္ဟက္ဆီကေန နည္းျပအေတြ႕အႀကဳံ
သင္ယူေနပါတယ္။
ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ လာမယ့္ဇန္နဝါရီက်ရင္
တိုက္စစ္ကစားသမားတစ္ဦးေခၚယူဖို႔ ျပင္ဆင္ေနၿပီး အဲရစ္တန္ဟက္က အဲဒီကိစၥအတြက္
ဗန္ပါစီနဲ႔အတူ ညစာစားရင္း တိုင္ပင္ခဲ့ပုံရတယ္လို႔ Manchester Evening News
သတင္းစာက သုံးသပ္ေဖာ္ျပခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ PSV အသင္းရဲ႕ နယ္သာလန္ၾကယ္ပြင့္ ဂတ္ပိုကို ေခၚယူဖို႔
ပစ္မွတ္ထားေနၿပီး သူ႔ ေျခစြမ္းနဲ႔ပတ္သက္လို႔ ဗန္ပါစီရဲ႕ ထင္ျမင္ယူခ်က္ကို အဲရစ္တန္ဟက္
ေမးျမန္းခဲ့ပုံရပါတယ္။