ဗန်ဒီ ဘိခ် ဟာ 2020 စက်တင်ဘာလ တုန်းက အေဂျက်ဇ် အသင်းမှ
ယူနိုက်တက် အသင်းဆီကို ပေါင် သန်း 40 နဲ့ ပြောင်းရွှေ့လာခဲ့သူပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အေဂျက်ဇ် မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားဟာ ယူနိုက်တက်မှာတော့
ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ယူနိုက်တက် အသင်းမှာ ဘရူနို ဖာနန်ဒက်စ် နဲ့
ပေါလ် ပေါ့ဂ်ဘာ တို့ကပဲ အသင်းရဲ့ ဦးစားပေး ပွဲထွက်ခွင့် ရရှိသူတွေ ဖြစ်ခဲ့ကြတာကြောင့်
ဗန်ဒီ ဘိခ် ဟာ အရံလူ အဖြစ်သာ နေရတာ များခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပွဲထွက်ခွင့်တွေ
ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ ဈေးကွက်တုန်းက အဲဗာတန် အသင်းဆီ အငှား ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြသစ်ဖြစ်လာတော့မယ့် တန်ဟတ်ဂ်ကတော့ အဲဗာတန်အသင်းကို
အငှါးချထားတဲ့ ဗန်ဒီဘိခ်ကို ဒုတိယအကြိမ်အခွင့်အရေးပေးရန် ပြင်ဆင်နေပါတယ်။
အဲရစ်တန်ဟတ်ဂ်က ဒွန်နီဗန်ဒီဘိခ်ကို လာမယ့်ရာသီမှာ အသင်းရဲ့ အဓိက
ကစားသမားတစ်ဦးအဖြစ် ပွဲထွက်အသုံးပြုလာဖို့ရှိနေပါတယ်။
အဲရစ်တန်ဟတ်ဂ်နဲ့ ဗန်ဒီဘိခ်တို့ဟာ အေဂျက်စ်အသင်းမှာ လက်တွဲကစားဖူးတာဖြစ်ပြီး
ခြေစွမ်းပိုင်းရုန်းနေရတဲ့ ဗန်ဒီဘိခ်ကို အကောင်းဆုံးခြေစွမ်းတွေ ပြန်ရအောင်
ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ တန်ဟတ်ဂ်က “ဗန်ဒီဘိခ် ဟာ ခေတ်မီတဲ့
ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး နက်နက်ရှိုင်းရှိုင်း၊ ဂိုးတွေသွင်းမှုတွေနဲ့
ပြင်းထန်တဲ့ အသွင်ကူးပြောင်းမှုတွေ၊ နှစ်ခုစလုံး ပြုလုပ်နိုင်သူဖြစ်ပါတယ်။”လို့ ပြောထားဖူးပါတယ်။
zawgyi
ဗန်ဒီဘိခ်ကို အခွင့်အရေးပေးဖို့ စိတ်ကူးထားတဲ့ ယူနိုက်တက်ရဲ့ အနာဂတ်နည်းပြ တန်ဟတ်ဂ်
Leave a Reply