ဗန်ဒိုက်ကပိုကောင်းလားလို့ မုသားဖေါ်စက်တပ်ပြီး အမေးခံလိုက်ရချိန်မှာ ဖာဒီနန် အလိမ်ပေါ်သွားခဲ့

မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ သူ့ရဲ့ YouTube ချန်နယ် Rio Ferdinand Presents FIVE ကနေ အစီအစဉ်သစ်တစ်ခု တင်ဆက်သွားခဲ့ပါတယ်။ လက်မှာ မုသားဖေါ်စက်တပ်ပြီး မေးခွန်းတွေကို ဖြေသွားခဲ့တာပါ။

ဟာလန်းအကြောင်း၊ ကယ်လ်ဗင်ဖိလစ်နဲ့ ဒီကလန်ရစ်တို့ရဲ့ ဝက်စ်ဟမ်းအနာဂတ်အကြောင်းတွေကို အစီအစဉ်တင်ဆက်သူ ဂျိုးလ်ဘီယာမေးသမျှ အဆင်ပြေနေခဲ့ပါတယ်။ ဒါပေမဲ့ ဗန်ဒိုက်က ခင်ဗျားထက်ပိုကောင်းတယ်ထင်လားလို့

အမေးခံရချိန်မှာတော့ မုသားဖေါ်စက်က လိမ်နေကြောင်း အချက်ပေးတော့တာပါပဲ။ ဖာဒီနန်က “ No ” လို့ ဖြေသွားတာကြောင့်ပါ။ တနည်းအားဖြင့် သူ့ထက် လီဗာပူးလ်နောက်ခံလူ ပိုကောင်းတယ်ဆိုတာကို လက်မခံတဲ့အဖြေဟာ

လိမ်နေတာလို့ မုသားဖေါ်စက်က ညွှန်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဖာဒီနန်ကတော့ “ ဟိုနေ့ကတောင် ငါ့သားက ငါကစားခဲ့တဲ့ပွဲတွေကို YouTube မှာ ကြည့်ခဲ့သေးတယ်။ ၁၅ မိနစ်လောက်ကြာပါတယ်။

ငါလည်း ထိုင်ချလိုက်ပြီး ၉ မိနစ်လောက်ကြည့်လိုက်တယ်။ ပြီးတော့ တွေးမိတယ်။ ဒါမျိုး ဘယ်သူမှ မလုပ်တော့ဘူးလို့။ ပြီးခဲ့တဲ့နှစ်တွေမှာ ဒါမျိုးကစားနိုင်တဲ့ ဗဟိုခံစစ်မှူးမျိုး တစ်ယောက်မှ ငါ မတွေ့တော့ပါဘူး။

ဗန်ဒိုက်က ထိပ်တန်းပါပဲ။ သူ့ရဲ့ကစားသမားဘ၀ အဆုံးသတ်သွားချိန်မှာ မင်း ဒီလိုနှိုင်းယှဉ်ပြီး မေးနိုင်ပါတယ် ” လို့ အရှက်ပြေပြောသွားခဲ့တာပါ။ ဗန်ဒိုက်အနားယူချိန်မှာတော့ ခင်ဗျားလို ပရီးမီးယားလိဂ်ဖလား ၆ လုံးရခဲ့မှာမဟုတ်ဘူးလို့

ဘီယာကပင့်မေးလိုက်ပါသေးတယ်။ ဒီတော့ ဖာဒီနန်က “ ဒါက မင်းပြောတာနော်။ လက်ရှိမှာ သူက အကောင်းဆုံးဖြစ်နေပြီ။ အဲဒါကို သူက လွယ်လွယ်လေးလုပ်နေတာ ” လို့ ဖာဖာထေးထေး ပြောသွားခဲ့ပါတယ်။

(zawgyi)

မန္ယူေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ဟာ သူ႔ရဲ႕ YouTube ခ်န္နယ္ Rio Ferdinand Presents FIVE ကေန အစီအစဥ္သစ္တစ္ခု တင္ဆက္သြားခဲ့ပါတယ္။ လက္မွာ မုသားေဖၚစက္တပ္ၿပီး ေမးခြန္းေတြကို ေျဖသြားခဲ့တာပါ။

ဟာလန္းအေၾကာင္း၊ ကယ္လ္ဗင္ဖိလစ္နဲ႔ ဒီကလန္ရစ္တို႔ရဲ႕ ဝက္စ္ဟမ္းအနာဂတ္အေၾကာင္းေတြကို အစီအစဥ္တင္ဆက္သူ ဂ်ိဳးလ္ဘီယာေမးသမွ် အဆင္ေျပေနခဲ့ပါတယ္။ ဒါေပမဲ့ ဗန္ဒိုက္က ခင္ဗ်ားထက္ပိုေကာင္းတယ္ထင္လားလို႔

အေမးခံရခ်ိန္မွာေတာ့ မုသားေဖၚစက္က လိမ္ေနေၾကာင္း အခ်က္ေပးေတာ့တာပါပဲ။ ဖာဒီနန္က “ No ” လို႔ ေျဖသြားတာေၾကာင့္ပါ။ တနည္းအားျဖင့္ သူ႔ထက္ လီဗာပူးလ္ေနာက္ခံလူ ပိုေကာင္းတယ္ဆိုတာကို

လက္မခံတဲ့အေျဖဟာ လိမ္ေနတာလို႔ မုသားေဖၚစက္က ၫႊန္ျပခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဖာဒီနန္ကေတာ့ “ ဟိုေန႔ကေတာင္ ငါ့သားက ငါကစားခဲ့တဲ့ပြဲေတြကို YouTube မွာ ၾကည့္ခဲ့ေသးတယ္။

၁၅ မိနစ္ေလာက္ၾကာပါတယ္။ ငါလည္း ထိုင္ခ်လိုက္ၿပီး ၉ မိနစ္ေလာက္ၾကည့္လိုက္တယ္။ ၿပီးေတာ့ ေတြးမိတယ္။ ဒါမ်ိဳး ဘယ္သူမွ မလုပ္ေတာ့ဘူးလို႔။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဒါမ်ိဳးကစားႏိုင္တဲ့ ဗဟိုခံစစ္မႉးမ်ိဳး တစ္ေယာက္မွ

ငါ မေတြ႕ေတာ့ပါဘူး။ ဗန္ဒိုက္က ထိပ္တန္းပါပဲ။ သူ႔ရဲ႕ကစားသမားဘ၀ အဆုံးသတ္သြားခ်ိန္မွာ မင္း ဒီလိုႏႈိင္းယွဥ္ၿပီး ေမးႏိုင္ပါတယ္ ” လို႔ အရွက္ေျပေျပာသြားခဲ့တာပါ။ ဗန္ဒိုက္အနားယူခ်ိန္မွာေတာ့ ခင္ဗ်ားလို

ပရီးမီးယားလိဂ္ဖလား ၆ လုံးရခဲ့မွာမဟုတ္ဘူးလို႔ ဘီယာကပင့္ေမးလိုက္ပါေသးတယ္။ ဒီေတာ့ ဖာဒီနန္က “ ဒါက မင္းေျပာတာေနာ္။ လက္ရွိမွာ သူက အေကာင္းဆုံးျဖစ္ေနၿပီ။ အဲဒါကို သူက လြယ္လြယ္ေလးလုပ္ေနတာ ” လို႔ ဖာဖာေထးေထး ေျပာသြားခဲ့ပါတယ္။