ဗင်နီဇွဲလားက blogger အမျိုးသမီးတစ်ဦးနဲ့ ဟိုတယ်မှာ ချစ်ဇာတ်လမ်းဖန်တီးခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် စီရော်နယ်လ်ဒို ဒေါသတကြီးငြင်းဆန်

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဗင်နီဇွဲလားက

blogger အမျိုးသမီးတစ်ဦးနဲ့ ဟိုတယ်မှာ အတူအိပ်ခဲ့တယ်ဆိုပြီး
ပေါ်တူဂီမီဒီယာတချို့က ရေးသားဖော်ပြနေမှုအပေါ် ဒေါသတကြီး
ငြင်းဆန်ခဲ့ပါတယ်။

ပုရိသယောကျ်ားတွေ အကြိုက်ဖြစ်တဲ့ ‘လုံးကြီးပေါက်လှ’ခန္ဓာကိုယ်
အချိုးအစား ပိုင်ဆိုင်ထားသူ ‘ဂျော်ဂျီလာယာ’လို့ အမည်ရတဲ့ အမျိုးသမီးဟာ
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သူမရဲ့ ခန္ဓာကိုယ်အလှဓာတ်ပုံတွေ
Post တင်လေ့ရှိပြီး ဗင်နီဇွဲလားနိုင်ငံမှာ လူသိများထင်ရှားတဲ့ blogger

တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားထုကြီးအတွက် စိတ်မကောင်း
စရာက ဂျော်ဂျီလာယာဟာ အိမ်ထောင်ရှိတဲ့အမျိုးသမီးဖြစ်နေတာပါပဲ။

ပြီးခဲ့တဲ့နှစ်၊ မတ်လ(၂၅)ရက်က ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ
စီရော်နယ်လ်ဒိုဟာ မိခင်နိုင်ငံကို ရောက်ရှိနေချိန်မှာ ဂျော်ဂျီလာယာဟာ
စီရော်နယ်လ်ဒိုနဲ့ Selfie ရိုက်ခဲ့ဖူးပါတယ်။ ဂျော်ဂျီလာယာဟာ
စီရော်နယ်လ်ဒိုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်သလို Instagram မှာ

စီရော်နယ်လ်ဒိုနဲ့အတူ ပွေ့ဖက်ထားတဲ့ဓာတ်ပုံတွေ၊ စီရော်နယ်လ်ဒိုနာမည်နဲ့
မန်ချက်စတာယူနိုက်တက်ဂျာစီဝတ်ဆင်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို
‘Cristiano Ronaldo’ဆိုတဲ့ Folder ထဲမှာ သိမ်းဆည်းထားပါတယ်။

အခု သူမက စီရော်နယ်လ်ဒိုဟာ သူ့ဟိုတယ်အခန်းထဲကို လာဖို့ မက်ဆေ့ချ်
ပေးပို့ပြီးတော့ ဖိတ်ခေါ်ခဲ့တယ်လို့ လူသိရှင်ကြားဖွင့်ချခဲ့ပါတယ်။ Instagram မှာ

ဂျော်ဂျီလာယာက ‘စီရော်နယ်လ်ဒိုဆီကနေ မက်ဆေ့ချ် ရောက်လာချိန်မှာ
ကျွန်မက သာမန်အတိုင်း စကားစမြည်ပြောပြီး တစ်ယောက်နဲ့တစ်ယောက်
ပိုရင်းနှီးလာအောင်၊ သူနဲ့ ဓာတ်ပုံတွေအများကြီးရိုက်ခွင့်ရမယ်လို့ပဲ ထင်ခဲ့တာပါ။

စီရော်နယ်လ်ဒိုနဲ့ အတူနေဖြစ်မယ်လို့ မထင်မိခဲ့ပါဘူး။ ဒါက အမှန်တကယ်
ဖြစ်ခဲ့တာပါ။ ကျွန်မကိုယ်တိုင်လည်း လိုက်လျောမိခဲ့တာလည်း ပါ,ပါတယ်။
ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့ အရှိန်အဝါကြောင့်လည်း သူ့ကို မငြင်းဆန်နိုင်လောက်တဲ့
အထိ ဖြစ်ခဲ့ရပါတယ်’လို့ Post တင်ခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျီလာယာက စီရော်နယ်လ်ဒိုဟာ သူ့ ဆန္ဒဖြေဖျောက်ဖို့အတွက် သူမကို
အသုံးချခဲ့တာဖြစ်ပြီး အခုလို လူသိရှင်ကြားဖွင့်ချရတာက နာမည်ကြီးချင်တာ

ဒါမှမဟုတ် ငွေလိုချင်တာကြောင့် မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့
စီရော်နယ်လ်ဒိုဘက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဂျော်ဂျီလာယာရဲ့
စွပ်စွဲမှုတွေဟာ လုံးဝအမှားကြီးဖြစ်တဲ့အပြင် စီရော်နယ်လ်ဒိုကို အသရေ
ဖျက်ချင်တဲ့အတွက် အခုလို စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ဗင္နီဇြဲလားက
blogger အမ်ိဳးသမီးတစ္ဦးနဲ႔ ဟိုတယ္မွာ အတူအိပ္ခဲ့တယ္ဆိုၿပီး
ေပၚတူဂီမီဒီယာတခ်ိဳ႕က ေရးသားေဖာ္ျပေနမႈအေပၚ ေဒါသတႀကီး

ျငင္းဆန္ခဲ့ပါတယ္။

ပုရိသေယာက်္ားေတြ အႀကိဳက္ျဖစ္တဲ့ ‘လုံးႀကီးေပါက္လွ’ခႏၶာကိုယ္

အခ်ိဳးအစား ပိုင္ဆိုင္ထားသူ ‘ေဂ်ာ္ဂ်ီလာယာ’လို႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ
လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ သူမရဲ႕ ခႏၶာကိုယ္အလွဓာတ္ပုံေတြ
Post တင္ေလ့ရွိၿပီး ဗင္နီဇြဲလားႏိုင္ငံမွာ လူသိမ်ားထင္ရွားတဲ့ blogger
တစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ိဳးသားထုႀကီးအတြက္ စိတ္မေကာင္း
စရာက ေဂ်ာ္ဂ်ီလာယာဟာ အိမ္ေထာင္ရွိတဲ့အမ်ိဳးသမီးျဖစ္ေနတာပါပဲ။

ၿပီးခဲ့တဲ့ႏွစ္၊ မတ္လ(၂၅)ရက္က ေပၚတူဂီလက္ေ႐ြးစင္အသင္းနဲ႔အတူ
စီေရာ္နယ္လ္ဒိုဟာ မိခင္ႏိုင္ငံကို ေရာက္ရွိေနခ်ိန္မွာ ေဂ်ာ္ဂ်ီလာယာဟာ

စီေရာ္နယ္လ္ဒိုနဲ႔ Selfie ႐ိုက္ခဲ့ဖူးပါတယ္။ ေဂ်ာ္ဂ်ီလာယာဟာ
စီေရာ္နယ္လ္ဒိုရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္သလို Instagram မွာ

စီေရာ္နယ္လ္ဒိုနဲ႔အတူ ေပြ႕ဖက္ထားတဲ့ဓာတ္ပုံေတြ၊ စီေရာ္နယ္လ္ဒိုနာမည္နဲ႔
မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီဝတ္ဆင္ၿပီး ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို
‘Cristiano Ronaldo’ဆိုတဲ့ Folder ထဲမွာ သိမ္းဆည္းထားပါတယ္။

အခု သူမက စီေရာ္နယ္လ္ဒိုဟာ သူ႔ဟိုတယ္အခန္းထဲကို လာဖို႔ မက္ေဆ့ခ်္
ေပးပို႔ၿပီးေတာ့ ဖိတ္ေခၚခဲ့တယ္လို႔ လူသိရွင္ၾကားဖြင့္ခ်ခဲ့ပါတယ္။ Instagram မွာ
ေဂ်ာ္ဂ်ီလာယာက ‘စီေရာ္နယ္လ္ဒိုဆီကေန မက္ေဆ့ခ်္ ေရာက္လာခ်ိန္မွာ
ကြၽန္မက သာမန္အတိုင္း စကားစျမည္ေျပာၿပီး တစ္ေယာက္နဲ႔တစ္ေယာက္

ပိုရင္းႏွီးလာေအာင္၊ သူနဲ႔ ဓာတ္ပုံေတြအမ်ားႀကီး႐ိုက္ခြင့္ရမယ္လို႔ပဲ ထင္ခဲ့တာပါ။

စီေရာ္နယ္လ္ဒိုနဲ႔ အတူေနျဖစ္မယ္လို႔ မထင္မိခဲ့ပါဘူး။ ဒါက အမွန္တကယ္

ျဖစ္ခဲ့တာပါ။ ကြၽန္မကိုယ္တိုင္လည္း လိုက္ေလ်ာမိခဲ့တာလည္း ပါ,ပါတယ္။
ဒါေပမဲ့ စီေရာ္နယ္လ္ဒိုရဲ႕ အရွိန္အဝါေၾကာင့္လည္း သူ႔ကို မျငင္းဆန္ႏိုင္ေလာက္တဲ့
အထိ ျဖစ္ခဲ့ရပါတယ္’လို႔ Post တင္ခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီလာယာက စီေရာ္နယ္လ္ဒိုဟာ သူ႔ ဆႏၵေျဖေဖ်ာက္ဖို႔အတြက္ သူမကို
အသုံးခ်ခဲ့တာျဖစ္ၿပီး အခုလို လူသိရွင္ၾကားဖြင့္ခ်ရတာက နာမည္ႀကီးခ်င္တာ
ဒါမွမဟုတ္ ေငြလိုခ်င္တာေၾကာင့္ မဟုတ္ဘူးလို႔ ေျဖရွင္းခဲ့ပါတယ္။ ဒါေပမဲ့
စီေရာ္နယ္လ္ဒိုဘက္က ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ ေဂ်ာ္ဂ်ီလာယာရဲ႕

စြပ္စြဲမႈေတြဟာ လုံးဝအမွားႀကီးျဖစ္တဲ့အျပင္ စီေရာ္နယ္လ္ဒိုကို အသေရ
ဖ်က္ခ်င္တဲ့အတြက္ အခုလို စီစဥ္ေဆာင္႐ြက္ခဲ့တာျဖစ္တယ္ဆိုၿပီး တုံ႔ျပန္ခဲ့ပါတယ္။