ဗင်နီစီယက်စ် အရေးမှာ ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူလိုက်တဲ့ ရီးယဲလ်

လာလီဂါထိပ်သီးရီးယဲလ်အသင်းဟာ ရှက်တာဒိုးနက်အသင်းက

အသက်(၁၈)နှစ်အရွယ် ဘရာဇီးလူငယ်ကစားသမားဗင်နီစီယက်စ်တိုဘိုင်ယက်စ်ကို

အာဆင်နယ်၊ မန်စီးတီးအသင်းတို့ထက် လက်ဦးမှုရယူပြီးခေါ်ယူနိုင်လိုက်ပြီဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်ပွဲတွေဖြစ်ပွားနေပေမယ့် ဖီဖာနဲ့ UEFA တို့က

ပြည်ပကစားသမားတွေကို ကလပ်အသင်းပြောင်းရွှေ့ခွင့်ပြုထားတာကြောင့်

ရီးယဲလ်အသင်းမှာ ဗင်နီစီယက်စ်နောက်တစ်ယောက်ကို မြင်တွေ့ခွင့်ရ

တော့မှာလည်းဖြစ်ပါတယ်။ အီတလီလူမျိုးနာမည်ကျော်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့

ဖာဘရစ်ဇီယိုရိုမာနိုက ရီးယဲလ်အသင်းဟာ ဗင်နီစီယက်စ်ကို အငှားစာချုပ်နဲ့

အရင်ခေါ်ယူသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးရင် အပြီးသတ်

စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဗင်နီစီယက်စ်ကို ၂၀၂၃ ဇွန်လအထိအငှားခေါ်ယူသွားမှာဖြစ်ပြီး

ဗင်နီစီယက်စ်အနေနဲ့ အခုလောလောဆယ် စီနီယာအသင်းမှာနေရာရဦးမှာ

မဟုတ်သေးဘဲ ရီးယဲလ်(B)အသင်းအတွက်သာ ကစားရဦးမှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှာ ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဗင်နီစီယက်စ်ဂျူနီယာက

တိုက်စစ်အတွက်ခြေစွမ်းပြကစားနေသလို အခု နောက်ထပ်ဗင်နီစီယက်စ်တစ်ဦးကို

ပရိသတ်တွေထပ်ပြီးတော့မြင်တွေ့ခွင့်ရဦးမှာပါ။ ဒါပေမဲ့ အခုဗင်နီစီယက်စ်က

ဂျူနီယာလို တိုက်စစ်ကစားသမားမဟုတ်ဘဲ ညာနောက်ခံလူနေရာမှာကစားတာဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှာ ဘရာဇီးလ်ကစားသမားအများစု အောင်မြင်မှုရယူနိုင်ခဲ့တာကြောင့်

ဗင်နီစီယက်စ်တိုဘိုင်ယက်စ်လည်း အဲဒီလိုစွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ရမှာပါ . . .

zawgyi

ဗင္နီစီယက္စ္ အေရးမွာ ၿပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈရယူလိုက္တဲ့ ရီးယဲလ္

လာလီဂါထိပ္သီးရီးယဲလ္အသင္းဟာ ရွက္တာဒိုးနက္အသင္းက

အသက္(၁၈)ႏွစ္အ႐ြယ္ ဘရာဇီးလူငယ္ကစားသမားဗင္နီစီယက္စ္တိုဘိုင္ယက္စ္ကို

အာဆင္နယ္၊ မန္စီးတီးအသင္းတို႔ထက္ လက္ဦးမႈရယူၿပီးေခၚယူႏိုင္လိုက္ၿပီျဖစ္ပါတယ္။

ယူကရိန္းႏိုင္ငံမွာ စစ္ပြဲေတြျဖစ္ပြားေနေပမယ့္ ဖီဖာနဲ႔ UEFA တို႔က

ျပည္ပကစားသမားေတြကို ကလပ္အသင္းေျပာင္းေ႐ႊ႕ခြင့္ျပဳထားတာေၾကာင့္

ရီးယဲလ္အသင္းမွာ ဗင္နီစီယက္စ္ေနာက္တစ္ေယာက္ကို ျမင္ေတြ႕ခြင့္ရ

ေတာ့မွာလည္းျဖစ္ပါတယ္။ အီတလီလူမ်ိဳးနာမည္ေက်ာ္ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့

ဖာဘရစ္ဇီယို႐ိုမာႏိုက ရီးယဲလ္အသင္းဟာ ဗင္နီစီယက္စ္ကို အငွားစာခ်ဳပ္နဲ႔

အရင္ေခၚယူသြားမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ဆုံးရင္ အၿပီးသတ္

စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ရီးယဲလ္အသင္းဟာ ဗင္နီစီယက္စ္ကို ၂၀၂၃ ဇြန္လအထိအငွားေခၚယူသြားမွာျဖစ္ၿပီး

ဗင္နီစီယက္စ္အေနနဲ႔ အခုေလာေလာဆယ္ စီနီယာအသင္းမွာေနရာရဦးမွာ

မဟုတ္ေသးဘဲ ရီးယဲလ္(B)အသင္းအတြက္သာ ကစားရဦးမွာျဖစ္ပါတယ္။

ရီးယဲလ္အသင္းမွာ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ ဗင္နီစီယက္စ္ဂ်ဴနီယာက

တိုက္စစ္အတြက္ေျခစြမ္းျပကစားေနသလို အခု ေနာက္ထပ္ဗင္နီစီယက္စ္တစ္ဦးကို

ပရိသတ္ေတြထပ္ၿပီးေတာ့ျမင္ေတြ႕ခြင့္ရဦးမွာပါ။ ဒါေပမဲ့ အခုဗင္နီစီယက္စ္က

ဂ်ဴနီယာလို တိုက္စစ္ကစားသမားမဟုတ္ဘဲ ညာေနာက္ခံလူေနရာမွာကစားတာျဖစ္ပါတယ္။

ရီးယဲလ္အသင္းမွာ ဘရာဇီးလ္ကစားသမားအမ်ားစု ေအာင္ျမင္မႈရယူႏိုင္ခဲ့တာေၾကာင့္

ဗင္နီစီယက္စ္တိုဘိုင္ယက္စ္လည္း အဲဒီလိုစြမ္းေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရမွာပါ . . .