
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်နဲ့ တိုက်စစ်ကစားသမား
ရပ်ရှ်ဖို့ဒ်တို့ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာ
အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးခဲ့
ကြပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ဖေဖော်ဝါရီလအတွင်း
ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ (၅)ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြ
နိုင်ခဲ့တာကြောင့် တခြားနာမည်ကျော်ကစားသမားတွေကို ကျော်ဖြတ်ပြီးတော့
ဖေဖော်ဝါရီလရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရပ်ရှ်ဖို့ဒ်က
ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ (၂)လဆက်တိုက်ဆွတ်ခူးခဲ့ပြီး ဒါက သူ့ရဲ့ ကစားသမား
ဘဝတစ်လျှောက် ပထမဆုံးအကြိမ် (၂)လဆက် ဆုရရှိခဲ့တာဖြစ်တဲ့အပြင်
စက်တင်ဘာလတုန်းကလည်း ဆုရခဲ့တဲ့အတွက် ဒီရာသီမှာ တစ်လတာ
အကောင်းဆုံးဆုကို စုစုပေါင်း(၃)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ အသင်းဖော်ဖြစ်သူ ဘရူနိုဖာနန်ဒက်စ် (၂၀၂၀ – နိုဝင်ဘာ၊ ဒီဇင်ဘာ)
နောက်ပိုင်း အခုအကောင်းဆုံးဆုကို (၂)လဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံး
ယူနိုက်တက်ကစားသမားဖြစ်လာပြီး ပရီးမီးယားတစ်လတာအကောင်းဆုံးဆု
အပြင် ယူနိုက်တက်အသင်းရဲ့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး
ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးရာသီမှာပဲ အသင်းကို အကောင်းဆုံးဖြစ်အောင်
စွမ်းဆောင်ပြနေတဲ့ အဲရစ်တန်ဟက်ကလည်း ဖေဖော်ဝါရီလရဲ့ ပရီးမီးယားလိဂ်
အကောင်းဆုံးနည်းပြဆုကို ရယူခဲ့ပါတယ်။
အသက်(၅၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဒတ်ချ်နည်းပြကြီး အဲရစ်တန်ဟက်ဟာ
ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အကောင်းဆုံးနည်းပြဆု ရရှိခဲ့တာကြောင့်
ယူနိုက်တက်နည်းပြတွေထဲမှာ ပွဲဦးထွက်ရာသီမှာပဲ တစ်လတာအကောင်းဆုံးဆု
(၂)ကြိမ်ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္နဲ႔ တိုက္စစ္ကစားသမား
ရပ္ရွ္ဖို႔ဒ္တို႔ဟာ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္တစ္လတာ
အေကာင္းဆုံးနည္းျပဆု၊ အေကာင္းဆုံးကစားသမားဆုေတြကို ဆြတ္ခူးခဲ့
ၾကပါတယ္။
အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ဟာ ေဖေဖာ္ဝါရီလအတြင္း
ကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၄)ပြဲမွာ (၅)ဂိုးအထိသြင္းယူၿပီး ေျခစြမ္းျပ
ႏိုင္ခဲ့တာေၾကာင့္ တျခားနာမည္ေက်ာ္ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီးေတာ့
ေဖေဖာ္ဝါရီလရဲ႕ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရပ္ရွ္ဖို႔ဒ္က
ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီ (၂)လဆက္တိုက္ဆြတ္ခူးခဲ့ၿပီး ဒါက သူ႔ရဲ႕ ကစားသမား
ဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ (၂)လဆက္ ဆုရရွိခဲ့တာျဖစ္တဲ့အျပင္
စက္တင္ဘာလတုန္းကလည္း ဆုရခဲ့တဲ့အတြက္ ဒီရာသီမွာ တစ္လတာ
အေကာင္းဆုံးဆုကို စုစုေပါင္း(၃)ႀကိမ္အထိ ပိုင္ဆိုင္ခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာ အသင္းေဖာ္ျဖစ္သူ ဘ႐ူႏိုဖာနန္ဒက္စ္ (၂၀၂၀ – ႏိုဝင္ဘာ၊ ဒီဇင္ဘာ)
ေနာက္ပိုင္း အခုအေကာင္းဆုံးဆုကို (၂)လဆက္တိုက္ ရယူႏိုင္တဲ့ ပထမဆုံး
ယူႏိုက္တက္ကစားသမားျဖစ္လာၿပီး ပရီးမီးယားတစ္လတာအေကာင္းဆုံးဆု
အျပင္ ယူႏိုက္တက္အသင္းရဲ႕ ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံး
ကစားသမားဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္နည္းျပဘ၀ ပထမဆုံးရာသီမွာပဲ အသင္းကို အေကာင္းဆုံးျဖစ္ေအာင္
စြမ္းေဆာင္ျပေနတဲ့ အဲရစ္တန္ဟက္ကလည္း ေဖေဖာ္ဝါရီလရဲ႕ ပရီးမီးယားလိဂ္
အေကာင္းဆုံးနည္းျပဆုကို ရယူခဲ့ပါတယ္။
အသက္(၅၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒတ္ခ်္နည္းျပႀကီး အဲရစ္တန္ဟက္ဟာ
ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကလည္း အေကာင္းဆုံးနည္းျပဆု ရရွိခဲ့တာေၾကာင့္
ယူႏိုက္တက္နည္းျပေတြထဲမွာ ပြဲဦးထြက္ရာသီမွာပဲ တစ္လတာအေကာင္းဆုံးဆု
(၂)ႀကိမ္ရရွိခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။