ဖေဖေါ်ဝါရီကတည်းက ထွက်ခွာခွင့်တောင်းခဲ့တာလို့ အင်တာဗျူးမှာ ပေါက်ကွဲစွာ ဖွင့်ချလိုက်တဲ့ အန်တိုနီ

မန်ယူပစ်မှတ်ထားနေတဲ့ အေဂျက်ဇ်တောင်ပံတိုက်စစ်မှူး အန်တိုနီက အပြောင်းအရွှေ့စပါယ်ရှယ်လစ် ဖာဘရီဇီယိုရိုမာနိုနဲ့အင်တာဗျူးမှာ သူ့အနာဂတ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို ဖေါက်ခွဲပစ်ခဲ့ပါတယ်။ ဘရာဇီးလ်သားဟာ နွေဈေးကွက်ရဲ့ကြီးမားတဲ့

အပြောင်းအရွှေ့တစ်ခုအဖြစ် အိုးလ်ထရက်ဖို့ဒ်နဲ့ချိတ်ဆက်မှုတွေရှိနေသူပါ။ “ စိန်ခေါ်မှုသစ်တွေရင်ဆိုင်ဖို့ အသင်းကနေထွက်ခွာမယ်ဆိုတဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ကို အေဂျက်ဇ်ကိုအသိပေးရေးအတွက် ကျွန်တော့်ရဲ့အေးဂျင့်တွေဟာ

ဒီနှစ် ဖေဖေါ်ဝါရီကတည်းက  အမ်စတာဒမ်ကိုရောက်နေခဲ့တာပါ။ အသင်းတစ်ချို့ရဲ့စိတ်ဝင်စားမှုတွေ ရရှိထားသလို သေချာတဲ့ ကမ်းလှမ်းမှုကောင်းတွေလည်း ရောက်လာတော့မှာဖြစ်ပါတယ်။

ဇွန်လမှာတော့ အားလပ်ရက်တောင် အနားမယူဘဲ နည်းပြသစ်အပါအဝင် အေဂျက်ဇ်မန်နေဂျာတွေကို ကျွန်တော့်ဆန္ဒကိုပြောပြခဲ့ပါတယ်။ ဖြစ်နိုင်ချေကို သူတို့စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ၂ ရာသီအတွက်

ပရောဂျက်တစ်ခုဖြစ်နေလို့ပါ။ အပြောင်းအရွှေ့ကာလတွေမှာ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးခဲ့ကြပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ အကြောင်းအရာတစ်ခုကိုပဲ ရှင်းရှင်းလင်းလင်း ထပ်ပြောခဲ့ပါတယ်။

ထွက်ခွာချင်တယ်ဆိုတာပါ။ ဒီနေ့တွေ့ဆုံမှုမှာလည်း ဒါကိုပဲထပ်ပြောခဲ့ပါတယ်။ သူတို့က ကျွန်တော့်နေရာအစားထိုးဖို့ ၅ ရက်သာ အချိန်ရှိတော့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ပါတယ် ” လို့ အန်တိုနီက ဖွင့်ဟသွားခဲ့ပါတယ်။

ဒါ့အပြင် အေဂျက်ဇ်ပရိသတ်တွေကိုလည်း “ ကျွန်တော့်ကိုနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားတစ်ယောက်အတွက် အနာဂတ်ဆိုတာ မသေချာသလို အခွင့်အရေးတွေဟာလည်း တစ်မူထူးခြားနိုင်လို့ပါ။ အေဂျက်ဇ်နဲ့ပရိသတ်တွေကို ကျွန်တော်ကျေးဇူးတင်ပါတယ် ” လို့ မက်ဆေ့ချ်ပေးသွားခဲ့ပါတယ်။

(zawgyi)

မန္ယူပစ္မွတ္ထားေနတဲ့ ေအဂ်က္ဇ္ေတာင္ပံတိုက္စစ္မႉး အန္တိုနီက အေျပာင္းအေ႐ႊ႕စပါယ္ရွယ္လစ္ ဖာဘရီဇီယို႐ိုမာႏိုနဲ႔အင္တာဗ်ဴးမွာ သူ႔အနာဂတ္နဲ႔ပတ္သက္တဲ့အေၾကာင္းေတြကို ေဖါက္ခြဲပစ္ခဲ့ပါတယ္။ ဘရာဇီးလ္သားဟာ ေႏြေဈးကြက္ရဲ႕ႀကီးမားတဲ့

အေျပာင္းအေ႐ႊ႕တစ္ခုအျဖစ္ အိုးလ္ထရက္ဖို႔ဒ္နဲ႔ခ်ိတ္ဆက္မႈေတြရွိေနသူပါ။ “ စိန္ေခၚမႈသစ္ေတြရင္ဆိုင္ဖို႔ အသင္းကေနထြက္ခြာမယ္ဆိုတဲ့ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကို ေအဂ်က္ဇ္ကိုအသိေပးေရးအတြက္ ကြၽန္ေတာ့္ရဲ႕ေအးဂ်င့္ေတြဟာ

ဒီႏွစ္ ေဖေဖၚဝါရီကတည္းက အမ္စတာဒမ္ကိုေရာက္ေနခဲ့တာပါ။ အသင္းတစ္ခ်ိဳ႕ရဲ႕စိတ္ဝင္စားမႈေတြ ရရွိထားသလို ေသခ်ာတဲ့ ကမ္းလွမ္းမႈေကာင္းေတြလည္း ေရာက္လာေတာ့မွာျဖစ္ပါတယ္။ ဇြန္လမွာေတာ့ အားလပ္ရက္ေတာင္

အနားမယူဘဲ နည္းျပသစ္အပါအဝင္ ေအဂ်က္ဇ္မန္ေနဂ်ာေတြကို ကြၽန္ေတာ့္ဆႏၵကိုေျပာျပခဲ့ပါတယ္။ ျဖစ္ႏိုင္ေခ်ကို သူတို႔စဥ္းစားသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါက ၂ ရာသီအတြက္ ပေရာဂ်က္တစ္ခုျဖစ္ေနလို႔ပါ။

အေျပာင္းအေ႐ႊ႕ကာလေတြမွာ ကြၽန္ေတာ္တို႔ ဆက္လက္ေဆြးေႏြးခဲ့ၾကၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းခံခဲ့ရပါတယ္။ ကြၽန္ေတာ္ကေတာ့ အေၾကာင္းအရာတစ္ခုကိုပဲ ရွင္းရွင္းလင္းလင္း ထပ္ေျပာခဲ့ပါတယ္။

ထြက္ခြာခ်င္တယ္ဆိုတာပါ။ ဒီေန႔ေတြ႕ဆုံမႈမွာလည္း ဒါကိုပဲထပ္ေျပာခဲ့ပါတယ္။ သူတို႔က ကြၽန္ေတာ့္ေနရာအစားထိုးဖို႔ ၅ ရက္သာ အခ်ိန္ရွိေတာ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပယ္ခ်ခဲ့ပါတယ္ ” လို႔ အန္တိုနီက ဖြင့္ဟသြားခဲ့ပါတယ္။

ဒါ့အျပင္ ေအဂ်က္ဇ္ပရိသတ္ေတြကိုလည္း “ ကြၽန္ေတာ့္ကိုနားလည္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဘာလုံးသမားတစ္ေယာက္အတြက္ အနာဂတ္ဆိုတာ မေသခ်ာသလို အခြင့္အေရးေတြဟာလည္း တစ္မူထူးျခားႏိုင္လို႔ပါ။ ေအဂ်က္ဇ္နဲ႔ပရိသတ္ေတြကို ကြၽန္ေတာ္ေက်းဇူးတင္ပါတယ္ ” လို႔ မက္ေဆ့ခ်္ေပးသြားခဲ့ပါတယ္။