ဖာနန်ဒင်ဟို မန်စီးတီးကို လက်ပြနှုတ်ဆက်တော့မယ်

မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုကတော့ ယခုနှစ်ရာသီအကုန်မှာ

အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဖာနန်ဒင်ဟိုဟာ

၂၀၁၃-၁၄ ခုနှစ်မှာ ရှက်တာဒိုးနက်ကနေ မန်စီးတီးအသင်းထံရောက်လာခဲ့သူဖြစ်ပြီး

၉ ရာသီမြောက်ကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုဟာ အရပ် ၆ ပေ

မပြည့်ပေမယ့် အဓိက ဗဟိုနောက်ခံလူတွေမပါဝင်နိုင်ချိန်မှာ ဗဟိုခံစစ်မှာ

အသုံးဝင်ခဲ့သူဖြစ်ပါတယ်။ အသင်းက ထွက်ခွာမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး

ဖာနန်ဒင်ဟိုက “ကျွန်တော်က မန်စီးတီးနဲ့ စာချုပ်သစ် ထပ်မချုပ်တော့ပါဘူး။

ကျွန်တော်က ပုံမှန် ပွဲကစားချင်ပါတယ်။ ပြီးတော့ ဘရာဇီးလ်ကို ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို ကျွန်တော့်ရဲ့ မိသားစုဝင်တွေနဲ့အတူ ဆုံးဖြတ်ခဲ့တာပါ။

သူတို့က ကျွန်တော့်အတွက် အရေးအကြီးဆုံး လူသားတွေပါပဲ။

ဒါကြောင့် ကျွန်တော်က လာမယ့်ရာသီဆိုရင် ဘရာဇီးလ်မှာပဲ ဘောလုံးကစားတော့မှာပါ” လို့

ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုရဲ့ မန်စီးတီး ကစားသမားဘဝ

အောင်မြင်မှုများကတော့ ပရီးမီးယားလိဂ် ဆုဖလား (၄)ကြိမ်၊

EFLဖလား (၆)ကြိမ်၊ အက်ဖ်အေဖလား (၁)ကြိမ်၊ ကွန်မြူနတီဒိုင်း (၁)ကြိမ်၊

ချန်ပီယံလိဂ် ငွေတံဆိပ် (၁)ကြိမ် ဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုဟာ လက်ရှိအချိန်ထိ

မန်စီးတီးအသင်းအတွက် ၃၇၃ ပွဲကစားကာ ၂၅ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

zawgyi

ဖာနန္ဒင္ဟို မန္စီးတီးကို လက္ျပႏႈတ္ဆက္ေတာ့မယ္

မန္စီးတီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ဟိုကေတာ့ ယခုႏွစ္ရာသီအကုန္မွာ

အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သိရပါတယ္။ ဖာနန္ဒင္ဟိုဟာ

၂၀၁၃-၁၄ ခုႏွစ္မွာ ရွက္တာဒိုးနက္ကေန မန္စီးတီးအသင္းထံေရာက္လာခဲ့သူျဖစ္ၿပီး

၉ ရာသီေျမာက္ကို ျဖတ္သန္းေနသူျဖစ္ပါတယ္။ ဖာနန္ဒင္ဟိုဟာ အရပ္ ၆ ေပ

မျပည့္ေပမယ့္ အဓိက ဗဟိုေနာက္ခံလူေတြမပါဝင္ႏိုင္ခ်ိန္မွာ ဗဟိုခံစစ္မွာ

အသုံးဝင္ခဲ့သူျဖစ္ပါတယ္။ အသင္းက ထြက္ခြာမယ့္ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး

ဖာနန္ဒင္ဟိုက “ကြၽန္ေတာ္က မန္စီးတီးနဲ႔ စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ေတာ့ပါဘူး။

ကြၽန္ေတာ္က ပုံမွန္ ပြဲကစားခ်င္ပါတယ္။ ၿပီးေတာ့ ဘရာဇီးလ္ကို ျပန္ဖို႔ ဆုံးျဖတ္ထားပါတယ္။

ဒီဆုံးျဖတ္ခ်က္ေတြကို ကြၽန္ေတာ့္ရဲ႕ မိသားစုဝင္ေတြနဲ႔အတူ ဆုံးျဖတ္ခဲ့တာပါ။

သူတို႔က ကြၽန္ေတာ့္အတြက္ အေရးအႀကီးဆုံး လူသားေတြပါပဲ။

ဒါေၾကာင့္ ကြၽန္ေတာ္က လာမယ့္ရာသီဆိုရင္ ဘရာဇီးလ္မွာပဲ ေဘာလုံးကစားေတာ့မွာပါ” လို႔

ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။ ဖာနန္ဒင္ဟိုရဲ႕ မန္စီးတီး ကစားသမားဘဝ

ေအာင္ျမင္မႈမ်ားကေတာ့ ပရီးမီးယားလိဂ္ ဆုဖလား (၄)ႀကိမ္၊

EFLဖလား (၆)ႀကိမ္၊ အက္ဖ္ေအဖလား (၁)ႀကိမ္၊ ကြန္ျမဴနတီဒိုင္း (၁)ႀကိမ္၊

ခ်န္ပီယံလိဂ္ ေငြတံဆိပ္ (၁)ႀကိမ္ ျဖစ္ပါတယ္။ ဖာနန္ဒင္ဟိုဟာ လက္ရွိအခ်ိန္ထိ

မန္စီးတီးအသင္းအတြက္ ၃၇၃ ပြဲကစားကာ ၂၅ ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။