ဖာဒီနန်အသေးစားလေးလို့ ဂယ်ရီနဗီးလ်တောင် ချီးကျူးလိုက်ရတဲ့ ဂန်းနားကြယ်ပွင့်သစ် ဆာလီဘာ

အာဆင်နယ်ဟာ ရာသီအဖွင့်အဝေးကွင်းပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဝ-၂ ဂိုးနဲ့အနိုင်ရပြီး တာထွက်လှခဲ့ပါတယ်။ ပထမပိုင်းမှာ မာတင်နယ်လီရဲ့ခေါင်းတိုက်ဂိုး၊ ဒုတိယပိုင်းမှာ

ဆာကာရဲ့ကန်ချက် ပဲလေ့စ်နောက်ခံလူမတ်ဂေးလ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တဲ့ OG ဂိုးကြောင့် ၃ မှတ်ရခဲ့တာပါ။ ဒီပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့သူကတော့

အာဆင်နယ်နောက်ခံလူ ဆာလီဘာဖြစ်ပါတယ်။ ဂါဘရီရယ်နဲ့တွဲဖက်ပြီး ဂန်းနားခံစစ်ကို အကောင်းဆုံးထိန်းကျောင်းသွားနိုင်ခဲ့တဲ့ ပြင်သစ်သားလေးဟာ အသက် ၂၁ နှစ်သာရှိပါသေးတယ်။

သူဟာ ၂၀၁၉ ကတည်းက အမ်းမရိတ်စ်ကိုရောက်နေခဲ့တာဖြစ်ပေမယ့် အငှားကစားသမားဘဝကို ကျော်ဖြတ်နေခဲ့ရတာပါ။ အခု ၃ နှစ်ကြာမှ ပရီးမီးယားလိဂ် ပထမဆုံးပွဲကို ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

နည်းပြအာတီတာကလည်း ဆာလီဘာရဲ့တည်ငြိမ်မှုနဲ့ကြံ့ခိုင်မှုကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာက တစ်ချိန်က ပရီးမီးယားလိဂ်မှာ မဟာပြိုင်ဘက်ဖြစ်ခဲ့တဲ့

မန်ယူနဲ့လီဗာပူးလ် ကစားသမားဟောင်းတွေပါ ပြင်သစ်နောက်ခံလူကို ချီးကျူးနေကြတာပါပဲ။ သရဲနီနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဆာလီဘာကို ရီယိုဖာဒီနန်အသေးစားလေးလို့

ခိုင်းနှိုင်းလိုက်ပါတယ်။ “ ကျွန်တော် အရမ်းလေးစားမိပါတယ်။ သူက ဖာဒီနန်အငယ်စားလေးလိုပါပဲ။ အထူးသဖြင့် အာဆင်နယ် အကောင်းဆုံးအနေအထားမရဘဲ ရုန်းကန်နေရတဲ့

ဒုတိယပိုင်းမှာ အသင်းခံစစ်ကိုထိန်းကျောင်းသွားနိုင်ခဲ့တာက အာတီတာအတွက် ကျေနပ်စရာပါ ” လို့ နဗီးလ်က ဆိုပါတယ်။ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကလည်း အသက် ၂၁ နှစ်အရွယ်နဲ့ တည်ငြိမ်နေသူလို့ ချီးကျူးသွားခဲ့တာပါ။

(zawgyi)

အာဆင္နယ္ဟာ ရာသီအဖြင့္အေဝးကြင္းပြဲစဥ္မွာ ခရစၥတယ္ပဲေလ့စ္ကို ဝ-၂ ဂိုးနဲ႔အႏိုင္ရၿပီး တာထြက္လွခဲ့ပါတယ္။ ပထမပိုင္းမွာ မာတင္နယ္လီရဲ႕ေခါင္းတိုက္ဂိုး၊ ဒုတိယပိုင္းမွာ ဆာကာရဲ႕ကန္ခ်က္

ပဲေလ့စ္ေနာက္ခံလူမတ္ေဂးလ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တဲ့ OG ဂိုးေၾကာင့္ ၃ မွတ္ရခဲ့တာပါ။ ဒီပြဲမွာ အေကာင္းဆုံးကစားသမားဆုရခဲ့သူကေတာ့ အာဆင္နယ္ေနာက္ခံလူ ဆာလီဘာျဖစ္ပါတယ္။

ဂါဘရီရယ္နဲ႔တြဲဖက္ၿပီး ဂန္းနားခံစစ္ကို အေကာင္းဆုံးထိန္းေက်ာင္းသြားႏိုင္ခဲ့တဲ့ ျပင္သစ္သားေလးဟာ အသက္ ၂၁ ႏွစ္သာရွိပါေသးတယ္။ သူဟာ ၂၀၁၉ ကတည္းက အမ္းမရိတ္စ္ကိုေရာက္ေနခဲ့တာျဖစ္ေပမယ့္

အငွားကစားသမားဘဝကို ေက်ာ္ျဖတ္ေနခဲ့ရတာပါ။ အခု ၃ ႏွစ္ၾကာမွ ပရီးမီးယားလိဂ္ ပထမဆုံးပြဲကို ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ နည္းျပအာတီတာကလည္း ဆာလီဘာရဲ႕တည္ၿငိမ္မႈနဲ႔ႀကံ့ခိုင္မႈကို

ပြဲအၿပီးမွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။ အံ့အားသင့္စရာေကာင္းတာက တစ္ခ်ိန္က ပရီးမီးယားလိဂ္မွာ မဟာၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ မန္ယူနဲ႔လီဗာပူးလ္ ကစားသမားေဟာင္းေတြပါ ျပင္သစ္ေနာက္ခံလူကို ခ်ီးက်ဴးေနၾကတာပါပဲ။

သရဲနီေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က ဆာလီဘာကို ရီယိုဖာဒီနန္အေသးစားေလးလို႔ ခိုင္းႏႈိင္းလိုက္ပါတယ္။ “ ကြၽန္ေတာ္ အရမ္းေလးစားမိပါတယ္။ သူက ဖာဒီနန္အငယ္စားေလးလိုပါပဲ။

အထူးသျဖင့္ အာဆင္နယ္ အေကာင္းဆုံးအေနအထားမရဘဲ ႐ုန္းကန္ေနရတဲ့ ဒုတိယပိုင္းမွာ အသင္းခံစစ္ကိုထိန္းေက်ာင္းသြားႏိုင္ခဲ့တာက အာတီတာအတြက္ ေက်နပ္စရာပါ ” လို႔ နဗီးလ္က ဆိုပါတယ္။ လီဗာပူးလ္ေနာက္ခံလူေဟာင္း ကာေရဂါကလည္း အသက္ ၂၁ ႏွစ္အ႐ြယ္နဲ႔ တည္ၿငိမ္ေနသူလို႔ ခ်ီးက်ဴးသြားခဲ့တာပါ။