
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ဘာစီလိုနာနဲ့
ပွဲမတိုင်ခင် ဂန္ထဝင်နည်းပြကြီးဖာဂူဆန်နဲ့ တွေ့ဆုံစကားပြောခွင့်
ရခဲ့တာက အများကြီးအကျိုးကျေးဇူးရှိစေတယ်လို့ ဖွင့်ဟပြောဆို
ခဲ့ပါတယ်။
ယူနိုက်တက်ကို သမိုင်းဝင်အောင်မြင်မှုတွေရယူပေးခဲ့သူ ဖာဂူဆန်နဲ့
သူ့ခြေရာနင်းနိုင်အောင် ကြိုးစားနေတဲ့ အဲရစ်တန်ဟက်တို့ဟာ
Wilmslow မြို့က နာမည်ကျော်အီတလီစားသောက်ဆိုင် Cibo မှာ
အတူတကွ ညစာစားခဲ့ပြီး ဖာဂူဆန်က သူ့ရဲ့အတွေ့အကြုံကောင်းတွေကို
ဝေမျှပေးခဲ့ပါတယ်။
ယူနိုက်တက်နည်းပြဘ၀ (၂၆)နှစ်တာကာလအတွင်း ဖာဂူဆန်ဟာ ၂၀၀၉၊
၂၀၁၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ဘာစီလိုနာကို အရှုံးပေးခဲ့ရပေမယ့်
၁၉၉၁ European Cup Winners’ Cup ဗိုလ်လုပွဲနဲ့ ၂၀၀၈ ချန်ပီယံလိဂ်
ဆီမီးဖိုင်နယ်ပွဲတွေမှာ အနိုင်ရခဲ့ဖူးပါတယ်။
ဒါ့အပြင် အသင်းရဲ့ သမိုင်းဝင်ရာသီဖြစ်တဲ့ ၁၉၉၈-၉၉ ရာသီ ချန်ပီယံလိဂ်
အုပ်စုပွဲမှာလည်း ဘာစီလိုနဲ့ဆုံတွေ့ခဲ့ပြီး နှစ်ကျော့စလုံး (၃-၃)ဂိုးစီသရေကျ
ခဲ့သလို အဲဒီရာသီမှာ ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံး
ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက
ဖာဂူဆန်နဲ့အတူ ညစာစားခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တော့
အဲရစ်တန်ဟက်က “ဖာဂူဆန်နဲ့ တွေ့ဆုံစကားပြောဆိုခွင့်ရခဲ့တာက
အရမ်းအကျိုးရှိပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို ကူညီအားပေးဖို့
အတွက် သူ့အတွေ့အကြုံတွေကို ဝေမျှပေးချင်နေသူဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဆိုတာကလည်း သူ့ရဲ့ဘဝမှာ အရေးအပါဆုံး
ကလပ်ဖြစ်ပြီး အသင်းအတွက် အခုအချိန်အထိ တတ်နိုင်တဲ့နေရာကနေ
ပေးဆပ်နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်ယောက် တော်တော်လေး
စကားကောင်းခဲ့ကြပြီး အဲဒီညက တကယ်အမှတ်တရဖြစ်စရာ ညပါပဲ။
နောက်တစ်ခါကျရင်လည်း သူနဲ့အတူ ညစာစားခွင့်ရဖို့ ကျွန်တော်
မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က ဘာစီလိုနာနဲ႔
ပြဲမတိုင္ခင္ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္နဲ႔ ေတြ႕ဆုံစကားေျပာခြင့္
ရခဲ့တာက အမ်ားႀကီးအက်ိဳးေက်းဇူးရွိေစတယ္လို႔ ဖြင့္ဟေျပာဆို
ခဲ့ပါတယ္။
ယူႏိုက္တက္ကို သမိုင္းဝင္ေအာင္ျမင္မႈေတြရယူေပးခဲ့သူ ဖာဂူဆန္နဲ႔
သူ႔ေျခရာနင္းႏိုင္ေအာင္ ႀကိဳးစားေနတဲ့ အဲရစ္တန္ဟက္တို႔ဟာ
Wilmslow ၿမိဳ႕က နာမည္ေက်ာ္အီတလီစားေသာက္ဆိုင္ Cibo မွာ
အတူတကြ ညစာစားခဲ့ၿပီး ဖာဂူဆန္က သူ႔ရဲ႕အေတြ႕အႀကဳံေကာင္းေတြကို
ေဝမွ်ေပးခဲ့ပါတယ္။
ယူႏိုက္တက္နည္းျပဘ၀ (၂၆)ႏွစ္တာကာလအတြင္း ဖာဂူဆန္ဟာ ၂၀၀၉၊
၂၀၁၁ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြမွာ ဘာစီလိုနာကို အရႈံးေပးခဲ့ရေပမယ့္
၁၉၉၁ European Cup Winners’ Cup ဗိုလ္လုပြဲနဲ႔ ၂၀၀၈ ခ်န္ပီယံလိဂ္
ဆီမီးဖိုင္နယ္ပြဲေတြမွာ အႏိုင္ရခဲ့ဖူးပါတယ္။
ဒါ့အျပင္ အသင္းရဲ႕ သမိုင္းဝင္ရာသီျဖစ္တဲ့ ၁၉၉၈-၉၉ ရာသီ ခ်န္ပီယံလိဂ္
အုပ္စုပြဲမွာလည္း ဘာစီလိုနဲ႔ဆုံေတြ႕ခဲ့ၿပီး ႏွစ္ေက်ာ့စလုံး (၃-၃)ဂိုးစီသေရက်
ခဲ့သလို အဲဒီရာသီမွာ ဖာဂူဆန္ရဲ႕ ယူႏိုက္တက္နည္းျပဘ၀ ပထမဆုံး
ခ်န္ပီယံလိဂ္ဆုဖလား ရယူႏိုင္ခဲ့ပါတယ္။
ဘာစီလိုနာနဲ႔ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက
ဖာဂူဆန္နဲ႔အတူ ညစာစားခဲ့တာနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ေတာ့
အဲရစ္တန္ဟက္က “ဖာဂူဆန္နဲ႔ ေတြ႕ဆုံစကားေျပာဆိုခြင့္ရခဲ့တာက
အရမ္းအက်ိဳးရွိပါတယ္။ ဖာဂူဆန္ဟာ ယူႏိုက္တက္ကို ကူညီအားေပးဖို႔
အတြက္ သူ႔အေတြ႕အႀကဳံေတြကို ေဝမွ်ေပးခ်င္ေနသူျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ဆိုတာကလည္း သူ႔ရဲ႕ဘဝမွာ အေရးအပါဆုံး
ကလပ္ျဖစ္ၿပီး အသင္းအတြက္ အခုအခ်ိန္အထိ တတ္ႏိုင္တဲ့ေနရာကေန
ေပးဆပ္ေနဆဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေတာ္ေတာ္ေလး
စကားေကာင္းခဲ့ၾကၿပီး အဲဒီညက တကယ္အမွတ္တရျဖစ္စရာ ညပါပဲ။
ေနာက္တစ္ခါက်ရင္လည္း သူနဲ႔အတူ ညစာစားခြင့္ရဖို႔ ကြၽန္ေတာ္
ေမွ်ာ္လင့္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။