ဖလားရချင်တယ်ဆိုရင် ကတ်စ်မဲရိုးနဲ့ ဗာရန်းအတွဲကိုသာ ခေါ်လိုက်ပါ . .

မန်ချက်စတာယူနိုက်တက်နောက်ခံလူဗာရန်းနဲ့ ကွင်းလယ်လူ

ကတ်စ်မဲရိုးတို့ဟာ အသင်းအတွက် ပထမဆုံးဆုဖလားအဖြစ်
လိဂ်ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းဟာ ယူနိုက်တက်ကစားသမားဘ၀
ဒုတိယမြောက်ရာသီမှာ ချန်ပီယံဆု ရရှိခဲ့တာဖြစ်ပြီး ကတ်စ်မဲရိုးကတော့
ပထမဆုံးရာသီမှာပဲ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုရယူခဲ့တာ
ဖြစ်ပါတယ်။ ဗာရန်းနဲ့ကတ်စ်မဲရိုးတို့ဟာ ရီးယဲလ်အသင်းမှာကစားခဲ့တုန်းက
သူတို့နှစ်ဦးအတူပါဝင်ကစားခွင့်ရတဲ့ ပြိုင်ပွဲ(၆)ခုမှာ ဆုဖလားပေါင်း (၁၄)လုံး

အထိရရှိခဲ့ကြပါတယ်။

ရီးယဲလ်ကစားသမားဘဝမှာ ဗာရန်းနဲ့ကတ်စ်မဲရိုးတို့အတူရရှိခဲ့တဲ့

ဆုဖလားတွေကတော့ ချန်ပီယံလိဂ်(၄)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား
(၃)ကြိမ်၊ လာလီဂါ(၂)ကြိမ်၊ စပိန်စူပါဖလား(၂)ကြိမ်၊ ဥရောပစူပါဖလား
(၂)ကြိမ်၊ စပိန်ဘုရင့်ဖလား(၁)ကြိမ်ဖြစ်ပြီး အခု ယူနိုက်တက်အသင်းမှာ
သူတို့နှစ်ဦး ပထမဆုံးတွဲကစားခွင့်ရတဲ့ရာသီမှာပဲ (၁၅)ခုမြောက် ဆုဖလား
အဖြစ် လိဂ်ဖလားချန်ပီယံ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီကစားသမားနှစ်ဦးဟာ ဗိုလ်လုပွဲတွေနဲ့ ကံစပ်သူဖြစ်ပြီး သူတို့
ပါဝင်ကစားတဲ့ ဗိုလ်လုပွဲတိုင်းလိုလို အနိုင်ရခဲ့ပါတယ်။ ကတ်စ်မဲရိုးရဲ့ ကလပ်

အသင်းကစားသမားဘဝတစ်လျှောက် ဗိုလ်လုပွဲစုစုပေါင်း (၁၄)ကြိမ်
ဆင်နွှဲခဲ့ဖူးပြီး အဲဒီထဲက (၁၃)ပွဲအထိ အနိုင်ရခဲ့တာကြောင့် (၉၂.၈၆%)အထိ
နိုင်ပွဲရယူခဲ့ပါတယ်။ ဗိုလ်လုပွဲတွေမှာ ကတ်စ်မဲရိုးရဲ့ ရှားရှားပါးပါးရှုံးပွဲက
ရီးယဲလ်ကစားသမားဘ၀ ၂၀၁၈ ဥရောပစူပါဖလားပွဲအဖြစ် အက်သလက်တီကိုနဲ့
ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဗာရန်းကလည်း ကတ်စမဲရိုးလိုပဲ ဗိုလ်လုပွဲတွေဆိုရင် ရလဒ်ကောင်းရယူနိုင်လေ့
ရှိပါတယ်။ ဗာရန်းဟာ နိုင်ငံနဲ့ ကလပ်အသင်းကစားသမားဘဝတစ်လျှောက်

သူ ပါဝင်ကစားခဲ့တဲ့ ဗိုလ်လုပွဲအရေအတွက်က (၁၅)ပွဲရှိပြီး အဲဒီထဲက ၂၀၁၈
စပိန်စူပါဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေသာ ရှုံးနိမ့်ခဲ့ပါတယ်။

ဗာရန်းရဲ့ကစားသမားဘဝမှာ လာလီဂါ၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလား၊ UEFA
Nations League အပါအဝင် ဆုဖလားအောင်မြင်မှုအများကြီး ရယူနိုင်ခဲ့ပြီး
အခု လိဂ်ဖလားက (၂၁)ခုမြောက် ချန်ပီယံဆုဖလားလည်းဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဗာရန္းနဲ႔ ကြင္းလယ္လူ
ကတ္စ္မဲ႐ိုးတို႔ဟာ အသင္းအတြက္ ပထမဆုံးဆုဖလားအျဖစ္
လိဂ္ဖလားခ်န္ပီယံဆု ရယူႏိုင္ခဲ့ပါတယ္။

ျပင္သစ္ဝါရင့္ေနာက္ခံလူ ဗာရန္းဟာ ယူႏိုက္တက္ကစားသမားဘ၀
ဒုတိယေျမာက္ရာသီမွာ ခ်န္ပီယံဆု ရရွိခဲ့တာျဖစ္ၿပီး ကတ္စ္မဲ႐ိုးကေတာ့
ပထမဆုံးရာသီမွာပဲ အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈရယူခဲ့တာ

ျဖစ္ပါတယ္။ ဗာရန္းနဲ႔ကတ္စ္မဲ႐ိုးတို႔ဟာ ရီးယဲလ္အသင္းမွာကစားခဲ့တုန္းက
သူတို႔ႏွစ္ဦးအတူပါဝင္ကစားခြင့္ရတဲ့ ၿပိဳင္ပြဲ(၆)ခုမွာ ဆုဖလားေပါင္း (၁၄)လုံး
အထိရရွိခဲ့ၾကပါတယ္။

ရီးယဲလ္ကစားသမားဘဝမွာ ဗာရန္းနဲ႔ကတ္စ္မဲ႐ိုးတို႔အတူရရွိခဲ့တဲ့
ဆုဖလားေတြကေတာ့ ခ်န္ပီယံလိဂ္(၄)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား
(၃)ႀကိမ္၊ လာလီဂါ(၂)ႀကိမ္၊ စပိန္စူပါဖလား(၂)ႀကိမ္၊ ဥေရာပစူပါဖလား
(၂)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၁)ႀကိမ္ျဖစ္ၿပီး အခု ယူႏိုက္တက္အသင္းမွာ

သူတို႔ႏွစ္ဦး ပထမဆုံးတြဲကစားခြင့္ရတဲ့ရာသီမွာပဲ (၁၅)ခုေျမာက္ ဆုဖလား
အျဖစ္ လိဂ္ဖလားခ်န္ပီယံ ရရွိခဲ့ပါတယ္။

ဒါ့အျပင္ ဒီကစားသမားႏွစ္ဦးဟာ ဗိုလ္လုပြဲေတြနဲ႔ ကံစပ္သူျဖစ္ၿပီး သူတို႔
ပါဝင္ကစားတဲ့ ဗိုလ္လုပြဲတိုင္းလိုလို အႏိုင္ရခဲ့ပါတယ္။ ကတ္စ္မဲ႐ိုးရဲ႕ ကလပ္
အသင္းကစားသမားဘဝတစ္ေလွ်ာက္ ဗိုလ္လုပြဲစုစုေပါင္း (၁၄)ႀကိမ္
ဆင္ႏႊဲခဲ့ဖူးၿပီး အဲဒီထဲက (၁၃)ပြဲအထိ အႏိုင္ရခဲ့တာေၾကာင့္ (၉၂.၈၆%)အထိ
ႏိုင္ပြဲရယူခဲ့ပါတယ္။ ဗိုလ္လုပြဲေတြမွာ ကတ္စ္မဲ႐ိုးရဲ႕ ရွားရွားပါးပါးရႈံးပြဲက

ရီးယဲလ္ကစားသမားဘ၀ ၂၀၁၈ ဥေရာပစူပါဖလားပြဲအျဖစ္ အက္သလက္တီကိုနဲ႔
ကစားခဲ့တဲ့ပြဲမွာျဖစ္ၿပီး (၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။

ဗာရန္းကလည္း ကတ္စမဲ႐ိုးလိုပဲ ဗိုလ္လုပြဲေတြဆိုရင္ ရလဒ္ေကာင္းရယူႏိုင္ေလ့
ရွိပါတယ္။ ဗာရန္းဟာ ႏိုင္ငံနဲ႔ ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္
သူ ပါဝင္ကစားခဲ့တဲ့ ဗိုလ္လုပြဲအေရအတြက္က (၁၅)ပြဲရွိၿပီး အဲဒီထဲက ၂၀၁၈
စပိန္စူပါဖလား၊ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲေတြသာ ရႈံးနိမ့္ခဲ့ပါတယ္။

ဗာရန္းရဲ႕ကစားသမားဘဝမွာ လာလီဂါ၊ ခ်န္ပီယံလိဂ္၊ ကမာၻ႔ဖလား၊ UEFA
Nations League အပါအဝင္ ဆုဖလားေအာင္ျမင္မႈအမ်ားႀကီး ရယူႏိုင္ခဲ့ၿပီး
အခု လိဂ္ဖလားက (၂၁)ခုေျမာက္ ခ်န္ပီယံဆုဖလားလည္းျဖစ္ပါတယ္။