ဖလားတစ်လုံး အသင်း ၃ သင်းနဲ့ အကျိုးအမြတ်ရခဲ့တဲ့ လီဗာပူးလ်ရဲ့ အာရှခရီးစဉ်

လီဗာပူးလ်ရဲ့ရာသီကြိုခြေစမ်းပွဲ အာရှခရီးစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဂျာဂင်ကလော့ပ်ဟာ သူ့ရဲ့ဇာတိ ဂျာမနီကို ခရီးဆက်ဦးမှာပါ။ အာရှခရီးစဉ်မှာတော့ ကြိုးကြာနီတွေ

အကျိုးအမြတ်ရခဲ့ပါတယ်။ ဘန်ကောက်မှာ မန်ယူကို ၄ ဂိုးပြတ်ရှုံးပေမယ့် ကစားသမားနဲ့ နည်းဗျူဟာစမ်းသပ်မှုတွေ အများကြီးလုပ်ခွင့်ရခဲ့တယ်။ စင်ကာပူမှာလည်း ဒီလိုပါပဲ။

ပရိသတ် ၅ သောင်းကျော်လာအားပေးတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အသင်း ၃ သင်းစာလောက် စမ်းသပ်ခွင့်ရခဲ့တယ်။ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ရာသီကြိုဆုဖလားတစ်လုံးကိုလည်း

ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့ပါတယ်။ စတန်းဒက်ချာတာဖလားလို့အမည်ပေးထားတဲ့ ဒီပွဲစဉ်မှာ ဂျာဂင်ကလော့ပ်ဟာ ပထမပိုင်းမှာတစ်သင်း ဒုတိယပိုင်းမှာတစ်သင်း

ကစားခိုင်းခဲ့သလို ပွဲပြီးကာနီး ၁၅ မိနစ်လောက်မှာလည်း ကစားသမား ၉ ယောက်လဲခဲ့ပါသေးတယ်။ ဆာလက်၊ ဖာမီနို၊ နုနက်ဇ်၊ အာနိုးလ်၊ ဗန်ဒိုက်၊ ဟန်ဒါဆန် စတဲ့ အဓိက

ကစားသမားတွေရော လူငယ်လေးတွေပါ ကစားခွင့်ရခဲ့ကြပါတယ်။ လီဗာပူးလ်အတွက် အနိုင်ဂိုးတွေကို ဟန်ဒါဆန်က ပထမပိုင်းမှာတစ်ဂိုး၊ ဆာလက်က ဒုတိယပိုင်းမှာတစ်ဂိုး သွင်းပေးခဲ့တာပါ။

ဒါ့အပြင် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးသွင်းခွင့်တွေပါအသာရပြီး ကောင်းကောင်းကစားသွားနိုင်ခဲ့ပါတယ်။ ချိန်ဘာလိန် ဒဏ်ရာရသွားတာကြောင့် ဂျိုတာနဲ့ဂိုမက်ဇ်တို့ရှိနေတဲ့

ဒဏ်ရာစာရင်းမှာ လူတစ်ယောက် ထပ်တိုးသွားခဲ့ရတာလောက်ပဲ နစ်နာစရာရှိခဲ့တာပါ။ ဂျာမနီမှာတော့ လစ်ပ်ဇစ်နဲ့ခြေစမ်းဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

(zawgyi)

လီဗာပူးလ္ရဲ႕ရာသီႀကိဳေျခစမ္းပြဲ အာရွခရီးစဥ္ကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ ဂ်ာဂင္ကေလာ့ပ္ဟာ သူ႔ရဲ႕ဇာတိ ဂ်ာမနီကို ခရီးဆက္ဦးမွာပါ။ အာရွခရီးစဥ္မွာေတာ့ ႀကိဳးၾကာနီေတြ အက်ိဳးအျမတ္ရခဲ့ပါတယ္။

ဘန္ေကာက္မွာ မန္ယူကို ၄ ဂိုးျပတ္ရႈံးေပမယ့္ ကစားသမားနဲ႔ နည္းဗ်ဴဟာစမ္းသပ္မႈေတြ အမ်ားႀကီးလုပ္ခြင့္ရခဲ့တယ္။ စင္ကာပူမွာလည္း ဒီလိုပါပဲ။ ပရိသတ္ ၅ ေသာင္းေက်ာ္လာအားေပးတဲ့

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ အသင္း ၃ သင္းစာေလာက္ စမ္းသပ္ခြင့္ရခဲ့တယ္။ ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တယ္။ ရာသီႀကိဳဆုဖလားတစ္လုံးကိုလည္း ကိုင္ေျမႇာက္ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

စတန္းဒက္ခ်ာတာဖလားလို႔အမည္ေပးထားတဲ့ ဒီပြဲစဥ္မွာ ဂ်ာဂင္ကေလာ့ပ္ဟာ ပထမပိုင္းမွာတစ္သင္း ဒုတိယပိုင္းမွာတစ္သင္း ကစားခိုင္းခဲ့သလို ပြဲၿပီးကာနီး ၁၅ မိနစ္ေလာက္မွာလည္း

ကစားသမား ၉ ေယာက္လဲခဲ့ပါေသးတယ္။ ဆာလက္၊ ဖာမီႏို၊ ႏုနက္ဇ္၊ အာႏိုးလ္၊ ဗန္ဒိုက္၊ ဟန္ဒါဆန္ စတဲ့ အဓိက ကစားသမားေတြေရာ လူငယ္ေလးေတြပါ ကစားခြင့္ရခဲ့ၾကပါတယ္။

လီဗာပူးလ္အတြက္ အႏိုင္ဂိုးေတြကို ဟန္ဒါဆန္က ပထမပိုင္းမွာတစ္ဂိုး၊ ဆာလက္က ဒုတိယပိုင္းမွာတစ္ဂိုး သြင္းေပးခဲ့တာပါ။ ဒါ့အျပင္ ေဘာလုံးပိုင္ဆိုင္မႈေရာ ဂိုးသြင္းခြင့္ေတြပါအသာရၿပီး ေကာင္းေကာင္းကစားသြားႏိုင္ခဲ့ပါတယ္။

ခ်ိန္ဘာလိန္ ဒဏ္ရာရသြားတာေၾကာင့္ ဂ်ိဳတာနဲ႔ဂိုမက္ဇ္တို႔ရွိေနတဲ့ ဒဏ္ရာစာရင္းမွာ လူတစ္ေယာက္ ထပ္တိုးသြားခဲ့ရတာေလာက္ပဲ နစ္နာစရာရွိခဲ့တာပါ။ ဂ်ာမနီမွာေတာ့ လစ္ပ္ဇစ္နဲ႔ေျခစမ္းဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။