ဖရီးကစ်နဲ့ဂိုးသွင်းပြီး ဘက်ခမ်းရဲ့ DNA အစစ်ဖြစ်ကြောင်း ရိုမီယိုပြသနိုင်ခဲ့

အင်္ဂလန်ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ရိုမီယိုဘက်ခမ်းဟာ အင်တာမိုင်ယာမီအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါပြီ။ ထူးခြားတာက သေသပ်လှပတဲ့ ဖရီးကစ်ဂိုးဖြစ်နေတာပါပဲ။

တိုက်ရိုက်အစီရင်ခံသူကတောင် “ ငါတို့ ဒါမျိုးမြင်ဖူးတယ်ထင်တယ် ” လို့ အရွှန်းဖောက်ရလောက်တဲ့အထိဖြစ်ခဲ့တာပါ။ တနည်းအားဖြင့် ဖရီးကစ်စပါယ်ရှယ်လစ် ဒေးဗစ်ဘက်ခမ်းရဲ့သွင်းဂိုးတွေကို

ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒါပေမဲ့ ဘက်ခမ်းလို ဂိုးတိုင်အပေါ်ထောင့်ထဲကို ဝေ့ဝိုက်ဝင်သွားတဲ့အထိတော့ မဟုတ်သေးပါဘူး။ အော်လန်ဒိုစီးတီးဘက်ကိုသွင်းယူတဲ့ ရိုမီယိုရဲ့ကန်ချက်ဟာ

ဂိုးသမားရဲ့ညာဘက်အောက်ပိုင်းကို ဝင်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဘောလုံးလောကနဲ့ ၅ နှစ်ကြာကင်းကွာခဲ့ပေမယ့် ပြန်လည်ဝင်ရောက်လာချိန်မှာ ခြေစွမ်းပြနိုင်တာကြောင့် ရိုမီယိုဟာ

ချီးကျူးစရာတော့ကောင်းနေပါတယ်။ အသက် ၁၉ နှစ်သားဟာ အာဆင်နယ်လူငယ်အကယ်ဒမီမှာ တက်ရောက်ခဲ့တဲ့နောက် ၂၀၁၅ မှာ တင်းနစ်လောကထဲရောက်သွားခဲ့တာပါ။

၂၀၂၁ ရောက်မှ မိုင်ယာမီနဲ့အတူ ဘောလုံးပြန်ကစားခဲ့တာဖြစ်ပါတယ်။ ဘက်ခမ်းကလည်း သူပူးတွဲပိုင်ဆိုင်တဲ့ မိုင်ယာမီအရန်အသင်းမှာ သားဖြစ်သူကို မြေတောင်မြှောက်ပေးထားပါတယ်။

ရိုမီယိုကလည်း ကြိုးစားပါတယ်။ အခုဆိုရင် မိုင်ယာမီအရန်အသင်းအတွက် တစ်ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးပေးထားတာပါ။ အခုလို ဖရီးကစ်ဂိုးသွင်းနိုင်တာကတော့ သားအဖနှစ်ယောက်လုံးအတွက် ပိုပြီးဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။

ဒါကြောင့်လည်း “ ကောင်းလိုက်တာ ကောင်လေး။ အရမ်းဂုဏ်ယူတယ် ” လို့ ဘက်ခမ်းက ပို့စ်တင်သလို ရိုမီယိုကလည်း “ ချစ်တယ်အဖေ။ အဲဒါ အဖေ့အတွက် ” လို့ တုံ့ပြန်ခဲ့တာပါ။

(zawgyi)

အဂၤလန္ေဘာလုံးမင္းသားႀကီး ေဒးဗစ္ဘက္ခမ္းရဲ႕သားျဖစ္သူ ႐ိုမီယိုဘက္ခမ္းဟာ အင္တာမိုင္ယာမီအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့ပါၿပီ။ ထူးျခားတာက ေသသပ္လွပတဲ့ ဖရီးကစ္ဂိုးျဖစ္ေနတာပါပဲ။

တိုက္႐ိုက္အစီရင္ခံသူကေတာင္ “ ငါတို႔ ဒါမ်ိဳးျမင္ဖူးတယ္ထင္တယ္ ” လို႔ အ႐ႊန္းေဖာက္ရေလာက္တဲ့အထိျဖစ္ခဲ့တာပါ။ တနည္းအားျဖင့္ ဖရီးကစ္စပါယ္ရွယ္လစ္ ေဒးဗစ္ဘက္ခမ္းရဲ႕သြင္းဂိုးေတြကို ျပန္လည္အမွတ္ရေစခဲ့ပါတယ္။

ဒါေပမဲ့ ဘက္ခမ္းလို ဂိုးတိုင္အေပၚေထာင့္ထဲကို ေဝ့ဝိုက္ဝင္သြားတဲ့အထိေတာ့ မဟုတ္ေသးပါဘူး။ ေအာ္လန္ဒိုစီးတီးဘက္ကိုသြင္းယူတဲ့ ႐ိုမီယိုရဲ႕ကန္ခ်က္ဟာ ဂိုးသမားရဲ႕ညာဘက္ေအာက္ပိုင္းကို ဝင္သြားခဲ့တာပါ။

ဘာပဲျဖစ္ျဖစ္ ေဘာလုံးေလာကနဲ႔ ၅ ႏွစ္ၾကာကင္းကြာခဲ့ေပမယ့္ ျပန္လည္ဝင္ေရာက္လာခ်ိန္မွာ ေျခစြမ္းျပႏိုင္တာေၾကာင့္ ႐ိုမီယိုဟာ ခ်ီးက်ဴးစရာေတာ့ေကာင္းေနပါတယ္။

အသက္ ၁၉ ႏွစ္သားဟာ အာဆင္နယ္လူငယ္အကယ္ဒမီမွာ တက္ေရာက္ခဲ့တဲ့ေနာက္ ၂၀၁၅ မွာ တင္းနစ္ေလာကထဲေရာက္သြားခဲ့တာပါ။ ၂၀၂၁ ေရာက္မွ မိုင္ယာမီနဲ႔အတူ ေဘာလုံးျပန္ကစားခဲ့တာျဖစ္ပါတယ္။

ဘက္ခမ္းကလည္း သူပူးတြဲပိုင္ဆိုင္တဲ့ မိုင္ယာမီအရန္အသင္းမွာ သားျဖစ္သူကို ေျမေတာင္ေျမႇာက္ေပးထားပါတယ္။ ႐ိုမီယိုကလည္း ႀကိဳးစားပါတယ္။ အခုဆိုရင္ မိုင္ယာမီအရန္အသင္းအတြက္

တစ္ဂိုးသြင္းၿပီး ၇ ဂိုးဖန္တီးေပးထားတာပါ။ အခုလို ဖရီးကစ္ဂိုးသြင္းႏိုင္တာကေတာ့ သားအဖႏွစ္ေယာက္လုံးအတြက္ ပိုၿပီးဂုဏ္ယူစရာျဖစ္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း “ ေကာင္းလိုက္တာ ေကာင္ေလး။ အရမ္းဂုဏ္ယူတယ္ ” လို႔ ဘက္ခမ္းက ပို႔စ္တင္သလို ႐ိုမီယိုကလည္း “ ခ်စ္တယ္အေဖ။ အဲဒါ အေဖ့အတြက္ ” လို႔ တုံ႔ျပန္ခဲ့တာပါ။