ဖရက်ဒ်၊ အန်တိုနီတို့ရဲ့ဂိုးတွေနဲ့ ဘာစီလိုနာရဲ့ (၁၈)ပွဲဆက်ရှုံးပွဲမရှိ မှတ်တမ်းကို ရပ်တန့်ပြီး နိုင်ပွဲရယူခဲ့တဲ့ ယူနိုက်တက်

ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားစရာ ပယ်နယ်တီကြောင့် ယူနိုက်တက်တို့

ရုန်းကန်ခဲ့ရပေမယ့် အိမ်ကွင်းမှာ ဘာစီလိုနာကို အမှားအယွင်းမရှိ
နိုင်ပွဲရယူပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြဇာဗီလက်ထက် ပြည်တွင်းပြိုင်ပွဲတွေမှာ
အနေအထားတစ်ခုရောက်နေပေမယ့် ဥရောပအဆင့်မှာတော့ အရင်လို
ထိပ်တန်းပြန်ရောက်အောင် အချိန်ယူပြင်ဆင်ရဦးမယ်။

ဘာစီလိုနာခံစစ်ကစားသမားတွေက ပထအကျော့တုန်းကလို ရပ်ရှ်ဖို့ဒ်ကို
ပြေးလမ်းကြောင်းတွေ မပေးဘဲ Solid ဖြစ်အောင်ကစားနိုင်တာကြောင့်
ပထမပိုင်းတစ်ပိုင်းလုံး ရပ်ရှ်ဖို့ဒ် ဘာမှ မယ်မယ်ရရ မလုပ်ပြနိုင်ခဲ့ဘူး။

ဒီကြားထဲ ဆန်ချိုနဲ့ ဗက်ဟော့တ်တို့က ဘယ်လိုမှ သုံးစားမရတာကြောင့်
ယူနိုက်တက်တိုက်စစ် Frame တစ်ခုလုံးက ချိတ်ဆက်မှု အားနည်းပြီး
ပွဲအစပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက်တစ်ကြိမ်လောက်က လွဲရင်

ပထမပိုင်းမှာ အပိုင်အခွင့်အရေး သိပ်မရခဲ့ပါဘူး။

ဘာစီလိုနာအသင်းကလည်း ခံစစ်ကစားပုံကောင်းပေမယ့် တိုက်စစ်မှာတော့

ဆာဂျီရော်ဘတ်တို၊ ရာဖင်ဟာတို့ဟာ လီဝန်ဒေါစကီးအတွက် ပံ့ပိုးမှု
မလုပ်နိုင်တဲ့အတွက် ပထမပိုင်းအတွင်း လီဝန်ဒေါစကီးရဲ့ ပယ်နယ်တီ
တစ်ကြိမ်သာ ဂိုးပေါက်တည့်မှုရှိခဲ့တယ်။

ဒီပယ်နယ်တီကတော့ ပြင်သစ်လူမျိုးဒိုင်လူကြီး တာပင်ရဲ့ စိတ်ပျက်စရာကောင်းတဲ့
ဆုံးဖြတ်ချက်ကြောင့်ပေးလိုက်ရတာလို့ ပြောရမယ်။ ပွဲချိန်(၁၈)မိနစ်မှာ
ပြိုင်ဘက်နောက်ခံလူ ဘယ်လ်ဒီကို ဘရူနိုဖာနန်ဒက်စ် ဆွဲလှဲခဲ့တယ်လို့ ဒိုင်လူကြီးနဲ့
VAR က ယူဆပြီး ပယ်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အဲရစ်တန်ဟက်က ဗက်ဟော့တ်ကို ထုတ်ပြီး ဒဏ်ရာက
ပြန်သက်သာလာတဲ့ အန်တိုနီကို လူစားဝင်ကစားစေတာက မှန်ကန်တဲ့

ဆုံးဖြတ်ချက်ဖြစ်သလို ယူနိုက်တက်တိုက်စစ်က ပထမပိုင်းကထက်
ပိုကောင်းလာခဲ့တယ်။

ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ ဘရူနိုဖာနန်ဒက်စ် ထိုးပေးလိုက်တာကို
ဖရက်ဒ်က ဆွဲယူပြီးတော့ ညာခြေနဲ့ အပိုင်ကန်ပြီး ယူနိုက်တက်အတွက်
ချေပဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး
ကစားသမားက ဖရက်ဒ်ဖြစ်ပြီး Box To Box ကို လုပ်အားနှုန်းကောင်းကောင်းနဲ့
ကစားသွားနိုင်ခဲ့တယ်။

ယူနိုက်တက်အတွက် ဒုတိယဂိုးကို (၇၃)မိနစ်မှာ ဖရက်ဒ်ရဲ့ ကန်ချက်
ပြန်ထွက်လာတာကနေ အန်တိုနီက သူ့ထုံးစံအတိုင်းပဲ ဘယ်ခြေနဲ့ကန်သွင်းခဲ့တာ

ဖြစ်ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်တို့ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဘာစီလိုနာ
အသင်းရဲ့ ပြိုင်ပွဲစုံ(၁၈)ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့သလို
ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိသွားပါတယ်။

[Zawgyi]

ကြင္းလယ္ဒိုင္ရဲ႕ အျငင္းပြားစရာ ပယ္နယ္တီေၾကာင့္ ယူႏိုက္တက္တို႔
႐ုန္းကန္ခဲ့ရေပမယ့္ အိမ္ကြင္းမွာ ဘာစီလိုနာကို အမွားအယြင္းမရွိ
ႏိုင္ပြဲရယူၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခြင့္ရရွိသြားပါတယ္။

ဘာစီလိုနာအသင္းဟာ နည္းျပဇာဗီလက္ထက္ ျပည္တြင္းၿပိဳင္ပြဲေတြမွာ
အေနအထားတစ္ခုေရာက္ေနေပမယ့္ ဥေရာပအဆင့္မွာေတာ့ အရင္လို
ထိပ္တန္းျပန္ေရာက္ေအာင္ အခ်ိန္ယူျပင္ဆင္ရဦးမယ္။

ဘာစီလိုနာခံစစ္ကစားသမားေတြက ပထအေက်ာ့တုန္းကလို ရပ္ရွ္ဖို႔ဒ္ကို
ေျပးလမ္းေၾကာင္းေတြ မေပးဘဲ Solid ျဖစ္ေအာင္ကစားႏိုင္တာေၾကာင့္

ပထမပိုင္းတစ္ပိုင္းလုံး ရပ္ရွ္ဖို႔ဒ္ ဘာမွ မယ္မယ္ရရ မလုပ္ျပႏိုင္ခဲ့ဘူး။

ဒီၾကားထဲ ဆန္ခ်ိဳနဲ႔ ဗက္ေဟာ့တ္တို႔က ဘယ္လိုမွ သုံးစားမရတာေၾကာင့္

ယူႏိုက္တက္တိုက္စစ္ Frame တစ္ခုလုံးက ခ်ိတ္ဆက္မႈ အားနည္းၿပီး
ပြဲအစပိုင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ေလာက္က လြဲရင္
ပထမပိုင္းမွာ အပိုင္အခြင့္အေရး သိပ္မရခဲ့ပါဘူး။

ဘာစီလိုနာအသင္းကလည္း ခံစစ္ကစားပုံေကာင္းေပမယ့္ တိုက္စစ္မွာေတာ့
ဆာဂ်ီေရာ္ဘတ္တို၊ ရာဖင္ဟာတို႔ဟာ လီဝန္ေဒါစကီးအတြက္ ပံ့ပိုးမႈ
မလုပ္ႏိုင္တဲ့အတြက္ ပထမပိုင္းအတြင္း လီဝန္ေဒါစကီးရဲ႕ ပယ္နယ္တီ
တစ္ႀကိမ္သာ ဂိုးေပါက္တည့္မႈရွိခဲ့တယ္။

ဒီပယ္နယ္တီကေတာ့ ျပင္သစ္လူမ်ိဳးဒိုင္လူႀကီး တာပင္ရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့
ဆုံးျဖတ္ခ်က္ေၾကာင့္ေပးလိုက္ရတာလို႔ ေျပာရမယ္။ ပြဲခ်ိန္(၁၈)မိနစ္မွာ

ၿပိဳင္ဘက္ေနာက္ခံလူ ဘယ္လ္ဒီကို ဘ႐ူႏိုဖာနန္ဒက္စ္ ဆြဲလွဲခဲ့တယ္လို႔ ဒိုင္လူႀကီးနဲ႔
VAR က ယူဆၿပီး ပယ္နယ္တီေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အဲရစ္တန္ဟက္က ဗက္ေဟာ့တ္ကို ထုတ္ၿပီး ဒဏ္ရာက
ျပန္သက္သာလာတဲ့ အန္တိုနီကို လူစားဝင္ကစားေစတာက မွန္ကန္တဲ့
ဆုံးျဖတ္ခ်က္ျဖစ္သလို ယူႏိုက္တက္တိုက္စစ္က ပထမပိုင္းကထက္
ပိုေကာင္းလာခဲ့တယ္။

ဒုတိယပိုင္းစလို႔ မိနစ္ပိုင္းအၾကာမွာပဲ ဘ႐ူႏိုဖာနန္ဒက္စ္ ထိုးေပးလိုက္တာကို
ဖရက္ဒ္က ဆြဲယူၿပီးေတာ့ ညာေျခနဲ႔ အပိုင္ကန္ၿပီး ယူႏိုက္တက္အတြက္
ေခ်ပဂိုးသြင္းခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ယူႏိုက္တက္ရဲ႕ အေကာင္းဆုံး

ကစားသမားက ဖရက္ဒ္ျဖစ္ၿပီး Box To Box ကို လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔
ကစားသြားႏိုင္ခဲ့တယ္။

ယူႏိုက္တက္အတြက္ ဒုတိယဂိုးကို (၇၃)မိနစ္မွာ ဖရက္ဒ္ရဲ႕ ကန္ခ်က္
ျပန္ထြက္လာတာကေန အန္တိုနီက သူ႔ထုံးစံအတိုင္းပဲ ဘယ္ေျခနဲ႔ကန္သြင္းခဲ့တာ
ျဖစ္ပါတယ္။ ပြဲအၿပီးမွာ ယူႏိုက္တက္တို႔ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဘာစီလိုနာ
အသင္းရဲ႕ ၿပိဳင္ပြဲစုံ(၁၈)ပြဲဆက္တိုက္ ရႈံးပြဲမရွိမွတ္တမ္းကို အဆုံးသတ္ႏိုင္ခဲ့သလို
ရႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခြင့္ရရွိသြားပါတယ္။