ဖခင်ဖြစ်သူ ရော်နယ်လ်ဒင်ဟိုရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်အောင်လို့ ဘာစီလိုနာအကယ်ဒမီကို ရောက်လာမယ့် ယာအိုမန်ဒက်စ်

ဘရာဇီးလ်နဲ့ ဘာစီလိုနာဂန္ထဝင်ကစားသမားကြီး ရော်နယ်လ်ဒင်ဟိုရဲ့

သားဖြစ်သူ ယာအိုမန်ဒက်စ် ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်
လာမာစီယာအကယ်ဒမီကို ပြောင်းရွှေ့ခွင့်ရဖို့ နီးစပ်နေပါပြီ။

အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်သူ ရော်နယ်လ်ဒင်ဟိုဟာ
ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ဘာစီလိုနာနဲ့အတူ
ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ၂၀၀၃ ကနေ ၂၀၀၈ ခုနှစ်အတွင်း

ပွဲပေါင်း (၂၀၇)ပွဲကစား၊ (၉၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု အကြိမ်ပေါင်း
(၇၀)ပြုလုပ်ခဲ့သလို လာလီဂါ (၂)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်နဲ့
တစ်ဦးချင်းအောင်မြင်မှုအဖြစ် Ballon d’Or ဆု၊ ဖီဖာကမ္ဘာ့အကောင်းဆုံး
ကစားသမားဆုတွေ ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒင်ဟိုဟာ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံ
ရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့သလို အခု သူ့သားဖြစ်တဲ့ ယာအိုမန်ဒက်စ်ကလည်း

အဖေ့ခြေရာကို လိုက်နင်းနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းအဖြစ် လာမာစီယာ
အကယ်ဒမီမှာ အစမ်းလေ့ကျင့်ခန်းဆင်းခွင့်ရရှိသွားပြီဖြစ်တယ်လို့ ESPN
သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက်(၁၇)နှစ်သာရှိသေးတဲ့ ယာအိုမန်ဒက်စ်ဟာ တိုက်စစ်မှူးအဖြစ်
ကစားနေတာဖြစ်ပြီး,ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလတုန်းက (၄)ရာသီကြာ
ကစားခဲ့တဲ့ ခရူဇီယိုအသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။

ကလပ်လက်မဲ့ဘဝနဲ့ (၁)နှစ်နီးပါး ဖြတ်သန်းခဲ့ပြီးတဲ့နောက် ယာအိုမန်ဒက်စ်ဟာ
အခု ဇန်နဝါရီလအတွင်း လာမာစီယာအကယ်ဒမီမှာ အစမ်းလေ့ကျင့်ခန်းဆင်
းခွင့်ရရှိခဲ့ပြီး တကယ်လို့ ကျေနပ်စရာ စွမ်းဆောင်ရည်ပြသနိုင်မယ်ဆိုရင်

ဘာစီလိုနာလူငယ်အသင်းနဲ့ စာချုပ်,ချုပ်ခွင့်ရမှာဖြစ်ပါတယ်။

[Zawgyi]

ဘရာဇီးလ္နဲ႔ ဘာစီလိုနာဂႏၴဝင္ကစားသမားႀကီး ေရာ္နယ္လ္ဒင္ဟိုရဲ႕

သားျဖစ္သူ ယာအိုမန္ဒက္စ္ ဘာစီလိုနာအသင္းရဲ႕ နာမည္ေက်ာ္
လာမာစီယာအကယ္ဒမီကို ေျပာင္းေ႐ႊ႕ခြင့္ရဖို႔ နီးစပ္ေနပါၿပီ။

အသက္(၄၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေရာ္နယ္လ္ဒင္ဟိုဟာ
ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝမွာ ဘာစီလိုနာနဲ႔အတူ
ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ၿပီး ၂၀၀၃ ကေန ၂၀၀၈ ခုႏွစ္အတြင္း

ပြဲေပါင္း (၂၀၇)ပြဲကစား၊ (၉၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ အႀကိမ္ေပါင္း
(၇၀)ျပဳလုပ္ခဲ့သလို လာလီဂါ (၂)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္နဲ႔
တစ္ဦးခ်င္းေအာင္ျမင္မႈအျဖစ္ Ballon d’Or ဆု၊ ဖီဖာကမာၻ႔အေကာင္းဆုံး
ကစားသမားဆုေတြ ရယူႏိုင္ခဲ့ပါတယ္။

ေရာ္နယ္လ္ဒင္ဟိုဟာ ဘာစီလိုနာအသင္းရဲ႕ ဂႏၴဝင္တစ္ဦးအျဖစ္ သတ္မွတ္ခံ
ရတဲ့အထိ စြမ္းေဆာင္ႏိုင္ခဲ့သလို အခု သူ႔သားျဖစ္တဲ့ ယာအိုမန္ဒက္စ္ကလည္း

အေဖ့ေျခရာကို လိုက္နင္းႏိုင္ဖို႔အတြက္ ပထမဆုံးေျခလွမ္းအျဖစ္ လာမာစီယာ
အကယ္ဒမီမွာ အစမ္းေလ့က်င့္ခန္းဆင္းခြင့္ရရွိသြားၿပီျဖစ္တယ္လို႔ ESPN
သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အသက္(၁၇)ႏွစ္သာရွိေသးတဲ့ ယာအိုမန္ဒက္စ္ဟာ တိုက္စစ္မႉးအျဖစ္
ကစားေနတာျဖစ္ၿပီး,ၿပီးခဲ့တဲ့ႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက (၄)ရာသီၾကာ
ကစားခဲ့တဲ့ ခ႐ူဇီယိုအသင္းနဲ႔ လမ္းခြဲခဲ့ပါတယ္။

ကလပ္လက္မဲ့ဘဝနဲ႔ (၁)ႏွစ္နီးပါး ျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ ယာအိုမန္ဒက္စ္ဟာ
အခု ဇန္နဝါရီလအတြင္း လာမာစီယာအကယ္ဒမီမွာ အစမ္းေလ့က်င့္ခန္းဆင္
းခြင့္ရရွိခဲ့ၿပီး တကယ္လို႔ ေက်နပ္စရာ စြမ္းေဆာင္ရည္ျပသႏိုင္မယ္ဆိုရင္

ဘာစီလိုနာလူငယ္အသင္းနဲ႔ စာခ်ဳပ္,ခ်ဳပ္ခြင့္ရမွာျဖစ္ပါတယ္။