ဖခင်ခြေရာနင်းတော့မယ့် ကိုင်ရွန်နေး ပူးမားကုမ္ပဏီနဲ့ စပွန်ဆာစာချုပ် ချုပ်ဆို

ကစားသမားဘဝနဲ့ကျင်လည်ခဲ့တဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို နည်းပြပြလုပ်ဖို့ ရွန်နေးထွက်ခွာသွားချိန်မှာ သားဖြစ်သူကိုင်ရွန်နေးကလည်း ခြေလှမ်းတွေစိတ်လာပါတယ်။

နာမည်ကျော်ပူးမားကုမ္ပဏီနဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်တာပါ။ အသက် ၁၂ နှစ်သာရှိသေးပေမယ့် မန်ယူအကယ်ဒမီမှာခြေစွမ်းပြနေတဲ့ ကိုင်လေးဟာ

တောက်ပလာမယ့်ကြယ်တစ်ပွင့်ဆိုတာ ပူးမားက ထောက်ခံလိုက်တဲ့သဘောပါပဲ။ ကိုင်ရွန်နေးဟာ ယူနိုက်တက်အကယ်ဒမီမှာ ရော်နယ်ဒိုရဲ့သားဖြစ်သူ ဂျူနီယာရော်နယ်ဒိုနဲ့ တွဲဖက်ကစားနေသူဖြစ်ပါတယ်။

နှစ်ယောက်လုံးက ဘမျိုးဘိုးတူလေးတွေဖြစ်ကြောင်း သက်သေပြနိုင်ကြသူတွေပါ။ ကိုင်ရွန်နေးဟာ ပြီးခဲ့တဲ့ရာသီမှာ သရဲနီ ယူ-၁၂ အသင်းအတွက် ၅၆ ဂိုးအထိ သွင်းပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂိုးသွင်းကောင်းသလို ဖန်တီးရာမှာလည်း ဆရာကျတယ်လို့ ချီးကျူးခံနေရသူပါ။ အသင်းအတွက် သူရဲ့ဂိုးဖန်တီးမှုက ၂၈ ဂိုးရှိနေပါပြီ။ အထူးသဖြင့် ပြီးခဲ့တဲ့အောက်တိုဘာတုန်းက

ပြိုင်ဘက် လီဗာပူးလ်အကယ်ဒမီလေးတွေနဲ့ကစားခဲ့တဲ့ပွဲမှာ ၄ ဂိုးသွင်းပြခဲ့တာဟာ သရဲနီပရိသတ်တွေကို ဟတ်ထိသွားစေခဲ့ပါတယ်။ အခုလို ပူးမားနဲ့စာချုပ်နိုင်ခဲ့တာကို ကိုင်ရွန်နေးက

အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ကလေးပဲရှိသေးလို့တော့ အထင်မသေးပါနဲ့။ ကိုင်ရွန်နေးရဲ့အင်စတာဂရမ်မှာ followers က ၅၅၀၀၀ ရှိပါတယ်။

(zawgyi)

ကစားသမားဘဝနဲ႔က်င္လည္ခဲ့တဲ့ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္ကို နည္းျပျပလုပ္ဖို႔ ႐ြန္ေနးထြက္ခြာသြားခ်ိန္မွာ သားျဖစ္သူကိုင္႐ြန္ေနးကလည္း ေျခလွမ္းေတြစိတ္လာပါတယ္။

နာမည္ေက်ာ္ပူးမားကုမၸဏီနဲ႔ စပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တာပါ။ အသက္ ၁၂ ႏွစ္သာရွိေသးေပမယ့္ မန္ယူအကယ္ဒမီမွာေျခစြမ္းျပေနတဲ့ ကိုင္ေလးဟာ ေတာက္ပလာမယ့္ၾကယ္တစ္ပြင့္ဆိုတာ

ပူးမားက ေထာက္ခံလိုက္တဲ့သေဘာပါပဲ။ ကိုင္႐ြန္ေနးဟာ ယူႏိုက္တက္အကယ္ဒမီမွာ ေရာ္နယ္ဒိုရဲ႕သားျဖစ္သူ ဂ်ဴနီယာေရာ္နယ္ဒိုနဲ႔ တြဲဖက္ကစားေနသူျဖစ္ပါတယ္။

ႏွစ္ေယာက္လုံးက ဘမ်ိဳးဘိုးတူေလးေတြျဖစ္ေၾကာင္း သက္ေသျပႏိုင္ၾကသူေတြပါ။ ကိုင္႐ြန္ေနးဟာ ၿပီးခဲ့တဲ့ရာသီမွာ သရဲနီ ယူ-၁၂ အသင္းအတြက္ ၅၆ ဂိုးအထိ သြင္းေပးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဂိုးသြင္းေကာင္းသလို ဖန္တီးရာမွာလည္း ဆရာက်တယ္လို႔ ခ်ီးက်ဴးခံေနရသူပါ။ အသင္းအတြက္ သူရဲ႕ဂိုးဖန္တီးမႈက ၂၈ ဂိုးရွိေနပါၿပီ။ အထူးသျဖင့္ ၿပီးခဲ့တဲ့ေအာက္တိုဘာတုန္းက

ၿပိဳင္ဘက္ လီဗာပူးလ္အကယ္ဒမီေလးေတြနဲ႔ကစားခဲ့တဲ့ပြဲမွာ ၄ ဂိုးသြင္းျပခဲ့တာဟာ သရဲနီပရိသတ္ေတြကို ဟတ္ထိသြားေစခဲ့ပါတယ္။ အခုလို ပူးမားနဲ႔စာခ်ဳပ္ႏိုင္ခဲ့တာကို ကိုင္႐ြန္ေနးက

အင္စတာဂရမ္မွာ ပို႔စ္တင္ၿပီး ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ကေလးပဲရွိေသးလို႔ေတာ့ အထင္မေသးပါနဲ႔။ ကိုင္႐ြန္ေနးရဲ႕အင္စတာဂရမ္မွာ followers က ၅၅၀၀၀ ရွိပါတယ္။