ပရီးမီးယားလိဂ်ပွဲ ၁၀၀ ကစားပြီးချိန်မှာအမှတ်အများဆုံးရသူအဖြစ်
လာပေါ်တီမှတ်တမ်းဝင်သွားပြီလို့သိရပါတယ်။ စပိန်လက်ရွေးစင်ဖြစ်တဲ့
လာပေါ်တီဟာ ဘန်လေကို ၂-၀ နဲ့နိုင်ခဲ့တဲ့ အဝေးကွင်းပွဲမှာပါဝင်ပြီး
သူ့ရဲ့ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်ကိုကစားခဲ့ရတာပါ။ အသက် ၂၇ နှစ်ရှိတဲ့
လာပေါ်တီဟာပွဲ ၁၀၀ မှာ ၂၅၄ မှတ်အထိရရှိခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ
၂.၅၄ မှတ်ရခဲ့တဲ့နှုန်းထားဖြစ်ခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင် လာပေါ်တီရဲ့
မှတ်တမ်းဟာသိပ်ကောင်းနေပြီး ဒီပွဲ ၁၀၀ မှာရှုံးခဲ့တာ ၁၀ ပွဲဘဲရှိခဲ့ပါတယ်။
သူဟာ ၂၀၁၈ ဇန်နဝါရီက ဘီလ်ဘာအိုအသင်းကနေပြောင်းလာခဲ့သူဖြစ်ပါတယ်။
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလည်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ခြေစွမ်းပြ
နိုင်မှုဟာလည်း လာပေါ်တီ ရဲ့မှတ်တမ်းအတွက်အများကြီးအထောက်အကူ
ဖြစ်စေခဲ့ပါတယ်။ ဒီမှတ်တမ်းရပြီးနောက် လာပေါ်တီကဆိုရှယ်မီဒီယာကနေတစ်ဆင့်
အခုလိုဘဲအောင်ပွဲခံစကားဆိုခဲ့ပါတယ်။ သူက” ပရီးမီးယားလိဂ်ရဲ့ သေးငယ်တဲ့
အစိတ်အပိုင်းအဖြစ်ပါဝင်ပြီး သမိုင်းရေးနိုင်ခဲ့လို့ အရမ်းကိုဂုဏ်ယူရပါတယ်။
ကျွန်တော့်နားမှာရှိနေတဲ့ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတွေသာ
မရှိဘူးဆိုရင် ဒီမှတ်တမ်းလည်းရမှာမဟုတ်ပါဘူး။ ဆက်ပြီးရှေ့ဆက်ကြပါစို့” လို့ဆိုခဲ့ပါတယ်။
မန်စီးတီးပရိသတ်တွေကလည်း လာပေါ်တီအတွက် ကျေနပ်နေပြီး
ဆိုရှယ်မီဒီယာကနေတစ်ဆင့် သူတို့ရဲ့အကောင်းဆုံးသောနောက်ခံလူ၊
ပထမဆုံးနေ့ကတည်းက ခြေစွမ်းပြပြီး လိမ်ညာလို့မရတဲ့ မှတ်တမ်းကိုရရှိခဲ့သူ
အစရှိသဖြင့်ရေးသားခဲ့ကြပါတယ်။ လာပေါ်တီဟာ မန်စီးတီးအသင်းကို
ရောက်လာပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံ ၃ ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်၊
လိဂ်ဖလား ၃ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း တစ်ကြိမ်တို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့် ကစားပြီးချိန် အမှတ်အများဆုံးရရှိသူထိပ်ဆုံး
၁၀ ဦးထဲမှာ မန်ယူနဲ့ လီဗာပူးတို့ကတစ်ဦးစီသာပါဝင်ပြီး ချဲလ်ဆီးနဲ့
မန်စီးတီးကစားသမားတွေက လွှမ်းမိုးထားတာကိုလည်းတွေ့ရပါတယ်။
လာပေါ်တီပြီးရင် အီဒါဆင်၊ ဒရော့ဘာ၊ အလက်ဇန်းဒါးအာနိုးလ်၊ ဗီဒစ်၊
ဂါဘရီယယ်ဂျီးဆပ်၊ ပေါ်လိုဖာရဲရား၊ ပီတာချက်၊ ကာဗယ်လ်ဟိုနဲ့
မက်ခီလီလီတို့အစဉ်လိုက်ရပ်တည်နေပါတယ်။
(တစ်ဦးချင်းရမှတ်ကို ပုံမှာတွဲကြည့်ပါ)
zawgyi
ပွဲ ၁၀၀ ပြည့်ကစားပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ လာပေါ်တီ
Leave a Reply