ပွဲ(၁,၀၀၀)ပြည့်ချိန်မှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကို နှိုင်းယှဉ်ကြည့်မယ် . .

အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီဟာ သြစတြေးလျအသင်းကို

(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်
ဘောလုံးသမားဘ၀ ပွဲ(၁,၀၀၀)ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ပွဲ(၁,၀၀၀)ပြည့်မှာ အမှတ်ရစရာအဖြစ် အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းနိုင်သလို
ပိုပြီးထူးခြားတာက မက်ဆီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဉ်
တစ်ပွဲမှာ ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမား
ဘဝတစ်လျှောက် ဘာစီလိုနာအသင်းအတွက် (၇၇၈)ပွဲ၊ PSG အသင်းအတွက် (၅၃)ပွဲ၊
အာဂျင်တီးနားအသင်းအတွက် (၁၆၉)ပွဲကစားခဲ့ပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့
စီရော်နယ်လ်ဒိုကတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ပွဲ(၁,၀၀၀)ကျော်

ကစားခဲ့ပြီး မက်ဆီက အခုမှ ပွဲ(၁,၀၀၀)ပြည့်မြောက်ခဲ့တာပါ။

အဲဒါကြောင့် ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား (GOAT)နှစ်ဦး

အဖြစ် သတ်မှတ်ခံထားရတ့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ ပွဲ(၁,၀၀၀)ပြည့်မှာ
ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ နှိုင်းယှဉ်ကြည့်ချင်ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမား
ဘဝမှာ စပို့တင်းလစ္စဘွန်းအတွက် (၃၁)ပွဲ၊ မန်ချက်စတာယူနိုက်တက်အသင်းမှာ
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကစားခဲ့တဲ့နှစ်အတွင်း (၃၄၆)ပွဲ၊ ရီးယဲလ်အသင်းအတွက်
(၄၃၈)ပွဲ၊ ဂျူဗင်တပ်စ်အသင်းအတွက် (၁၃၄)ပွဲ၊ ပေါ်တူဂီအသင်းအတွက် (၁၉၄)ပွဲ
ကစားခဲ့ပြီး စုစုပေါင်းပွဲအရေအတွက် (၁,၁၄၃)ပွဲအထိကစားပြီးပါပြီ။

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပွဲ(၁,၀၀၀)ပြည့်ချိန်မှာ စီရော်နယ်လ်ဒိုဟာ သွင်းဂိုး
(၇၂၅)ဂိုး၊ ဂိုးဖန်တီးမှု (၂၁၆)ကြိမ်၊ ဆုဖလားပေါင်း (၃၁)ခုအထိ ရရှိခဲ့ပါတယ်။

မက်ဆီကတော့ ပွဲ(၁,၀၀၀)ပြည့်ချိန်မှာ သွင်းဂိုး(၇၈၉)ဂိုး၊ ဂိုးဖန်တီးမှု(၃၄၈)ကြိမ်၊
ဆုဖလားစုစုပေါင်း (၄၁)ခုအထိရရှိခဲ့တာကြောင့် စီရော်နယ်လ်ဒိုထက်
အစစအရာရာ ပိုသာနေတာ အမှန်ပါပဲ။

[Zawgyi]

အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ၾသစေၾတးလ်အသင္းကို
(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္
ေဘာလုံးသမားဘ၀ ပြဲ(၁,၀၀၀)ျပည့္ခဲ့ၿပီျဖစ္ပါတယ္။

ပြဲ(၁,၀၀၀)ျပည့္မွာ အမွတ္ရစရာအျဖစ္ အာဂ်င္တီးနားအသင္းအတြက္ ဂိုးသြင္းႏိုင္သလို
ပိုၿပီးထူးျခားတာက မက္ဆီရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ရႈံးထြက္အဆင့္ပြဲစဥ္
တစ္ပြဲမွာ ပထမဆုံးအႀကိမ္ ဂိုးသြင္းႏိုင္တဲ့ မွတ္တမ္းေကာင္းကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီရဲ႕ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမား
ဘဝတစ္ေလွ်ာက္ ဘာစီလိုနာအသင္းအတြက္ (၇၇၈)ပြဲ၊ PSG အသင္းအတြက္ (၅၃)ပြဲ၊

အာဂ်င္တီးနားအသင္းအတြက္ (၁၆၉)ပြဲကစားခဲ့ပါတယ္။ သူ႔ရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့
စီေရာ္နယ္လ္ဒိုကေတာ့ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝမွာ ပြဲ(၁,၀၀၀)ေက်ာ္
ကစားခဲ့ၿပီး မက္ဆီက အခုမွ ပြဲ(၁,၀၀၀)ျပည့္ေျမာက္ခဲ့တာပါ။

အဲဒါေၾကာင့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမား (GOAT)ႏွစ္ဦး
အျဖစ္ သတ္မွတ္ခံထားရတ့ မက္ဆီနဲ႔ စီေရာ္နယ္လ္ဒိုတို႔ရဲ႕ ပြဲ(၁,၀၀၀)ျပည့္မွာ
ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္လဲဆိုတာ ႏႈိင္းယွဥ္ၾကည့္ခ်င္ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ပေရာ္ဖက္ရွင္နယ္ကစားသမား
ဘဝမွာ စပို႔တင္းလစၥဘြန္းအတြက္ (၃၁)ပြဲ၊ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ
ပထမအႀကိမ္နဲ႔ ဒုတိယအႀကိမ္ကစားခဲ့တဲ့ႏွစ္အတြင္း (၃၄၆)ပြဲ၊ ရီးယဲလ္အသင္းအတြက္

(၄၃၈)ပြဲ၊ ဂ်ဴဗင္တပ္စ္အသင္းအတြက္ (၁၃၄)ပြဲ၊ ေပၚတူဂီအသင္းအတြက္ (၁၉၄)ပြဲ
ကစားခဲ့ၿပီး စုစုေပါင္းပြဲအေရအတြက္ (၁,၁၄၃)ပြဲအထိကစားၿပီးပါၿပီ။

ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ပြဲ(၁,၀၀၀)ျပည့္ခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ သြင္းဂိုး
(၇၂၅)ဂိုး၊ ဂိုးဖန္တီးမႈ (၂၁၆)ႀကိမ္၊ ဆုဖလားေပါင္း (၃၁)ခုအထိ ရရွိခဲ့ပါတယ္။
မက္ဆီကေတာ့ ပြဲ(၁,၀၀၀)ျပည့္ခ်ိန္မွာ သြင္းဂိုး(၇၈၉)ဂိုး၊ ဂိုးဖန္တီးမႈ(၃၄၈)ႀကိမ္၊
ဆုဖလားစုစုေပါင္း (၄၁)ခုအထိရရွိခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုထက္
အစစအရာရာ ပိုသာေနတာ အမွန္ပါပဲ။