မန်ယူအသင်းနောက်ခံလူဟောင်းအီဗရာဟာ သူ့ရဲ့ပွဲဦးထွက်လက်ဝှေ့ပွဲအတွက်
ကြိုးစားပမ်းစားလေ့ကျင့်နေပါတယ်။ အဲဒီလို လေ့ကျင့်နေတဲ့ ဗီဒီယိုကိုလည်း
ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေအတွက် ပြန်လည်ဝေမျှခဲ့တာပါ။
အဲဒီမန်ယူဂန္ထဝင်ဟာ လာမယ့်ဧပြီ ၃၀ မှာ You Tube နာမည်ကြီး
တစ်ယောက်ဖြစ်တဲ့ ထိုးသတ်မှာဖြစ်ပါတယ်။
သူနဲ့လက်ဝှေ့ထိုးမယ့် အဒမ်ဆာလက်ဟာ ဆိုရှယ်မီဒီယာ influencer
တစ်ယောက်ဖြစ်သလို အရင်ကလည်း လက်ဝှေ့ထိုးဖူးသူပါ။
အသက် ၄၀ အရွယ် အီဗရာဟာ သူကြိုးစားပမ်းစားလေ့ကျင့်နေပုံ ဗီဒီယိုကို
Twitter ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာလည်း caption အနေနဲ့
”ကမ္ဘာတစ်ဝန်းလုံးက လက်ဝှေ့သမားတွေအားလုံးကို အကြီးကြီးလေးစားပါတယ်။
ကျွန်တော်ဟာ လက်ဝှေ့လောကထဲကို နှိမ့်ချစွာနဲ့ ဝင်ရောက်လာတာဖြစ်ပြီး
ဒီအားကစားနည်းအတွက် လေးစားသလို စိတ်လှုပ်ရှားမှုလည်း ဖြစ်ရပါတယ်။
သင်ယူဖို့အတွက် အဆင့်သင့်ပါပဲ”လို့ ရေးထားတာပါ။
အီဗရာဟာ သူ့ရဲ့ပွဲဦးထွက်လက်ဝှေ့ပွဲအတွက် ပြိုင်ဘက်ကို အသေအချာ
စဉ်းစားရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၈ နှစ်အရွယ် ဆာလာကတော့
အီဗရာဟာ ရွေးချယ်မှုမှားသွားပြီလို့ သတိပေးလိုက်ပါတယ်။
အဲဒီအမေရိကန်သားဟာ သရုပ်ပြပွဲမျိုးဆန်တဲ့ ဒီလိုလက်ဝှေ့ပွဲတွေမှာ
၂ ပွဲနိုင်၊ ၁ ပွဲသရေကျထားတာပါ။ အီဗရာဟာ ကစားသမားဘဝက
နားပြီးကတည်းက မန်ယူအကယ်ဒမီမှာ နည်းပြတစ်ယောက်အနေနဲ့
သင်ယူခဲ့ဖူးသလို ရုပ်သံတွေမှာ ပွဲဝေဖန်သုံးသပ်သူလုပ်ခဲ့ပါသေးတယ်။
zawgyi
ပွဲဦးထွက် လက်ဝှေ့ပွဲအတွက် ကြိုးစားပမ်းစား လေ့ကျင့်နေတဲ့ သရဲနီဂန္ထ၀င်
Leave a Reply