ပွဲမပြီးခင် ရော်နယ်ဒိုပြန်သွားတာနဲ့ပတ်သက်ပြီး မန်ယူအသင်းရဲ့ရှင်းလင်းချက် ပေါ့ပျက်ပျက်ဖြစ်နေ

ဗယ်လီကာနိုနဲ့ခြေစမ်းပွဲမပြီးခင် ရော်နယ်ဒိုပြန်သွားတာနဲ့ပတ်သက်ပြီး မန်ယူအသင်းက ရှင်းလင်းလာခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ရာသီကြိုကာလမှာ

သရဲနီတွေအတွက် ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်း ၄၅ မိနစ်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးတာနဲ့ နည်းပြတန်းဟတ်က သူ့ကို ဒိုင်ရယ်လိုနဲ့လူစားလဲခဲ့သလို

အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ ပွဲမပြီးခင် ရော်နယ်ဒိုပြန်သွားတဲ့ပုံတွေလည်း ပျံ့နှံ့လာခဲ့ပါတယ်။ မန်ယူပရိသတ်တွေကတော့ အခုလို မလေးမစား မလုပ်သင့်ဘူးလို့

ချန်ပီယံလိဂ်ကစားချင်တာကြောင့် သူတို့အသင်းကထွက်ချင်နေတဲ့ တိုက်စစ်မှူးကို ဝေဖန်နေကြတာပါ။ မန်ယူအသင်းဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့

အစောပိုင်းမှာငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အကြောင်းပြချက်ပေးလာတယ်လို့ Mirror သတင်းစာက ဖေါ်ပြပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဒီလို

အစောကြီးပြန်သွားတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်တာကြောင့် ပြဿနာမရှိဘူးလို့ ဖြေရှင်းလိုက်တာပါ။ နည်းပြတန်းဟတ်ဟာ ကားလမ်းပိတ်မှာစိုးရိမ်တာကြောင့်

ဒါလော့ဒ်၊ ဒီဂီယာနဲ့ ဘရူနိုတို့ကိုလည်း ပွဲမပြီးခင်ပြန်လွှတ်ခဲ့တာဆိုပြီး အတည်မပြုနိုင်တဲ့သတင်းတွေလည်း ထွက်နေပါတယ်။ ဒါပေမဲ့ သရဲနီပရိသတ်တွေအတွက်တော့ ကျေနပ်စရာအကြောင်းပြချက်တွေ မဟုတ်သေးပါဘူး။

(zawgyi)

ဗယ္လီကာႏိုနဲ႔ေျခစမ္းပြဲမၿပီးခင္ ေရာ္နယ္ဒိုျပန္သြားတာနဲ႔ပတ္သက္ၿပီး မန္ယူအသင္းက ရွင္းလင္းလာခဲ့ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးဟာ ရာသီႀကိဳကာလမွာ

သရဲနီေတြအတြက္ ပထမဆုံးအႀကိမ္အျဖစ္ ပထမပိုင္း ၄၅ မိနစ္ကစားခဲ့ပါတယ္။ ဒါေပမဲ့ ပထမပိုင္းၿပီးတာနဲ႔ နည္းျပတန္းဟတ္က သူ႔ကို ဒိုင္ရယ္လိုနဲ႔လူစားလဲခဲ့သလို

အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကေန ပြဲမၿပီးခင္ ေရာ္နယ္ဒိုျပန္သြားတဲ့ပုံေတြလည္း ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ မန္ယူပရိသတ္ေတြကေတာ့ အခုလို မေလးမစား မလုပ္သင့္ဘူးလို႔

ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ သူတို႔အသင္းကထြက္ခ်င္ေနတဲ့ တိုက္စစ္မႉးကို ေဝဖန္ေနၾကတာပါ။ မန္ယူအသင္းဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ အေစာပိုင္းမွာျငင္းဆန္ခဲ့ေပမယ့္

လက္ရွိအခ်ိန္မွာေတာ့ အေၾကာင္းျပခ်က္ေပးလာတယ္လို႔ Mirror သတင္းစာက ေဖၚျပပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ ဒီလို အေစာႀကီးျပန္သြားတဲ့ ကစားသမားေတြထဲက

တစ္ေယာက္ျဖစ္တာေၾကာင့္ ျပႆနာမရွိဘူးလို႔ ေျဖရွင္းလိုက္တာပါ။ နည္းျပတန္းဟတ္ဟာ ကားလမ္းပိတ္မွာစိုးရိမ္တာေၾကာင့္ ဒါေလာ့ဒ္၊ ဒီဂီယာနဲ႔ ဘ႐ူႏိုတို႔ကိုလည္း

ပြဲမၿပီးခင္ျပန္လႊတ္ခဲ့တာဆိုၿပီး အတည္မျပဳႏိုင္တဲ့သတင္းေတြလည္း ထြက္ေနပါတယ္။ ဒါေပမဲ့ သရဲနီပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာအေၾကာင္းျပခ်က္ေတြ မဟုတ္ေသးပါဘူး။