ပွဲမပြီးခင် ပြန်ကြွသွားတဲ့ ဘုရင်ကြီးရော်နယ်ဒိုကို မန်ယူပရိသတ်တွေ တင်းပြီလေ

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အတွက် သူ့ရဲ့ရာသီကြိုပထမဆုံးပွဲစဉ်အဖြစ် ဗယ်လီကာနိုနဲ့ခြေစမ်းပွဲမှာ ပါဝင်ကစားသွားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ဒိုင်ရယ်လိုနဲ့လူစားလဲခံရတဲ့နောက် သူ အနားမယူခဲ့ပါဘူး။ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ ပြန်သွားခဲ့တာပါ။ @CantonaManc ဆိုတဲ့

တွစ်တာပရိသတ်တစ်ယောက်က ဒါကို မှတ်တမ်းတင်လိုက်နိုင်ပါတယ်။ တနည်းအားဖြင့် ပွဲသိမ်းခရာမမှုတ်ခင် အိပ်မက်ကဇာတ်ခုံကနေ အသာလစ်သွားခဲ့တဲ့ရော်နယ်ဒို

လူမိသွားခဲ့တာပါ။ အဲဒီပရိသတ်ကပဲ “ နောက်ဆုံးခရာသံကိုတောင် မစောင့်တော့ပါဘူး ” လို့ ရေးသားပြီး ပုံနဲ့တွဲတင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူ့ပို့စ်မှာပဲ

“ ဘုရင်ကြီးကြွသွားပြီ ” လို့ မှတ်ချက်ပေး ဖြေကြားခဲ့ပါသေးတယ်။ ဒီပို့စ်ဟာ တွစ်တာမှာ ခဏလေးနဲ့ပျံ့နှံ့သွားခဲ့တဲ့နောက် သရဲနီပရိသတ်တွေရဲ့ ကောင်းချီးပေးသံတွေ

ညံလာပါတော့တယ်။ အများစုကတော့ ပေါ်တူဂီတိုက်စစ်မှူးကို လှောင်ပြောင်ဝေဖန်ကြတာဖြစ်ပြီး ခပ်ရိုင်းရိုင်းမှတ်ချက်ပေးသူတွေလည်း ဒုနဲ့ဒေးပါပဲ။

ကံဆိုးချင်တော့ ၁ ဂိုးစီသရေကျခဲ့တဲ့ဒီပွဲမှာ ရော်နယ်ဒိုအစားဝင်လာတဲ့ ဒိုင်ရယ်လိုက မန်ယူအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါပဲ။ ပထမပိုင်းပြီးတာနဲ့ နည်းပြတန်းဟတ်

လူစားလဲခဲ့တဲ့ကစားသမားက ရော်နယ်ဒိုတစ်ဦးတည်းဖြစ်ခဲ့တာကြောင့် ရွှေဘောလုံးဆု ၅ ထပ်ကွမ်းရှင် စိတ်ခုသွားတာလားတော့ မဆိုနိုင်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာချင်နေတဲ့ သူ့အကြောင်းက ပိုပြီး ဇာတ်ရှိန်မြင့်လာဖို့ရှိနေပါတယ်။

(zawgyi)

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ သူ႔ရဲ႕ရာသီႀကိဳပထမဆုံးပြဲစဥ္အျဖစ္ ဗယ္လီကာႏိုနဲ႔ေျခစမ္းပြဲမွာ ပါဝင္ကစားသြားခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ဒိုင္ရယ္လိုနဲ႔လူစားလဲခံရတဲ့ေနာက္ သူ အနားမယူခဲ့ပါဘူး။ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကေန ျပန္သြားခဲ့တာပါ။ @CantonaManc ဆိုတဲ့

တြစ္တာပရိသတ္တစ္ေယာက္က ဒါကို မွတ္တမ္းတင္လိုက္ႏိုင္ပါတယ္။ တနည္းအားျဖင့္ ပြဲသိမ္းခရာမမႈတ္ခင္ အိပ္မက္ကဇာတ္ခုံကေန အသာလစ္သြားခဲ့တဲ့ေရာ္နယ္ဒို

လူမိသြားခဲ့တာပါ။ အဲဒီပရိသတ္ကပဲ “ ေနာက္ဆုံးခရာသံကိုေတာင္ မေစာင့္ေတာ့ပါဘူး ” လို႔ ေရးသားၿပီး ပုံနဲ႔တြဲတင္ခဲ့တာျဖစ္ပါတယ္။ ၿပီးေတာ့ သူ႔ပို႔စ္မွာပဲ

“ ဘုရင္ႀကီးႂကြသြားၿပီ ” လို႔ မွတ္ခ်က္ေပး ေျဖၾကားခဲ့ပါေသးတယ္။ ဒီပို႔စ္ဟာ တြစ္တာမွာ ခဏေလးနဲ႔ပ်ံ႕ႏွံ႔သြားခဲ့တဲ့ေနာက္ သရဲနီပရိသတ္ေတြရဲ႕ ေကာင္းခ်ီးေပးသံေတြ

ညံလာပါေတာ့တယ္။ အမ်ားစုကေတာ့ ေပၚတူဂီတိုက္စစ္မႉးကို ေလွာင္ေျပာင္ေဝဖန္ၾကတာျဖစ္ၿပီး ခပ္႐ိုင္း႐ိုင္းမွတ္ခ်က္ေပးသူေတြလည္း ဒုနဲ႔ေဒးပါပဲ။

ကံဆိုးခ်င္ေတာ့ ၁ ဂိုးစီသေရက်ခဲ့တဲ့ဒီပြဲမွာ ေရာ္နယ္ဒိုအစားဝင္လာတဲ့ ဒိုင္ရယ္လိုက မန္ယူအတြက္ ဦးေဆာင္ဂိုးသြင္းေပးခဲ့တာပါပဲ။ ပထမပိုင္းၿပီးတာနဲ႔ နည္းျပတန္းဟတ္

လူစားလဲခဲ့တဲ့ကစားသမားက ေရာ္နယ္ဒိုတစ္ဦးတည္းျဖစ္ခဲ့တာေၾကာင့္ ေ႐ႊေဘာလုံးဆု ၅ ထပ္ကြမ္းရွင္ စိတ္ခုသြားတာလားေတာ့ မဆိုႏိုင္ပါဘူး။ အိုးလ္ထရက္ဖို႔ဒ္ကေနထြက္ခြာခ်င္ေနတဲ့ သူ႔အေၾကာင္းက ပိုၿပီး ဇာတ္ရွိန္ျမင့္လာဖို႔ရွိေနပါတယ္။